တိုက်စစ်မှူး ဂါဘရီရယ်လ်ဂျေးဆု ဆီက ဂိုးတွေ ပိုလိုအပ်တယ်လို့ ဆိုလိုက်တဲ့ မန်စီးတီးနည်းပြ ဂွါဒီယိုလာ

မန်စီးတီးနည်းပြ ဂွါဒီယိုလာက အသင်းက ကစားသမားတွေ အနေနဲ့ ဂိုးတွေ သွင်းယူဖို့ လိုအပ်နေပြီလို့ ပြောသွားခဲ့ပါတယ်။ အသင်းရဲ့ အဓိက တိုက်စစ်မှူး ဖြစ်တဲ့ အဂူရိုဟာ ကိုဗစ်ကြောင့် သီးသန့်နေထိုင်ပြီးမှာ အသင်းရဲ့ လေ့ကျင့်ရေးကို မကြာသေးခင်ကမှ ပြန်လည်ရောက်ရှိလာသော်လည်း နည်းပြက အာဂျင်တီးနားသားဟာ ကြံ့ခိုင်မှု မပြည့်ဝသေးလို့ ကစားရန် စောင့်ဆိုင်းရဦးမယ်လို့ ပြောသွားခဲ့တာ ဖြစ်ပါတယ်။

မန်စီးတီးအသင်းရဲ့ နောက်ထပ် တိုက်စစ်မှူးဖြစ်တဲ့ ဂါဘရီရယ်လ်ဂျေးဆုဟာ ဒီရာသီကစားခဲ့တဲ့ ပရီးမီးယားလိဂ် (၁၂) ပွဲမှာ (၃) ဂိုးသာ သွင်းယူပေးထားပြီး ကွင်းလယ်လူ ဂန်ဒိုဂန်က (၇) ဂိုးသွင်းပြီး အများဆုံး ဦးဆောင်နေပါတယ်။

“ ပုံမှန်အားဖြင့် အမှတ်ပေးဇယား ထိပ်ဆုံးမှာ ရပ်တည်သာ ဒါမှမဟုတ် ဖလားတွေကို ရယူမယ်ဆိုရင် အသင်းမှာ ထိပ်တန်းဂိုးသွင်းရှင် (၁) ယောက်သို့မဟုတ် (၂) ယောက်ရှိနေရပါမယ်။ အခု ကျွန်တော်တို့မှာ အဲ့ဒီလိုမျိုးမရှိပါဘူး။ ဒီရာသီမှာ ပြန်ရှိလာနိုင်ဦးမလားဆိုတာလည်း မသိသေးပါဘူး။ ဆာဂျီယိုက မကြာခင် ကြံ့ခိုင်မှု ပြည့်ဝလာမယ်လို့ မျှော်လင့်ပေမယ့် ဂါဘရီရယ်လ်ရဲ့ ပရီးမီးယားလိဂ်က ကိန်းဂဏန်းတွေကို နည်းနေပါတယ်။

ကျွန်တော်တို့အသင်းမှာ ပွဲတိုင်း ကစားသမားတွေကို ကျော်ဖြတ်ပြီး ဂိုးသွင်းယူနိုင်တဲ့ ကစားသမား မရှိပါဘူး။ ပွဲတစ်ပွဲအတွင်းမှာ ကစားသမား တစ်ယောက်က (၂) ဂိုးလောက် သွင်းဖို့ဆိုတာ အရမ်းကို ခက်ခဲနေပါတယ်။ ကျွန်တော်တို့မှာ အဲ့ဒီလို အရည်အသွေးမရှိပါဘူး” လို့ ဂါွဒီယိုလာက ဗုဒ္ဓဟူးနေ့ ဘန်လေအသင်းနဲ့ ကစားမယ့် ပွဲမတိုင်မီ ပြောသွားခဲ့တာ ဖြစ်ပါတယ်။

တိုက္စစ္မွဴး ဂါဘရီရယ္လ္ေဂ်းဆု ဆီက ဂိုးေတြ ပိုလိုအပ္တယ္လို႔ ဆိုလိုက္တဲ့ မန္စီးတီးနည္းျပ ဂြါဒီယိုလာ

မန္စီးတီးနည္းျပ ဂြါဒီယိုလာက အသင္းက ကစားသမားေတြ အေနနဲ႔ ဂိုးေတြ သြင္းယူဖို႔ လိုအပ္ေနၿပီလို႔ ေျပာသြားခဲ့ပါတယ္။ အသင္းရဲ႕ အဓိက တိုက္စစ္မွဴး ျဖစ္တဲ့ အဂူ႐ိုဟာ ကိုဗစ္ေၾကာင့္ သီးသန္႔ေနထိုင္ၿပီးမွာ အသင္းရဲ႕ ေလ့က်င့္ေရးကို မၾကာေသးခင္ကမွ ျပန္လည္ေရာက္ရွိလာေသာ္လည္း နည္းျပက အာဂ်င္တီးနားသားဟာ ၾကံ့ခိုင္မႈ မျပည့္၀ေသးလို႔ ကစားရန္ ေစာင့္ဆိုင္းရဦးမယ္လို႔ ေျပာသြားခဲ့တာ ျဖစ္ပါတယ္။

မန္စီးတီးအသင္းရဲ႕ ေနာက္ထပ္ တိုက္စစ္မွဴးျဖစ္တဲ့ ဂါဘရီရယ္လ္ေဂ်းဆုဟာ ဒီရာသီကစားခဲ့တဲ့ ပရီးမီးယားလိဂ္ (၁၂) ပြဲမွာ (၃) ဂိုးသာ သြင္းယူေပးထားၿပီး ကြင္းလယ္လူ ဂန္ဒိုဂန္က (၇) ဂိုးသြင္းၿပီး အမ်ားဆံုး ဦးေဆာင္ေနပါတယ္။

“ ပံုမွန္အားျဖင့္ အမွတ္ေပးဇယား ထိပ္ဆံုးမွာ ရပ္တည္သာ ဒါမွမဟုတ္ ဖလားေတြကို ရယူမယ္ဆိုရင္ အသင္းမွာ ထိပ္တန္းဂိုးသြင္းရွင္ (၁) ေယာက္သို႔မဟုတ္ (၂) ေယာက္ရွိေနရပါမယ္။ အခု ကၽြန္ေတာ္တို႔မွာ အဲ့ဒီလိုမ်ိဳးမရွိပါဘူး။ ဒီရာသီမွာ ျပန္ရွိလာႏိုင္ဦးမလားဆိုတာလည္း မသိေသးပါဘူး။ ဆာဂ်ီယိုက မၾကာခင္ ၾကံ့ခိုင္မႈ ျပည့္၀လာမယ္လို႔ ေမွ်ာ္လင့္ေပမယ့္ ဂါဘရီရယ္လ္ရဲ ႕ ပရီးမီးယားလိဂ္က ကိန္းဂဏန္းေတြကို နည္းေနပါတယ္။

ကၽြန္ေတာ္တို႔အသင္းမွာ ပြဲတိုင္း ကစားသမားေတြကို ေက်ာ္ျဖတ္ၿပီး ဂိုးသြင္းယူႏိုင္တဲ့ ကစားသမား မရွိပါဘူး။ ပြဲတစ္ပြဲအတြင္းမွာ ကစားသမား တစ္ေယာက္က (၂) ဂိုးေလာက္ သြင္းဖို႔ဆိုတာ အရမး္ကို ခက္ခဲေနပါတယ္။ ကၽြန္ေတာ္တို႔မွာ အဲ့ဒီလို အရည္အေသြးမရွိပါဘူး” လို႔ ဂါြဒီယိုလာက ဗုဒၶဟူးေန႔ ဘန္ေလအသင္းနဲ႔ ကစားမယ့္ ပြဲမတိုင္မီ ေျပာသြားခဲ့တာ ျဖစ္ပါတယ္။