မာရက်ဇ်မန်စီးတီးအသင်းမှာ မပျော်မရွှင်ဖြစ်နေတယ်လို့ ဆိုလိုက်တဲ့ အဲလ်ဂျီးရီးယားနည်းပြ

အဲလ်ဂျီးရီးယားနည်းပြ ဒီဂျမဲလ်ဘဲလ်မာဒီ က မာရက်ဇ်ဟာ မန်စီးတီးအသင်းမှာ အထိုင်မကျဖြစ်နေတယ်လို့ ပြောသွားခဲ့ပါတယ်။ နည်းပြကြီးက မာရက်ဇ်ဟာ ဒီရာသီမှာ မန်စီးတီးအသင်း၌ ပုံမှန်ကစားခွင့် ပျောက်ဆုံးနေလို့ စိတ်ရှုပ်နေတယ်လို့ ပြောခဲ့တာဖြစ်ပါတယ်။

သူက “ မာရက်ဇ်ဟာ မန်ချက်စတာမှာ မပျော်မရွှင်ဖြစ်နေပါတယ်။ ဘာကြောင့်လဲဆိုတော့ သူဟာ ပွဲများများကစားခွင့်မရပါဘူး။ ပြီးတော့ သူဟာ အသင်းမှာ ပွဲတိုင်းကစားချင်နေတဲ့ ကစားသမားတစ်ယောက်ပါ။ သူ့ကို အသင်းက ထွက်ခွာပြီး အခြားအသင်းမှာ ကစားလို့ တောင်းဆိုလို့ မပြောနိုင်ပါဘူး။

ဘာကြောင့်လဲဆိုတော့ ကျွန်တော်က သူ့ကိုယ်စားလှယ်မဟုတ်လို့ပါ။ ဒါပေမယ့် အရေးအကြီးဆုံးက သူဟာ နောက်လာမယ့် နိုင်ငံပွဲတွေအတွက် ပုံစံကောင်းရနေဖို့ပါပဲ” လို့ ပြောသွားခဲ့တာဖြစ်ပါတယ်။ စပိန်က သတင်းများရဲ့ ဖော်ပြချက်အရ ရီးရဲလ်မက်ဒရစ်အသင်းကလည်း မာရက်ဇ်ရဲ့ အခြေအနေတွေကို စောင့်ကြည့်နေတယ်လို့ သိရပါတယ်။

မာရက္ဇ္မန္စီးတီးအသင္းမွာ မေပ်ာ္မရႊင္ျဖစ္ေနတယ္လို႔ ဆိုလိုက္တဲ့ အဲလ္ဂ်ီးရီးယားနည္းျပ

အဲလ္ဂ်ီးရီးယားနည္းျပ ဒီဂ်မဲလ္ဘဲလ္မာဒီ က မာရက္ဇ္ဟာ မန္စီးတီးအသင္းမွာ အထိုင္မက်ျဖစ္ေနတယ္လို႔ ေျပာသြားခဲ့ပါတယ္။ နည္းျပႀကီးက မာရက္ဇ္ဟာ ဒီရာသီမွာ မန္စီးတီးအသင္း၌ ပံုမွန္ကစားခြင့္ ေပ်ာက္ဆံုးေနလို႔ စိတ္ရႈပ္ေနတယ္လို႔ ေျပာခဲ့တာျဖစ္ပါတယ္။

သူက “ မာရက္ဇ္ဟာ မန္ခ်က္စတာမွာ မေပ်ာ္မရႊင္ျဖစ္ေနပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ သူဟာ ပြဲမ်ားမ်ားကစားခြင့္မရပါဘူး။ ၿပီးေတာ့ သူဟာ အသင္းမွာ ပြဲတိုင္းကစားခ်င္ေနတဲ့ ကစားသမားတစ္ေယာက္ပါ။ သူ႔ကို အသင္းက ထြက္ခြာၿပီး အျခားအသင္းမွာ ကစားလို႔ ေတာင္းဆိုလို႔ မေျပာႏိုင္ပါဘူး။

ဘာေၾကာင့္လဲဆိုေတာ့ ကၽြန္ေတာ္က သူ႔ကိုယ္စားလွယ္မဟုတ္လို႔ပါ။ ဒါေပမယ့္ အေရးအႀကီးဆံုးက သူဟာ ေနာက္လာမယ့္ ႏိုင္ငံပြဲေတြအတြက္ ပံုစံေကာင္းရေနဖို႔ပါပဲ” လို႔ ေျပာသြားခဲ့တာျဖစ္ပါတယ္။ စပိန္က သတင္းမ်ားရဲ႕ ေဖာ္ျပခ်က္အရ ရီးရဲလ္မက္ဒရစ္အသင္းကလည္း မာရက္ဇ္ရဲ႕ အေျခအေနေတြကို ေစာင့္ၾကည့္ေနတယ္လို႔ သိရပါတယ္။