ပိုက်ဆံလိုချင်ရင် ပေါ့ဘာကို ရောင်းချရမှာဖြစ်တယ်လို့ ယူနိုက်တက်ကို သတိပေးခဲ့တဲ့ ပေါ့ဘာရဲ့အကို မာသီးယပ်စ်


ပေါ့ဘာရဲ့အကိုဖြစ်သူ မာသီးယပ်စ်က ယူနိုက်တက်အနေနဲ့ ပိုက်ဆံလိုချင်တယ်ဆိုရင်ဖြင့် ပေါ့ဘာကို ရောင်းချသင့်တယ် လို့ သတိပေးပြောဆိုမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ပေါ့ဘာကို ခေါ်ယူဖို့ ရီးရဲလ်က စိတ်ဝင်စားနေသလို ကစားသ မားကိုယ်တိုင်ကလည်း အသင်းပြောင်းဖို့ အလိုရှိနေတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလတုန်းက ပေါ့ဘာရဲ့ အေးဂျင့်ဖြစ်တဲ့ ရွိုင်အိုလာက သူရဲ့ကစားသမားအနေနဲ့ အသင်းပြောင်းဖို့ ရှိနေတယ်ဆိုပြီး ထုတ်ဖော်ပြောဆိုခဲ့တာ ဖြစ်ပါတယ်။


သတင်းတွေရဲ့ဖော်ပြချက်အရတော့ ပေါ့ဘာရဲ့အကိုဖြစ်တဲ့ မားသီးယပ်စ်က ယူနိုက်တက်အနေနဲ့ ပေါ့ဘာကို ဒီအချိန်မှာ ရောင်းချမှာသာ ငွေကြေးရရှိမှာဖြစ်ပြီး နောက်ကျမှဆိုရင် သူရဲ့ညီ ပေါ့ဘာကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်လွှတ်ရဖို့ ရှိ နေတယ်ဆိုပြီး ယူနိုက်တက်အသင်းတာဝန်ရှိသူတွေကို သတိပေးခဲ့တယ်လို့လည်း သိရပါတယ်။ ယူနိုက်တက်နည်းပြ ဆိုးလ်ရှားကတော့ ပေါ့ဘာကို အသင်းမှာ ဆက်ထိန်းထားနိုင်ဖို့ အတွက် ယုံကြည်နေတယ်လို့လည်း သိရပါတယ်။


စပိန်ကလပ်အသင်းတစ်သင်းဖြစ်တဲ့ မာစီယာအသင်းမှာကစားနေတဲ့ မားသီးယက်စ်က “ ပေါ့ဘာအနေနဲ့ စာချုပ်သက် တမ်း တစ်နှစ်ပဲ ကျန်တော့တယ်လို့ သိရပါတယ်။ သူကို ဘယ်လိုပြောရမယ်ဆိုတာ ကျွန်တော်မသိပါဘူး။ သိတဲ့တစ်ခုက တော့ ယူနိုက်တက်အနေနဲ့ ပေါ့ဘာကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်မလွတ်ချင်ဘူးဆိုရင် အမြန်ဆုံးရောင်းချဖို့ လုပ် ဆောင်ရမှာပဲ ဖြစ်ပါတယ်” လို့ ပြောခဲ့ပါတယ်။

zawgyi version

ပိုက္ဆံလိုခ်င္ရင္ ေပါ့ဘာကို ေရာင္းခ်ရမွာျဖစ္တယ္လို႔ ယူႏိုက္တက္ကို သတိေပးခဲ့တဲ့ ေပါ့ဘာရဲ႕အကို မာသီးယပ္စ္
ေပါ့ဘာရဲ႕အကိုျဖစ္သူ မာသီးယပ္စ္က ယူႏိုက္တက္အေနနဲ႔ ပိုက္ဆံလိုခ်င္တယ္ဆိုရင္ျဖင့္ ေပါ့ဘာကို ေရာင္းခ်သင့္တယ္ လို႔ သတိေပးေျပာဆိုမႈေတြ ျပဳလုပ္ခဲ့တယ္လို႔ သိရပါတယ္။ ေပါ့ဘာကို ေခၚယူဖို႔ ရီးရဲလ္က စိတ္ဝင္စားေနသလို ကစားသ မားကိုယ္တိုင္ကလည္း အသင္းေျပာင္းဖို႔ အလိုရွိေနတာျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ ဒီဇင္ဘာလတုန္းက ေပါ့ဘာရဲ႕ ေအးဂ်င့္ျဖစ္တဲ့ ရြိဳင္အိုလာက သူရဲ႕ကစားသမားအေနနဲ႔ အသင္းေျပာင္းဖို႔ ရွိေနတယ္ဆိုၿပီး ထုတ္ေဖာ္ေျပာဆိုခဲ့တာ ျဖစ္ပါတယ္။
သတင္းေတြရဲ႕ေဖာ္ျပခ်က္အရေတာ့ ေပါ့ဘာရဲ႕အကိုျဖစ္တဲ့ မားသီးယပ္စ္က ယူႏိုက္တက္အေနနဲ႔ ေပါ့ဘာကို ဒီအခ်ိန္မွာ ေရာင္းခ်မွာသာ ေငြေၾကးရရွိမွာျဖစ္ၿပီး ေနာက္က်မွဆိုရင္ သူရဲ႕ညီ ေပါ့ဘာကို အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ လက္လႊတ္ရဖို႔ ရွိ ေနတယ္ဆိုၿပီး ယူႏိုက္တက္အသင္းတာဝန္ရွိသူေတြကို သတိေပးခဲ့တယ္လို႔လည္း သိရပါတယ္။ ယူႏိုက္တက္နည္းျပ ဆိုးလ္ရွားကေတာ့ ေပါ့ဘာကို အသင္းမွာ ဆက္ထိန္းထားႏိုင္ဖို႔ အတြက္ ယံုၾကည္ေနတယ္လို႔လည္း သိရပါတယ္။
စပိန္ကလပ္အသင္းတစ္သင္းျဖစ္တဲ့ မာစီယာအသင္းမွာကစားေနတဲ့ မားသီးယက္စ္က “ ေပါ့ဘာအေနနဲ႔ စာခ်ဳပ္သက္ တမ္း တစ္ႏွစ္ပဲ က်န္ေတာ့တယ္လို႔ သိရပါတယ္။ သူကို ဘယ္လိုေျပာရမယ္ဆိုတာ ကၽြန္ေတာ္မသိပါဘူး။ သိတဲ့တစ္ခုက ေတာ့ ယူႏိုက္တက္အေနနဲ႔ ေပါ့ဘာကို အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ လက္မလြတ္ခ်င္ဘူးဆိုရင္ အျမန္ဆံုးေရာင္းခ်ဖို႔ လုပ္ ေဆာင္ရမွာပဲ ျဖစ္ပါတယ္” လို႔ ေျပာခဲ့ပါတယ္။