ကျွန်တော်တို့ရဲ့ ပထမပိုင်းကစားပုံက (၃) ဂိုး (၄) ဂိုးလောက ်သွင်းထားနိုင်သင့်တယ်လို့ ဆိုလိုက်တဲ့ အာဆင်နယ်နည်းပြ အာတီတာ

အာဆင်နယ်နည်းပြ အာတီတာက ဝုလ်ဗ်အသင်းကို ရှုံးခဲ့တဲ့ပွဲတုန်းက သူ့အသင်းရဲ့ စိတ်ဓာတ်ပိုင်းကို စိတ်ပျက်နေတာဖြစ်ပါတယ်။ အာဆင်နယ်အသင်းဟာ ပွဲကို (၁-ဝ) နဲ့ ဦးဆောင်နေပေမယ့် ဒေးဗစ်လုဇ်ရဲ့ အနီကတ်နဲ့အတူ ပင်နယ်တီပြစ်ဒဏ်ဘော ခွင့်ပြုပေးခဲ့ရပါတယ်။ ပင်နယ်တီပြစ်ဒဏ်ဘောမှ တစ်ဆင့် ဝုလ်ဗ်အသင်းက ချေပဂိုးသွင်းယူခဲ့ပြီးနောက် အနိုင်ဂိုးပါ သွင်းယူသွားခဲ့လို့ (၃) မှတ်စလုံး ရယူသွားခဲ့တာ ဖြစ်ပါတယ်။

အာဆင်နယ်အသင်းရဲ့ ဂိုးသမား လီနိုကလည်း အနီကတ်ထိခဲ့လို့ အသင်းဟာ နောက်ပိုင်း (၉) ယောက်တည်းနဲ့ ကစားခဲ့ရပါတယ်။ “ကျွန်တော်တို့ ပထမပိုင်းကစားပုံက ကျွန်တော်တို့အသင်းအနေနဲ့ (၃) ဂိုး (၄) ဂိုးလောက် သွင်းထားနိုင်သင့်တယ်လို့ ကျွန်တော်ထင်ပါတယ်။ ကျွန်တော်တို့ဟာ ပွဲကို တစ်ကယ် လွှမ်းမိုးနိုင်ခဲံပါတယ်။ အခွင့်အရေးကောင်းတွေလည်း ဖန်တီးနိုင်ခဲ့ပေမယ့် ဂိုးမသွင်းနိုင်ခဲ့ပါဘူး။ တိုင်ထိတယ်၊ ဂိုးဘားထိတယ်၊ ဂိုးသမားကလည်း ကာကွယ်မှုတွေ လုပ်သွားပါတယ်။

အဲ့ဒီနောက် ပွဲအလှည့်အပြောင်းအဖြစ် ဒေးဗစ်လုဇ် အထုတ်ခံလိုက်ရပါတယ်။ ပထမပိုင်းမပြီးခင် က (၁-ဝ) ဖြစ်ပြီး ချေပဂိုးပေးလိုက်ရတာနဲ့ တစ်ပြိုင်နက် ကျွန်တော်တို့ မှာ (၁၀) ယောက်ပဲ ကျန်ခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်းကတော့ တောင်ပေါ်ကို တက်ရသလိုပါပဲ။

သူတို့ကို ကျွန်တော်အရမ်းဂုဏ်ယူတယ်လို့ ပြောခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒုတိယပိုင်း သူတို့ကစားပုံက အနိုင်ရလုနီးပါးဖြစ်ပါတယ်။ ဒါဟာ အရမ်းကို ဆန်းကြယ်ပါတယ်။ ပထမပိုင်းအပြီးမှာ ကျွန်တော်တို့ဟာ အသင်းကို ပြန်လည်တည်ဆောက်ပြီး အနိုင်ရဖို့ ကြိုးစားနေဆဲပါ။ (၉) ယောက်ပဲ ကျန်တော့တဲ့အချိန်အထိ သူတို့ကြိုးစားပုံက မယုံနိုင်စရာကောင်းခဲ့ပါတယ်””လို့ အာတီတာက အာဆင်နယ်သတင်းမီဒီယာများကို ပြောသွားခဲ့တာ ဖြစ်ပါတယ်။

ကၽြန္ေတာ္တို႔ရဲ႕ ပထမပိုင္းကစားပံုက (၃) ဂိုး (၄) ဂိုးေလာက ္သြင္းထားႏိုင္သင့္တယ္လို႔ ဆိုလိုက္တဲ့ အာဆင္နယ္နည္းျပ အာတီတာ

အာဆင္နယ္နည္းျပ အာတီတာက ဝုလ္ဗ္အသင္းကို ရႈံးခဲ့တဲ့ပြဲတုန္းက သူ႔အသင္းရဲ႕ စိတ္ဓာတ္ပိုင္းကို စိတ္ပ်က္ေနတာျဖစ္ပါတယ္။ အာဆင္နယ္အသင္းဟာ ပြဲကို (၁-၀) နဲ႔ ဦးေဆာင္ေနေပမယ့္ ေဒးဗစ္လုဇ္ရဲ႕ အနီကတ္နဲ႔အတူ ပင္နယ္တီျပစ္ဒဏ္ေဘာ ခြင့္ျပဳေပးခဲ့ရပါတယ္။ ပင္နယ္တီျပစ္ဒဏ္ေဘာမွ တစ္ဆင့္ ဝုလ္ဗ္အသင္းက ေခ်ပဂိုးသြင္းယူခဲ့ၿပီးေနာက္ အႏိုင္ဂိုးပါ သြင္းယူသြားခဲ့လို႔ (၃) မွတ္စလံုး ရယူသြားခဲ့တာ ျဖစ္ပါတယ္။

အာဆင္နယ္အသင္းရဲ႕ ဂိုးသမား လီႏိုကလည္း အနီကတ္ထိခဲ့လို႔ အသင္းဟာ ေနာက္ပိုင္း (၉) ေယာက္တည္းနဲ႔ ကစားခဲ့ရပါတယ္။ “ကၽြန္ေတာ္တို႔ ပထမပိုင္းကစားပံုက ကၽြန္ေတာ္တို႔အသင္းအေနနဲ႔ (၃) ဂိုး (၄) ဂိုးေလာက္ သြင္းထားႏိုင္သင့္တယ္လို႔ ကၽြန္ေတာ္ထင္ပါတယ္။ ကၽြန္ေတာ္တို႔ဟာ ပြဲကို တစ္ကယ္ လႊမ္းမိုးႏိုင္ခဲံပါတယ္။ အခြင့္အေရးေကာင္းေတြလည္း ဖန္တီးႏိုင္ခဲ့ေပမယ့္ ဂိုးမသြင္းႏိုင္ခဲ့ပါဘူး။ တိုင္ထိတယ္၊ ဂိုးဘားထိတယ္၊ ဂိုးသမားကလည္း ကာကြယ္မႈေတြ လုပ္သြားပါတယ္။

အဲ့ဒီေနာက္ ပြဲအလွည့္အေျပာင္းအျဖစ္ ေဒးဗစ္လုဇ္ အထုတ္ခံလိုက္ရပါတယ္။ ပထမပိုင္းမၿပီးခင္ က (၁-၀) ျဖစ္ၿပီး ေခ်ပဂိုးေပးလိုက္ရတာနဲ႔ တစ္ၿပိဳင္နက္ ကၽြန္ေတာ္တို႔ မွာ (၁၀) ေယာက္ပဲ က်န္ခဲ့ပါတယ္။ အဲ့ဒီေနာက္ပိုင္းကေတာ့ ေတာင္ေပၚကို တက္ရသလိုပါပဲ။

သူတို႔ကို ကၽြန္ေတာ္အရမ္းဂုဏ္ယူတယ္လို႔ ေျပာခဲ့ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ဒုတိယပိုင္း သူတို႔ကစားပံုက အႏိုင္ရလုနီးပါးျဖစ္ပါတယ္။ ဒါဟာ အရမး္ကို ဆန္းၾကယ္ပါတယ္။ ပထမပိုင္းအၿပီးမွာ ကၽြန္ေတာ္တို႔ဟာ အသင္းကို ျပန္လည္တည္ေဆာက္ၿပီး အႏိုင္ရဖို႔ ႀကိဳးစားေနဆဲပါ။ (၉) ေယာက္ပဲ က်န္ေတာ့တဲ့အခ်ိန္အထိ သူတို႔ႀကိဳးစားပံုက မယံုႏိုင္စရာေကာင္းခဲ့ပါတယ္””လို႔ အာတီတာက အာဆင္နယ္သတင္းမီဒီယာမ်ားကို ေျပာသြားခဲ့တာ ျဖစ္ပါတယ္။