နည်းပြသစ်တူချယ်လ်လက်အောက်မှာ ချဲလ်ဆီးအသင်း ချန်ပီယံလိဂ်ဝင်ခွင့် မရနိုင်ဘူးလို့ ဆိုလိုက်တဲ့ စပါးနည်းပြဟောင်း ဟယ်ရီရက်နပ်

စပါးနည်းပြဟောင်း ဟယ်ရီရက်နပ်က ချဲလ်ဆီးအသင်း ချန်ပီယံလိဂ်ဝင်ခွင့်မရနိုင်ဘူးလို့ ပြောသွားခဲ့ပါတယ်။ ချဲလ်ဆီးအသင်းဟာ မကြာသေးခင်ကမှ အသင်းဂန္တဝင်ကစားသမား လမ်းပတ်ကိုင်တွယ်နေတဲ့ အသင်းကို ဂျာမန်လူမျိုးနည်းပြ တူချယ်လ်လက်ထဲ ထည့်အပ်ခဲ့တာဖြစ်ပါတယ်။

နည်းပြသစ်တူချယ်လ်အနေနဲ့ အသင်းကို ချန်ပီယံလိဂ်ဝင်ခွင့် ရမယ့် အဆင့် (၄) အတွင်းဝင်ရောက်ရန် ကြိုးစားရမှာဖြစ်ပေမယ့် ရက်နပ်ကတော့ ဒီရာသီမှာ မဖြစ်နိုင်ဘူးလို့ ထင်နေပါတယ်။

“ပရီးမီးယားလိဂ် အမှတ်ပေးဖလားကို မန်စီးတီး ဒါမှမဟုတ် လီဗာပူးလ်ပဲ သိမ်းပိုက်မှာပါ။ ကျွန်တော်ကတော့ မန်စီးတီးက ရေပန်းအစားဆုံးဖြစ်တယ်လို့ ယူဆပါတယ်။

ကျွန်တော်က လီဗာပူးလ်အသင်းမှာ ကစားခဲ့ဖူးပေမယ့် မန်စီးတီးပဲ ဖြစ်နိုင်တယ်လို့ ထင်ပါတယ်။ အမှတ်ပေးဖလားအတွက် ရေပန်းအစားဆုံးက မန်စီးတီး နဲ့ လီဗာပူးလ်ဖြစ်ပြီး သူ့နောက်မှာ ယူနိုက်တက် နဲ့ စပါးဖြစ်ပါတယ်။ လက်စတာကိုလည်း ကြိုက်ပါတယ်။ နည်းပြ ဘရန်ဒန်ရော်ဂျာက အဲ့ဒီအသင်းကို အံ့အားသင့်စရာကောင်းလောက်အောင် ကိုင်တွယ်နေတာပါ။

အဲ့ဒီအသင်းတွေက ချန်ပီယံလိဂ်ဝင်ခွင့်ကို ရနိုင်တဲ့အသင်းတွေဖြစ်ပါတယ်။ ချဲလ်ဆီးမှာ ကစားသမားကောင်းတွေရှိပေမယ့် ကျွန်တော်ကတော့ ယူနိုက်တက် နဲ့ စပါးအသင်းက အဆင့် (၃) အဆင့် (၄) ရမယ်လို့ ယုံကြည်ပါတယ်” လို့ ဟယ်ရီရက်နပ်က စကိုင်းစပေါ့ သတင်းဌာနကို ပြောသွားခဲ့တာ ဖြစ်ပါတယ်။

နည္းျပသစ္တူခ်ယ္လ္လက္ေအာက္မွာ ခ်ဲလ္ဆီးအသင္း ခ်န္ပီယံလိဂ္၀င္ခြင့္ မရႏိုင္ဘူးလို႔ ဆိုလိုက္တဲ့ စပါးနည္းျပေဟာင္း ဟယ္ရီရက္နပ္

စပါးနည္းျပေဟာင္း ဟယ္ရီရက္နပ္က ခ်ဲလ္ဆီးအသင္း ခ်န္ပီယံလိဂ္၀င္ခြင့္မရႏိုင္ဘူးလို႔ ေျပာသြားခဲ့ပါတယ္။ ခ်ဲလ္ဆီးအသင္းဟာ မၾကာေသးခင္ကမွ အသင္းဂႏၲ၀င္ကစားသမား လမး္ပတ္ကိုင္တြယ္ေနတဲ့ အသင္းကို ဂ်ာမန္လူမ်ိဳးနည္းျပ တူခ်ယ္လ္လက္ထဲ ထည့္အပ္ခဲ့တာျဖစ္ပါတယ္။

နည္းျပသစ္တူခ်ယ္လ္အေနနဲ႔ အသင္းကို ခ်န္ပီယံလိဂ္၀င္ခြင့္ ရမယ့္ အဆင့္ (၄) အတြင္း၀င္ေရာက္ရန္ ႀကိဳးစားရမွာျဖစ္ေပမယ့္ ရက္နပ္ကေတာ့ ဒီရာသီမွာ မျဖစ္ႏိုင္ဘူးလို႔ ထင္ေနပါတယ္။

“ပရီးမီးယားလိဂ္ အမွတ္ေပးဖလားကို မန္စီးတီး ဒါမွမဟုတ္ လီဗာပူးလ္ပဲ သိမ္းပိုက္မွာပါ။ ကၽြန္ေတာ္ကေတာ့ မန္စီးတီးက ေရပန္းအစားဆံုးျဖစ္တယ္လို႔ ယူဆပါတယ္။ ကၽြန္ေတာ္က လီဗာပူးလ္အသင္းမွာ ကစားခဲ့ဖူးေပမယ့္ မန္စီးတီးပဲ ျဖစ္ႏိုင္တယ္လို႔ ထင္ပါတယ္။ အမွတ္ေပးဖလားအတြက္ ေရပန္းအစားဆံုးက မန္စီးတီး နဲ႔ လီဗာပူးလ္ျဖစ္ၿပီး သူ႔ေနာက္မွာ ယူႏိုက္တက္ နဲ႔ စပါးျဖစ္ပါတယ္။ လက္စတာကိုလည္း ႀကိဳက္ပါတယ္။ နည္းျပ ဘရန္ဒန္ေရာ္ဂ်ာက အဲ့ဒီအသင္းကို အံ့အားသင့္စရာေကာင္းေလာက္ေအာင္ ကိုင္တြယ္ေနတာပါ။

အဲ့ဒီအသင္းေတြက ခ်န္ပီယံလိဂ္၀င္ခြင့္ကို ရႏိုင္တဲ့အသင္းေတြျဖစ္ပါတယ္။ ခ်ဲလ္ဆီးမွာ ကစားသမားေကာင္းေတြရွိေပမယ့္ ကၽြန္ေတာ္ကေတာ့ ယူႏိုက္တက္ နဲ႔ စပါးအသင္းက အဆင့္ (၃) အဆင့္ (၄) ရမယ္လို႔ ယံုၾကည္ပါတယ္” လို႔ ဟယ္ရီရက္နပ္က စကိုင္းစေပါ့ သတင္းဌာနကို ေျပာသြားခဲ့တာ ျဖစ္ပါတယ္။