မာကိုစ့်ရိုဂျိုဟာ ယူနိုက်တက်အသင်းကနေ ဘိုကာဂျူနီယာအသင်းဆီကို မဖော်ပြတဲ့ ပြောင်းရွှေ့ကြေးတစ်ရပ်နဲ့ အပြီးသတ်ပြောင်းရွှေ့သွားခဲ့ပြီ ဖြစ်ပါတယ်။ အာဂျင်တီးနား လက်ရွေးစင်နောက်ခံလူဟာ ယူနိုက်တက်အသင်းဆီကို ၂၀၁၄ ခုနှစ်က စပို့တင်းလစ္စဘွန်းကနေ ပေါင် ၁၆ သန်းနဲ့ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပြီး အသင်းအတွက် (၁၂၂) ပွဲကစားပေးခဲ့ပါတယ်။
သို့သော်လည်း သူဟာ ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်ခဲ့ရပြီးနောက် မနှစ်က Estudiantes အသင်းမှာ အငှားသွားရောက်ကစားခဲ့သူဖြစ်ပါတယ်။ ရိုဂျိုဟာ ယူနိုက်တက်အသင်းမှာ အက်ဖ်အေဖလား၊ ကာရာဘောင်ဖလား နဲ့ ယူရိုပါလိဂ်ဖလားတွေကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ယူနိုက်တက်က အသက် ၃၀ အရွယ်ကစားသမားဟာ အာဂျင်တီးနားလိဂ်ချန်ပီယံ ဘိုကာဂျူနီယာအသင်းဆီကို ပြောင်းရွှေ့သွားပြီဖြစ်တယ်လို့ အင်္ဂါနေ့က ကြေညာချက်ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
“အသင်းက လူအားလုံးက သူအနေနဲ့ အနာဂတ်မှာ အကောင်းဆုံး ဖြစ်ပါစေလို့ ဆုတောင်းပေးနေပါတယ်”လို့ သိရပါတယ်။ အသင်းက ဗဟိုနောက်ခံလူ (၂) ယောက်ဖြစ်တဲ့ ရိုဂျို နဲ့ စမောလင်းတို့ကို လျော့ချပြီးနောက်မှာ ယူနိုက်တက်အသင်း နည်းပြဆိုးလ်ရှားကနေ ဖီးလ်ဂျုံးစ်ကို ဒုတိယရာသီဝက်မှာ အသင်းရဲ့ လူစာရင်းမှာ ထည့်သွင်းမယ်လို့ တနလာၤနေ့က ထုတ်ဖော်ပြာသွားခဲ့တာဖြစ်ပါတယ်။
ယူႏိုက္တက္ေနာက္ခံလူ ႐ိုဂ်ိဳ ဘိုကာဂ်ဴနီယာအသင္းဆီကို အၿပီးသတ္ေျပာင္းေရႊ႕
မာကိုစ့္႐ိုဂ်ိဳဟာ ယူႏိုက္တက္အသင္းကေန ဘိုကာဂ်ဴနီယာအသင္းဆီကို မေဖာ္ျပတဲ့ ေျပာင္းေရႊ႕ေၾကးတစ္ရပ္နဲ႔ အၿပီးသတ္ေျပာင္းေရႊ႕သြားခဲ့ၿပီ ျဖစ္ပါတယ္။ အာဂ်င္တီးနား လက္ေရြးစင္ေနာက္ခံလူဟာ ယူႏိုက္တက္အသင္းဆီကို ၂၀၁၄ ခုႏွစ္က စပို႔တင္းလစၥဘြန္းကေန ေပါင္ ၁၆ သန္းနဲ႔ ေျပာင္းေရႊ႕လာခဲ့သူ ျဖစ္ၿပီး အသင္းအတြက္ (၁၂၂) ပြဲကစားေပးခဲ့ပါတယ္။
သို႔ေသာ္လည္း သူဟာ ဒဏ္ရာျပႆနာေတြနဲ႔ ႐ုန္းကန္ခဲ့ရၿပီးေနာက္ မႏွစ္က Estudiantes အသင္းမွာ အငွားသြားေရာက္ကစားခဲ့သူျဖစ္ပါတယ္။ ႐ိုဂ်ိဳဟာ ယူႏိုက္တက္အသင္းမွာ အက္ဖ္ေအဖလား၊ ကာရာေဘာင္ဖလား နဲ႔ ယူ႐ိုပါလိဂ္ဖလားေတြကို ဆြတ္ခူးႏိုင္ခဲ့ပါတယ္။ ယူႏိုက္တက္က အသက္ ၃၀ အရြယ္ကစားသမားဟာ အာဂ်င္တီးနားလိဂ္ခ်န္ပီယံ ဘိုကာဂ်ဴနီယာအသင္းဆီကို ေျပာင္းေရႊ႕သြားၿပီျဖစ္တယ္လို႔ အဂၤါေန႔က ေၾကညာခ်က္ထုတ္ျပန္ခဲ့တာ ျဖစ္ပါတယ္။
“အသင္းက လူအားလံုးက သူအေနနဲ႔ အနာဂတ္မွာ အေကာင္းဆံုး ျဖစ္ပါေစလို႔ ဆုေတာင္းေပးေနပါတယ္”လို႔ သိရပါတယ္။ အသင္းက ဗဟိုေနာက္ခံလူ (၂) ေယာက္ျဖစ္တဲ့ ႐ိုဂ်ိဳ နဲ႔ စေမာလင္းတို႔ကို ေလ်ာ့ခ်ၿပီးေနာက္မွာ ယူႏိုက္တက္အသင္း နည္းျပဆိုးလ္ရွားကေန ဖီးလ္ဂ်ံဳးစ္ကို ဒုတိယရာသီ၀က္မွာ အသင္းရဲ႕ လူစာရင္းမွာ ထည့္သြင္းမယ္လို႔ တနလာၤေန႔က ထုတ္ေဖာ္ျပာသြားခဲ့တာျဖစ္ပါတယ္။