အပြောင်းအရွှေ့နောက်ဆုံးရက်မှာ အဲဗာတန်ကို ပြောင်းရွှေ့သွားတဲ့ ဂျို့ရှ်ကင်း

မနှစ်က ယူနိုက်တက်က ဆက်သွယ်မှုတွေ လုပ်ခဲ့တဲ့ ဘုန်းမောက်တိုက်စစ်မှူး ဂျိုရှ့်ကင်းဟာ အပြောင်းအရွှေ့ နောက်ဆုံးရက်မှာ အဲဗာတန်အသင်းဆီကို ပြောင်းရွှေ့သွားပြီ ဖြစ်ပါတယ်။ နော်ဝေးလက်ရွေးစင်ကစားသမားဟာ ဂွတ်ဆင်ပတ်ခ်အသင်းနဲ့ ရာသီကုန်အထိ သဘောတူညီထားတာဖြစ်ပြီး ထပ်မံ သက်တမ်းတိုးလို့ရတယ်ဆိုတဲ့ အချက်ကိုလည်း ထည့်သွင်းချုပ်ဆိုထားပါတယ်။

Joshua King transfer: Everton sign Bournemouth forward on Deadline Day |  Football News | Sky Sports

ဖူလ်ဟမ်အသင်းကလည်း ကင်းကို အပြောင်းအရွှေ့ နောက်ဆုံးရက်မှာ သဘောတူညီမှု ရလုနီးပါးဖြစ်ခဲ့ပေမယ့် အသက် ၂၉ နှစ်အရွယ်ကစားသမားက အဲဗာတန်ကိုပဲ စိတ်ပြောင်းသွားခဲ့တာ ဖြစ်ပါတယ်။ ဘုန်းမောက်အသင်းဟာ မနှစ်က ယူနိုက်တက် ကင်းအတွက် ပေါင်သန်း ၂၀ နဲ့ ကမ်းလှမ်းချက်ကို ပယ်ချခဲ့တာဖြစ်ပေမယ့် အက်ဒီဟိုဝီရဲ့ အသင်းဟာ တန်းဆင်းခဲ့ရပါတယ်။

Sport: Fulham and Everton battle it out for Bournemouth's Josh King -  PressFrom - United Kingdom

ဒါ့အပြင် ဘုန်းမောက်အသင်းဟာ တဖြည်းဖြည်း စွမ်းဆောင်ရည်ကျဆင်းလာပြီး ကင်းရဲ့ စာချုပ်သက်တမ်းကလည်း ဒီနွေရာသီမှာ ကုန်ဆုံးမှာ ဖြစ်ပါတယ်။တိုက်စစ်ကစားသမားဟာ ဒီရာသီချန်ပီယံရှစ်မှာလည်း ခြေစွမ်းပြရန် ရုန်းကန်နေရပြီး ဒဏ်ရာတွေလည်း မကြာခဏ ရရှိနေသူပါ။

အပြောင်းအရွှေ့နောက်ဆုံးရက်မှ အဲဗာတန်ကို ပြောင်းရွှေ့သွားတဲ့ ဂျို့ရှ်ကင်း


