အဂူရို လေ့ကျင့်ရေးပြန်ဆင်းနေပေမယ့် ကစားဖို့ စောင့်ရဦးမယ်လို့ ဆိုလိုက်တဲ့ မန်စီးတီးနည်းပြ ဂွါဒီယိုလာ

မန်စီးတီးနည်းပြ ဂွါဒီယိုလာက တိုက်စစ်မှူး အဂူရိုအနေနဲ့ အသင်းရဲ့ လေ့ကျင့်ရေးမှာ ပါဝင်လာပြီဖြစ်ပေမယ့် ပွဲကစားဖို့ကိုတော့ စောင့်ရဦးမယ်လို့ ပြောသွားခဲ့ပါတယ်။ ကိုဗစ်ပိုးကြောင့် သီးသန့်နေထိုင်ခဲ့ရတဲ့ တိုက်စစ်မှူးဟာ မန်စီးတီးအသင်းရဲ့ နောက်ဆုံး (၇) ပွဲကို လွဲချော်ခဲ့သူ ဖြစ်ပါတယ်။

Sergio Aguero on comeback trail but still 'a few weeks' from Man City  return | BT Sport

ဇန်နဝါရီ (၁၀) ရက်နေ့က အဂူရိုဟာ ကိုဗစ်ပိုးရှိသူနဲ့ ထိတွေ့ခဲပြီးနောက် (၁၁) ရက်အကြာမှာ သူကိုယ်တိုင်ရောဂါပိုး ထပ်မံ တွေ့ရှိခဲ့ပါတယ်။ တနင်္ဂနွေနေ့ကတော့ အဂူရိုဟာ တွစ်တာမှာ ရောဂါပိုးကင်းစင်သွားပြီး ပြန်လာရန် အဆင်သင့်ဖြစ်နေပြီလို့ ပြောခဲ့ပေမယ့် ဂွါဒီယိုလာကတော့ ငြင်းဆန်သွားခဲ့ပါတယ်။

Pep Guardiola gives Sergio Aguero update ahead of Burnley clash -  Manchester Evening News

“သူဟာ ကွင်းထဲမှာ လေ့ကျင့်ရေးမဆင်းရသေးပါဘူး။ မနေ့ကတော့ နဲနဲပဲ လှုပ်ရှားခဲ့ပေမယ့် သူ အချိန်လိုအပ်ပါသေးတယ်။ အရေးကြီးတာက သူ့မှာ ပိုးမရှိတော့တာပါပဲ။ သူ ပြန်လည်ကျန်းမာလာပါပြီ” လို့ ပြောသွားခဲ့တာဖြစ်ပါတယ်။ မန်စီးတီးအသင်းဟာ လက်ရှိမှာ ပုံစံကောင်းတွေပြသနေပြီး ပြိုင်ပွဲစုံ (၁၂) ပွဲဆက်တိုက် နိုင်ပွဲတွေ ရနေပါတယ်။ အဲ့ဒီထဲက (၈) ပွဲဟာ ပရီးမီးယားလိဂ်မှာ ဖြစ်ပြီး အမှတ်ပေးဖလားကို သိမ်းပိုက်နိုင်ရန် ရေပန်းအစားဆုံး ဖြစ်နေပါတယ်။

အဂူ႐ို ေလ့က်င့္ေရးျပန္ဆင္းေနေပမယ့္ ကစားဖို႔ ေစာင့္ရဦးမယ္လို႔ ဆိုလိုက္တဲ့ မန္စီးတီးနည္းျပ ဂြါဒီယိုလာ

မန္စီးတီးနည္းျပ ဂြါဒီယိုလာက တိုက္စစ္မွဴး အဂူ႐ိုအေနနဲ႔ အသင္းရဲ႕ ေလ့က်င့္ေရးမွာ ပါ၀င္လာၿပီျဖစ္ေပမယ့္ ပြဲကစားဖို႔ကိုေတာ့ ေစာင့္ရဦးမယ္လို႔ ေျပာသြားခဲ့ပါတယ္။ ကိုဗစ္ပိုးေၾကာင့္ သီးသန္႔ေနထိုင္ခဲ့ရတဲ့ တိုက္စစ္မွဴးဟာ မန္စီးတီးအသင္းရဲ႕ ေနာက္ဆံုး (၇) ပြဲကို လြဲေခ်ာ္ခဲ့သူ ျဖစ္ပါတယ္။

ဇန္နဝါရီ (၁၀) ရက္ေန႔က အဂူ႐ိုဟာ ကိုဗစ္ပိုးရွိသူနဲ႔ ထိေတြ႕ခဲၿပီးေနာက္ (၁၁) ရက္အၾကာမွာ သူကိုယ္တိုင္ေရာဂါပိုး ထပ္မံ ေတြ႕ရွိခဲ့ပါတယ္။ တနဂၤေႏြေန႔ကေတာ့ အဂူ႐ိုဟာ တြစ္တာမွာ ေရာဂါပိုးကင္းစင္သြားၿပီး ျပန္လာရန္ အဆင္သင့္ျဖစ္ေနၿပီလို႔ ေျပာခဲ့ေပမယ့္ ဂြါဒီယိုလာကေတာ့ ျငင္းဆန္သြားခဲ့ပါတယ္။

“သူဟာ ကြင္းထဲမွာ ေလ့က်င့္ေရးမဆင္းရေသးပါဘူး။ မေန႔ကေတာ့ နဲနဲပဲ လႈပ္ရွားခဲ့ေပမယ့္ သူ အခ်ိန္လိုအပ္ပါေသးတယ္။ အေရးႀကီးတာက သူ႔မွာ ပိုးမရွိေတာ့တာပါပဲ။ သူ ျပန္လည္က်န္းမာလာပါၿပီ” လို႔ ေျပာသြားခဲ့တာျဖစ္ပါတယ္။ မန္စီးတီးအသင္းဟာ လက္ရွိမွာ ပံုစံေကာင္းေတြျပသေနၿပီး ၿပိဳင္ပြဲစံု (၁၂) ပြဲဆက္တိုက္ ႏိုင္ပြဲေတြ ရေနပါတယ္။ အဲ့ဒီထဲက (၈) ပြဲဟာ ပရီးမီးယားလိဂ္မွာ ျဖစ္ၿပီး အမွတ္ေပးဖလားကို သိမ္းပိုက္ႏိုင္ရန္ ေရပန္းအစားဆံုး ျဖစ္ေနပါတယ္။