ဘရိုက်တန်နဲ့ပွဲမှာ လီဗာပူးအတွက် ဘန်ဒေးဗီးစ် ပါဝင်ကစားနိုင်မှာဖြစ်ပေမယ့် ကာဘတ်အနေနဲ့ ပါနိုင်ဦးမှာမဟုတ်လို့ သိရ


ခံစစ်ပိုင်းအခက်အခဲတွေကြောင့် ဇန်နဝါရီအပြောင်းအရွှေ့နောက်ဆုံးရက်မှာမှ လီဗာပူးအသင်းကခေါ်ယူလိုက်တဲ့နောက်ခံ လူ ဘန်ဒေးဗီးစ်နဲ့ ကာဘတ်တို့ နှစ်ယောက်မှာ ဘန်ဒေးဗီးစ်တစ်ယောက်တည်းသာ ဘရိုက်တန်နဲ့ပွဲမှာပါဝင်ကစားနိုင်မယ် လို့ သိရပါတယ်။ ဘန်ဒေးဗီးစ်က ချန်ပီယံရှစ်ကလပ် ပရက်စတန်က ပြောင်းရွှေ့လာတာကြောင့် ကစားခွင့်ရမှာဖြစ်ပြီး ကာ ဘတ်ကတော့ ရှော်ကေးကနေ ပြောင်းလာတာကြောင့် ကိုဗစ်စည်းမျဉ်းအရ အသင်းအတွက် ကစားနိုင်ဦးမှာ မဟုတ် ကြောင်း သိရပါတယ်။


ဗန်ဒိုက်ခ်နဲ့ ဂိုမက်ဇ်တို့လို အဓိက,ကစားသမားတွေ ဒဏ်ရာရနေချိန်မှာ မာတစ်ပါ ရာသီကုန်အထိ အနားယူရဖို့ ရှိနေတာ ကြောင့် နောက်ခံလူတွေခေါ်ယူခဲ့တာနဲ့ ပတ်သက်ပြီး နည်းပြကလော့ပ်က “ ကာဘတ်က လှပတဲ့အနာဂတ်ရှိနေတဲ့ ကစား သမားတစ်ယောက်ပါ။ ဒေးဗီးစ်ကလည်း အရည်အချင်းရှိတဲ့ ကစားသမားတစ်ယောက်ပါ။ သူတို့နှစ်ယောက်စလုံးဟာ အသင်းကို အကျိုးပြုနိုင်မယ့် ကစားသမားတွေပါ” လို့ ပြောခဲ့ပါတယ်။


လီဗာပူးဟာ ကာဘတ်ကို ရှော်ကေးကနေ အဌားနဲ့ ခေါ်ယူခဲ့တာဖြစ်ပြီး လာမယ့်နွေရာသီကျမှ ပေါင် ၁၈ သန်းနဲ့ အပြီးသတ် ခေါ်ယူနိုင်မှာဖြစ်တယ်လို့လည်း သိရပါတယ်။ ချန်ပီယံရှစ်ကလပ် ပရက်စတန်အသင်းမှာ ကစားနေတယ်ဆိုပေမယ့် ဘန် ဒေးဗီးစ်က အရည်အချင်းရှိသူဖြစ်တာကြောင့် ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲတွေမှာ ကစားဖို့ ထိုက်တန်တဲ့သူ ဖြစ် ကြောင်းလည်း ကလော့ပ် က ပြောခဲ့ပါတယ်။

zawgyi version

ဘ႐ိုက္တန္နဲ႔ပြဲမွာ လီဗာပူးအတြက္ ဘန္ေဒးဗီးစ္ ပါဝင္ကစားႏိုင္မွာျဖစ္ေပမယ့္ ကာဘတ္အေနနဲ႔ ပါႏိုင္ဦးမွာမဟုတ္လို႔ သိရ
ခံစစ္ပိုင္းအခက္အခဲေတြေၾကာင့္ ဇန္နဝါရီအေျပာင္းအေရႊ႕ေနာက္ဆံုးရက္မွာမွ လီဗာပူးအသင္းကေခၚယူလိုက္တဲ့ေနာက္ခံ လူ ဘန္ေဒးဗီးစ္နဲ႔ ကာဘတ္တို႔ ႏွစ္ေယာက္မွာ ဘန္ေဒးဗီးစ္တစ္ေယာက္တည္းသာ ဘ႐ိုက္တန္နဲ႔ပြဲမွာပါဝင္ကစားႏိုင္မယ္ လို႔ သိရပါတယ္။ ဘန္ေဒးဗီးစ္က ခ်န္ပီယံရွစ္ကလပ္ ပရက္စတန္က ေျပာင္းေရႊ႕လာတာေၾကာင့္ ကစားခြင့္ရမွာျဖစ္ၿပီး ကာ ဘတ္ကေတာ့ ေရွာ္ေကးကေန ေျပာင္းလာတာေၾကာင့္ ကိုဗစ္စည္းမ်ဥ္းအရ အသင္းအတြက္ ကစားႏိုင္ဦးမွာ မဟုတ္ ေၾကာင္း သိရပါတယ္။
ဗန္ဒိုက္ခ္နဲ႔ ဂိုမက္ဇ္တို႔လို အဓိက,ကစားသမားေတြ ဒဏ္ရာရေနခ်ိန္မွာ မာတစ္ပါ ရာသီကုန္အထိ အနားယူရဖို႔ ရွိေနတာ ေၾကာင့္ ေနာက္ခံလူေတြေခၚယူခဲ့တာနဲ႔ ပတ္သက္ၿပီး နည္းျပကေလာ့ပ္က “ ကာဘတ္က လွပတဲ့အနာဂတ္ရွိေနတဲ့ ကစား သမားတစ္ေယာက္ပါ။ ေဒးဗီးစ္ကလည္း အရည္အခ်င္းရွိတဲ့ ကစားသမားတစ္ေယာက္ပါ။ သူတို႔ႏွစ္ေယာက္စလံုးဟာ အသင္းကို အက်ိဳးျပဳႏိုင္မယ့္ ကစားသမားေတြပါ” လို႔ ေျပာခဲ့ပါတယ္။
လီဗာပူးဟာ ကာဘတ္ကို ေရွာ္ေကးကေန အဌားနဲ႔ ေခၚယူခဲ့တာျဖစ္ၿပီး လာမယ့္ေႏြရာသီက်မွ ေပါင္ ၁၈ သန္းနဲ႔ အၿပီးသတ္ ေခၚယူႏိုင္မွာျဖစ္တယ္လို႔လည္း သိရပါတယ္။ ခ်န္ပီယံရွစ္ကလပ္ ပရက္စတန္အသင္းမွာ ကစားေနတယ္ဆိုေပမယ့္ ဘန္ ေဒးဗီးစ္က အရည္အခ်င္းရွိသူျဖစ္တာေၾကာင့္ ပရီးမီးယားလိဂ္နဲ႔ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲေတြမွာ ကစားဖို႔ ထိုက္တန္တဲ့သူ ျဖစ္ ေၾကာင္းလည္း ကေလာ့ပ္ က ေျပာခဲ့ပါတယ္။