၁၀ ကြိမ် ပြန်ကြည့်ခဲ့တာတောင် ဒေးဗစ်လုဇ်က ဝီလီယံဂျို့စ်ကို မထိခဲ့ဘူးလို့ ဆိုခဲ့တဲ့ နည်းပြ အာတီတာ


ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ခြေစွမ်းမာကျောပြီး သူရဲ့ အိမ်ကွင်းမှာဆိုရင် ပြိုင်ဘက်အသင်းတွေ ကစားရခက်တဲ့ ဝုလ်ဗာဟမ် တန်ကို အာဆင်နယ်အနေနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ကစားသမားထုတ်ပယ်ခံရမှုတွေကြောင့် ပွဲအပြီးမှာတော့ နှစ်ဂိုးတစ်ဂိုး နဲ့ အရေးနိမ့်ခဲ့ပါတယ်။ အဲ့ဒီပွဲမှာ အာဆင်နယ်အနေနဲ့ ကစားသမားနှစ်ယောက်အထိ ထုတ်ပယ်ခံရတာဖြစ်ပြီး ဒေးဗစ်လုဇ်နဲ့ ဂိုးသမားလီနိုတို့ ထုတ်ပယ်ခံခဲ့ရတာပဲ ဖြစ်ပါတယ်။


အာဆင်နယ်ဟာ တိုက်စစ်မှူး ပီပီရဲ့သွင်းဂိုးနဲ့ ဝုလ်ဗာဟမ်တန်ကို ဦးဆောင်နိုင်ခဲ့ပြီး ပထမပိုင်းပြီးခါနီးမှာ ဝုဗ်တိုက်စစ်မှူး ဝီလီယံဂျို့စ်ကို ဒေးဗစ်လုဇ်က နောက်ကဆွဲတယ်ဆိုပြီး ကွင်းလယ်ဒိုင်က ပင်နယ်တီပြစ်ဒဏ်ပေးခဲ့သလို ဒေးဗစ်လုဇ်ကို လည်း အနီကတ်နဲ့ ထုတ်ပယ်ခဲ့ပါတယ်။ ပွဲချိန် ၇၂ မိနစ်မှာ အာဆင်နယ်ဂိုးသမား လီနိုအနေနဲ့ ဧရိယာပြင်ပမှာ လက်နဲ့ ပုတ်ခဲ့တာကြောင့် အနီကတ်ထိခဲ့လို့ ကစားသမားနှစ်ယောက်အထိ ထုတ်ပယ်ခံခဲ့ရတာပဲ ဖြစ်ပါတယ်။


ပွဲအပြီးမှာတော့ အာဆင်နယ်နည်းပြ အာတီတာက “ ဒေးဗစ်လုဇ်ရဲ့ အနီကတ်ပြစ်ဒဏ်အတွက် ပြောရမယ်ဆိုရင်တော့ ၁၀ ကြိမ်အထိ ပြန်ကြည့်ပြီးပါပြီ။ ဒေးဗစ်လုဇ်အနေနဲ့ ဝီလီယံဂျို့စ်ကို လုံးဝမထိခဲ့ပါဘူး။ မတူညီတဲ့ ရှုထောင့် ၅ နေရာလောက် ကနေ VAR ပြန်ကြည့်ပြီးပါပြီ။ ဒါပေမယ့် ကွင်းလယ်ဒိုင်ကတော့ ဘယ်လိုမျိုးကြည့်ပြီးတော့ အနီကတ်ပြခဲ့လဲဆိုတာ မသိပါ ဘူး” လို့ ပြောသွားခဲ့ပါတယ်။ အာဆင်နယ်ဟာ ဝုလ်ဗာဟမ်တန်နဲ့ ကစားခဲ့တဲ့ ဒီရာသီပရီးမီးယားလိဂ်ပွဲစဉ်နှစ်ကျော့စလုံး ရှုံးခဲ့တာပဲ ဖြစ်ပါတယ်။

zawgyi version

၁၀ ႀကိမ္ ျပန္ၾကည့္ခဲ့တာေတာင္ ေဒးဗစ္လုဇ္က ဝီလီယံဂ်ိဳ႕စ္ကို မထိခဲ့ဘူးလို႔ ဆိုခဲ့တဲ့ နည္းျပ အာတီတာ
ပရီးမီးယားလိဂ္ၿပိဳင္ပြဲမွာ ေျခစြမ္းမာေက်ာၿပီး သူရဲ႕ အိမ္ကြင္းမွာဆိုရင္ ၿပိဳင္ဘက္အသင္းေတြ ကစားရခက္တဲ့ ဝုလ္ဗာဟမ္ တန္ကို အာဆင္နယ္အေနနဲ႔ ဦးေဆာင္ႏိုင္ခဲ့ေပမယ့္ ကစားသမားထုတ္ပယ္ခံရမႈေတြေၾကာင့္ ပြဲအၿပီးမွာေတာ့ ႏွစ္ဂိုးတစ္ဂိုး နဲ႔ အေရးနိမ့္ခဲ့ပါတယ္။ အဲ့ဒီပြဲမွာ အာဆင္နယ္အေနနဲ႔ ကစားသမားႏွစ္ေယာက္အထိ ထုတ္ပယ္ခံရတာျဖစ္ၿပီး ေဒးဗစ္လုဇ္နဲ႔ ဂိုးသမားလီႏိုတို႔ ထုတ္ပယ္ခံခဲ့ရတာပဲ ျဖစ္ပါတယ္။
အာဆင္နယ္ဟာ တိုက္စစ္မွဴး ပီပီရဲ႕သြင္းဂိုးနဲ႔ ဝုလ္ဗာဟမ္တန္ကို ဦးေဆာင္ႏိုင္ခဲ့ၿပီး ပထမပိုင္းၿပီးခါနီးမွာ ဝုဗ္တိုက္စစ္မွဴး ဝီလီယံဂ်ိဳ႕စ္ကို ေဒးဗစ္လုဇ္က ေနာက္ကဆြဲတယ္ဆိုၿပီး ကြင္းလယ္ဒိုင္က ပင္နယ္တီျပစ္ဒဏ္ေပးခဲ့သလို ေဒးဗစ္လုဇ္ကို လည္း အနီကတ္နဲ႔ ထုတ္ပယ္ခဲ့ပါတယ္။ ပြဲခ်ိန္ ၇၂ မိနစ္မွာ အာဆင္နယ္ဂိုးသမား လီႏိုအေနနဲ႔ ဧရိယာျပင္ပမွာ လက္နဲ႔ ပုတ္ခဲ့တာေၾကာင့္ အနီကတ္ထိခဲ့လို႔ ကစားသမားႏွစ္ေယာက္အထိ ထုတ္ပယ္ခံခဲ့ရတာပဲ ျဖစ္ပါတယ္။
ပြဲအၿပီးမွာေတာ့ အာဆင္နယ္နည္းျပ အာတီတာက “ ေဒးဗစ္လုဇ္ရဲ႕ အနီကတ္ျပစ္ဒဏ္အတြက္ ေျပာရမယ္ဆိုရင္ေတာ့ ၁၀ ႀကိမ္အထိ ျပန္ၾကည့္ၿပီးပါၿပီ။ ေဒးဗစ္လုဇ္အေနနဲ႔ ဝီလီယံဂ်ိဳ႕စ္ကို လံုးဝမထိခဲ့ပါဘူး။ မတူညီတဲ့ ရႈေထာင့္ ၅ ေနရာေလာက္ ကေန VAR ျပန္ၾကည့္ၿပီးပါၿပီ။ ဒါေပမယ့္ ကြင္းလယ္ဒိုင္ကေတာ့ ဘယ္လိုမ်ိဳးၾကည့္ၿပီးေတာ့ အနီကတ္ျပခဲ့လဲဆိုတာ မသိပါ ဘူး” လို႔ ေျပာသြားခဲ့ပါတယ္။ အာဆင္နယ္ဟာ ဝုလ္ဗာဟမ္တန္နဲ႔ ကစားခဲ့တဲ့ ဒီရာသီပရီးမီးယားလိဂ္ပြဲစဥ္ႏွစ္ေက်ာ့စလံုး ရႈံးခဲ့တာပဲ ျဖစ္ပါတယ္။