ပရီးမီးယားလိဂ်သမိုင်းမှာ ၉ ဂိုးသွင်းတဲ့ စံချိန်ကို ဆောက်သမ်တန်နဲ့ပွဲမှာ ဒုတိယအကြိမ် ရယူနိုင်ခဲ့တဲ့ ယူနိုက်တက်


ပြီးခဲ့တဲ့နေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာတော့ ယူနိုက်တက်ဟာ ဆောက်သမ်တန်ကို ကိုးဂိုးပြတ်နဲ့ အနိုင် ရရှိခဲ့ပါတယ်။ ဒီလို ပြိုင်ဘက်အသင်းကို ကိုးဂိုးပြတ်နဲ့ အနိုင်ရတာဟာ ပရီးမီးယားလိဂ်သမိုင်းမှာတော့ သုံးကြိမ်မြောက်ဖြစ်ခဲ့ တာဖြစ်ပြီး ယူနိုက်တက်အနေနဲ့ နှစ်ကြိမ်မြောက်ရရှိခဲ့တာပဲ ဖြစ်ပါတယ်။ ၁၉၉၅ ခုနှစ်မှာ ယူနိုက်တက်က အစ်ဆွစ် ၊ ၂၀၁၉ ခုနှစ်မှာ လက်စတာက ဆောက်သမ်တန်ကို ကိုးဂိုးပြတ်နဲ့ အနိုင်ရခဲ့တာပဲ ဖြစ်ပါတယ်။


ဆောက်သမ်တန်ကို ကိုးဂိုးပြတ်နဲ့အနိုင်ရတဲ့ပွဲမှာ ယူနိုက်တက်အတွက် သွင်းဂိုးတွေကို မတူညီတဲ့ကစားသမား ခုနှစ် ယောက်က သွင်းယူနိုင်ခဲ့တာကြောင့် ချဲလ်ဆီးအသင်းရဲ့တစ်ပွဲတည်းမှာ မတူညီတဲ့ကစားသမား ခုနှစ်ယောက် ဂိုးသွင်းယူ နိုင်တဲ့ စံချိန်ကိုလည်း လိုက်မီနိုင်ခဲ့တယ်လို့ သိရပါတယ်။ ယူနိုက်တက်အတွက် ဂိုးတွေကိုတော့ ဝမ်ဘစ်ဆာကာ၊ ရက်ရှ်ဖို့ဒ်၊ ကာဗာနီ၊ မာရှယ်လ်၊တွမ်မီနေး၊ ဖာနန်ဒက်စ် နဲ့ ဒန်နီရယ်ဂျိမ်းစ် တို့က သွင်းယူပေးခဲ့တာပဲ ဖြစ်ပါတယ်။


ပွဲအပြီးမှာတော့ BT Sport ကနေတဆင့် ဆိုးလ်ရှားက “ အသင်းအနေနဲ့ မျက်လှည့်ဆန်တဲ့ အကြောင်းအရာတစ်ခုကို လုပ် ပြနိုင်ခဲ့သလိုပါပဲ။ ဒီနေ့ပွဲအတွက် စွမ်းဆောင်ရည်က အကောင်းဆုံးမှာ ရှိနေခဲ့ပါတယ်။ အမှတ်ပေးဇယား ဒုတိယနေရာမှာ ရှိနေတယ်ဆိုပေမယ့် ဒီရလဒ်အတွက် ပျော်ရွှင်မိပါတယ်” လို့ပြောခဲ့ပါတယ်။ လက်ရှိအမှတ်ပေးဇယားမှာတော့ ယူနိုက် တက်ဟာ မန်စီးတီးနဲ့ ရမှတ်တူပြီး ဒုတိယနေရာမှာရှိနေတယ်ဆိုပေမယ့် မန်စီးတီးက ၂ ပွဲလျော့နေသေးတာပဲ ဖြစ်ပါတယ်။

zawgyi version

ပရီးမီးယားလိဂ္သမိုင္းမွာ ၉ ဂိုးသြင္းတဲ့ စံခ်ိန္ကို ေဆာက္သမ္တန္နဲ႔ပြဲမွာ ဒုတိယအႀကိမ္ ရယူႏိုင္ခဲ့တဲ့ ယူႏိုက္တက္
ၿပီးခဲ့တဲ့ေန႔က ယွဥ္ၿပိဳင္ကစားခဲ့တဲ့ ပရီးမီးယားလိဂ္ပြဲစဥ္မွာေတာ့ ယူႏိုက္တက္ဟာ ေဆာက္သမ္တန္ကို ကိုးဂိုးျပတ္နဲ႔ အႏိုင္ ရရွိခဲ့ပါတယ္။ ဒီလို ၿပိဳင္ဘက္အသင္းကို ကိုးဂိုးျပတ္နဲ႔ အႏိုင္ရတာဟာ ပရီးမီးယားလိဂ္သမိုင္းမွာေတာ့ သံုးႀကိမ္ေျမာက္ျဖစ္ခဲ့ တာျဖစ္ၿပီး ယူႏိုက္တက္အေနနဲ႔ ႏွစ္ႀကိမ္ေျမာက္ရရွိခဲ့တာပဲ ျဖစ္ပါတယ္။ ၁၉၉၅ ခုႏွစ္မွာ ယူႏိုက္တက္က အစ္ဆြစ္ ၊ ၂၀၁၉ ခုႏွစ္မွာ လက္စတာက ေဆာက္သမ္တန္ကို ကိုးဂိုးျပတ္နဲ႔ အႏိုင္ရခဲ့တာပဲ ျဖစ္ပါတယ္။
ေဆာက္သမ္တန္ကို ကိုးဂိုးျပတ္နဲ႔အႏိုင္ရတဲ့ပြဲမွာ ယူႏိုက္တက္အတြက္ သြင္းဂိုးေတြကို မတူညီတဲ့ကစားသမား ခုႏွစ္ ေယာက္က သြင္းယူႏိုင္ခဲ့တာေၾကာင့္ ခ်ဲလ္ဆီးအသင္းရဲ႕တစ္ပြဲတည္းမွာ မတူညီတဲ့ကစားသမား ခုႏွစ္ေယာက္ ဂိုးသြင္းယူ ႏိုင္တဲ့ စံခ်ိန္ကိုလည္း လိုက္မီႏိုင္ခဲ့တယ္လို႔ သိရပါတယ္။ ယူႏိုက္တက္အတြက္ ဂိုးေတြကိုေတာ့ ဝမ္ဘစ္ဆာကာ၊ ရက္ရွ္ဖို႔ဒ္၊ ကာဗာနီ၊ မာရွယ္လ္၊တြမ္မီေနး၊ ဖာနန္ဒက္စ္ နဲ႔ ဒန္နီရယ္ဂ်ိမ္းစ္ တို႔က သြင္းယူေပးခဲ့တာပဲ ျဖစ္ပါတယ္။
ပြဲအၿပီးမွာေတာ့ BT Sport ကေနတဆင့္ ဆိုးလ္ရွားက “ အသင္းအေနနဲ႔ မ်က္လွည့္ဆန္တဲ့ အေၾကာင္းအရာတစ္ခုကို လုပ္ ျပႏိုင္ခဲ့သလိုပါပဲ။ ဒီေန႔ပြဲအတြက္ စြမ္းေဆာင္ရည္က အေကာင္းဆံုးမွာ ရွိေနခဲ့ပါတယ္။ အမွတ္ေပးဇယား ဒုတိယေနရာမွာ ရွိေနတယ္ဆိုေပမယ့္ ဒီရလဒ္အတြက္ ေပ်ာ္ရႊင္မိပါတယ္” လို႔ေျပာခဲ့ပါတယ္။ လက္ရွိအမွတ္ေပးဇယားမွာေတာ့ ယူႏိုက္ တက္ဟာ မန္စီးတီးနဲ႔ ရမွတ္တူၿပီး ဒုတိယေနရာမွာရွိေနတယ္ဆိုေပမယ့္ မန္စီးတီးက ၂ ပြဲေလ်ာ့ေနေသးတာပဲ ျဖစ္ပါတယ္။