ပြိုင်ဘက်တွေကို အနိုင်ယူရတာ စွဲလမ်းနေပြီလို့ ဆိုလိုက်တဲ့ မန်စီးတီးနည်းပြ ဂွါဒီယိုလာ

မန်စီးတီးနည်းပြ ဂွါဒီယိုလာက သူဟာ အနိုင်ယူရတာကို စွဲလမ်းနေပြီလို့ ပြောသွားခဲ့ပါတယ်။ ပြီးခဲ့တဲ့အပတ်က နည်းပြဘဝနိုင်ပွဲ (၅၀၀) ပြည့်ပွဲကို ရရှိခဲ့တဲ့ နည်းပြကြီးဟာ သူ့ရဲ့ တတိယမြောက် ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးဖို့ ဟန်ပြင်နေပြီဖြစ်ပါတယ်။ ဂွါဒီယိုလာဟာ ဘာစီလိုနာ (ခ) အသင်းနဲ့ နည်းပြလောက ကို ၂၀၀၇ ခုနှစ်တုန်းက စတင်ဝင်ရောက်ခဲ့သူဖြစ်ပြီး ထိပ်တန်းအဆင့်မှာ ရပ်တည်နေနိုင်ဆဲပါ။

“ အနိုင်ရတဲ့အခါ အဲ့ဒါက အရမ်းကို စွဲလမ်းတတ်ပါတယ်။ နောက်ထပ် နောက်ထပ်တွေ အနိုင်ယူချင်စိတ် ဖြစ်နေပါတယ်။ အနိုင်ရတဲ့အခါ ခံစားရတာလည်း ပိုကောင်းပါတယ်။ အမှတ်ပေးဖလားတွေ ရလာတဲ့အခါမှာတော့ ပိုပြီး လိုချင်တပ်မက်လာလေပါပဲ။ အဲ့ဒါတွေက စတာပါ။ ကျွန်တော် ပွဲတစ်ပွဲကို ရှုံးနိုင်တဲ့အခါ အဲ့ဒီခံစားချက်တွေကို ရချင်ပါတယ်။ အဲ့ဒါက ခင်ဗျားကိုမောင်းနှင်စေပါတယ်။ ပွဲတစ်ပွဲကို ရှုံးတဲ့အခါ မလုံခြုံမှု နဲ့ ကြောက်ရွံ့မှုတွေ ဖြစ်ပေါ်လာပါတယ်။

လူတိုင်းက အတူတူပါပဲ၊ အနိုင်ရတဲ့အခါ ဘာလို့ ရပ်တန့်လိုမရတာလဲဆိုတော့ အဲ့ဒါက အဲ့ဒီလို ဖြစ်လာတာပါ။ ကစားသမားတွေအတွက်လည်း ပြိုင်ဘက်မရှိဖြစ်စေပါတယ်။ နည်းပြက နည်းပေါင်းစုံနဲ့ အောင်ပွဲခံလို့ရပါတယ်။ မိနစ် (၉၀) အတွင်းမှာ အော်လို့ရပြီး လက်သီးလက်မောင်းတွေကိုလည်း တန်းလို့ရပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ လွှမ်းမိုးမှုလည်းနည်းနည်းတော့ ပါပါတယ်” လို့ ဂွါဒီယိုလာက ပြောသွားခဲ့တာဖြစ်ပါတယ်။

ၿပိဳင္ဘက္ေတြကို အႏိုင္ယူရတာ စြဲလမ္းေနၿပီလို႔ ဆိုလိုက္တဲ့ မန္စီးတီးနည္းျပ ဂြါဒီယိုလာ

မန္စီးတီးနည္းျပ ဂြါဒီယိုလာက သူဟာ အႏိုင္ယူရတာကို စြဲလမ္းေနၿပီလို႔ ေျပာသြားခဲ့ပါတယ္။ ၿပီးခဲ့တဲ့အပတ္က နည္းျပဘ၀ႏိုင္ပြဲ (၅၀၀) ျပည့္ပြဲကို ရရွိခဲ့တဲ့ နည္းျပႀကီးဟာ သူ႔ရဲ႕ တတိယေျမာက္ ပရီးမီးယားလိဂ္ဖလားကို ဆြတ္ခူးဖို႔ ဟန္ျပင္ေနၿပီျဖစ္ပါတယ္။ ဂြါဒီယိုလာဟာ ဘာစီလိုနာ (ခ) အသင္းနဲ႔ နည္းျပေလာက ကို ၂၀၀၇ ခုႏွစ္တုန္းက စတင္၀င္ေရာက္ခဲ့သူျဖစ္ၿပီး ထိပ္တန္းအဆင့္မွာ ရပ္တည္ေနႏိုင္ဆဲပါ။

“ အႏိုင္ရတဲ့အခါ အဲ့ဒါက အရမ္းကို စြဲလမ္းတတ္ပါတယ္။ ေနာက္ထပ္ ေနာက္ထပ္ေတြ အႏိုင္ယူခ်င္စိတ္ ျဖစ္ေနပါတယ္။ အႏိုင္ရတဲ့အခါ ခံစားရတာလည္း ပိုေကာင္းပါတယ္။ အမွတ္ေပးဖလားေတြ ရလာတဲ့အခါမွာေတာ့ ပိုၿပီး လိုခ်င္တပ္မက္လာေလပါပဲ။ အဲ့ဒါေတြက စတာပါ။ ကၽြန္ေတာ္ ပြဲတစ္ပြဲကို ရႈံးႏိုင္တဲ့အခါ အဲ့ဒီခံစားခ်က္ေတြကို ရခ်င္ပါတယ္။ အဲ့ဒါက ခင္ဗ်ားကိုေမာင္းႏွင္ေစပါတယ္။ ပြဲတစ္ပြဲကို ရႈံးတဲ့အခါ မလံုျခံဳမႈ နဲ႔ ေၾကာက္ရြံ႕မႈေတြ ျဖစ္ေပၚလာပါတယ္။

လူတိုင္းက အတူတူပါပဲ၊ အႏိုင္ရတဲ့အခါ ဘာလို႔ ရပ္တန္႔လိုမရတာလဲဆိုေတာ့ အဲ့ဒါက အဲ့ဒီလို ျဖစ္လာတာပါ။ ကစားသမားေတြအတြက္လည္း ၿပိဳင္ဘက္မရွိျဖစ္ေစပါတယ္။ နည္းျပက နည္းေပါင္းစံုနဲ႔ ေအာင္ပြဲခံလို႔ရပါတယ္။ မိနစ္ (၉၀) အတြင္းမွာ ေအာ္လို႔ရၿပီး လက္သီးလက္ေမာင္းေတြကိုလည္း တန္းလို႔ရပါတယ္။ ဒါေပမယ့္ ကၽြန္ေတာ္တို႔ရဲ႕ လႊမ္းမိုးမႈလည္းနညး္နည္းေတာ့ ပါပါတယ္” လို႔ ဂြါဒီယိုလာက ေျပာသြားခဲ့တာျဖစ္ပါတယ္။