ချဲလ်ဆီးအသင်းဟာ အက်စတွန်ဗီလာအသင်းမှာ အငှားသွားရောက်ကစားနေတဲ့ အသင်းရဲ့ ကွင်းလယ်ကစားသမား ဘာကလေရဲ့ အနာဂတ်ကို ဆုံးဖြတ်ရန်အတွက် နွေရာသီအထိ စောင့်ဆိုင်းသွားမယ်လို့ သိရပါတယ်။ ချဲလ်ဆီးကွင်းလယ်လူဟာ အသင်းနည်းပြ လမ်းပတ်ရဲ့ လက်အောက်မှာ ပွဲကစားခွင့်ရရန် ရုန်းကန်ခဲ့ရပြီးနောက် စက်တင်ဘာလက အက်စတွန်ဗီလာအသင်းထံ အငှားသွားရောက်ကစားနေသူ ဖြစ်ပါတယ်။
သို့သော်လည်း လမ်းပတ်ဟာ အသင်းကနေ ထုတ်ပယ်ခြင်းခံခဲ့ရပြီး အခု နည်းပြသစ် တူချယ်လ်ကတော့ ရာသီအကုန်မှပဲ ဒင်းစမစ်ရဲ့ အသင်းနဲ့ ဘာကလေရဲ့ အခြေအနေတွေကို ဆွေးနွေးသွားမယ်လို့ သိရပါတယ်။ ဘာကလေဟာ အက်စတွန်ဗီလာအသင်းမှာတော့ ရောက်ရှိကတည်းက ပုံစံကောင်းပြသနေပြီး (၂) ဂိုးသွင်း (၁) ဂိုးဖန်တီးပေးထားသူဖြစ်ပေမယ့် နိုဝင်ဘာလက တံကောက်ကြောဒဏ်ရာရရှိခဲ့ သူဖြစ်ပါတယ်။
နည်းပြဒင်းစမစ်ကတော့ ကွင်းလယ်ကစားသမားကို ချီးကျူးထားပြီး အင်္ဂလန်လက်ရွေးစင်အသင်းကြီးရဲ့ ယူရို လူစာရင်းမှာ ပါဝင်ခွင့်ရမယ်လို့ ပြောထားပါသေးတယ်။ ပရီးမီးယားလိဂ် (၇) ပွဲ အထိ လွဲချော်ခဲ့ရပြီးနောက် ဘာကလေဟာ သောကြာနေ့ ဆောက်သမ်တန်အသင်းနဲ့ကစားခဲ့တဲ့ (၁-ဝ) နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ပြန်လည်ပါဝင်ကစားခဲ့သူဖြစ်ပါတယ်။
ဘာကေလရဲ႕ အနာဂတ္ကို ဆံုးျဖတ္ရန္ ေစာင့္ဆိုင္းမယ့္ ခ်ဲလ္ဆီးအသင္း
ခ်ဲလ္ဆီးအသင္းဟာ အက္စတြန္ဗီလာအသင္းမွာ အငွားသြားေရာက္ကစားေနတဲ့ အသင္းရဲ႕ ကြင္းလယ္ကစားသမား ဘာကေလရဲ႕ အနာဂတ္ကို ဆံုးျဖတ္ရန္အတြက္ ေႏြရာသီအထိ ေစာင့္ဆိုင္းသြားမယ္လို႔ သိရပါတယ္။ ခ်ဲလ္ဆီးကြင္းလယ္လူဟာ အသင္းနည္းျပ လမ္းပတ္ရဲ႕ လက္ေအာက္မွာ ပြဲကစားခြင့္ရရန္ ႐ုန္းကန္ခဲ့ရၿပီးေနာက္ စက္တင္ဘာလက အက္စတြန္ဗီလာအသင္းထံ အငွားသြားေရာက္ကစားေနသူ ျဖစ္ပါတယ္။
သို႔ေသာ္လည္း လမ္းပတ္ဟာ အသင္းကေန ထုတ္ပယ္ျခင္းခံခဲ့ရၿပီး အခု နည္းျပသစ္ တူခ်ယ္လ္ကေတာ့ ရာသီအကုန္မွပဲ ဒင္းစမစ္ရဲ႕ အသင္းနဲ႔ ဘာကေလရဲ႕ အေျခအေနေတြကို ေဆြးေႏြးသြားမယ္လို႔ သိရပါတယ္။ ဘာကေလဟာ အက္စတြန္ဗီလာအသင္းမွာေတာ့ ေရာက္ရွိကတည္းက ပံုစံေကာင္းျပသေနၿပီး (၂) ဂိုးသြင္း (၁) ဂိုးဖန္တီးေပးထားသူျဖစ္ေပမယ့္ ႏို၀င္ဘာလက တံေကာက္ေၾကာဒဏ္ရာရရွိခဲ့ သူျဖစ္ပါတယ္။
နည္းျပဒင္းစမစ္ကေတာ့ ကြင္းလယ္ကစားသမားကို ခ်ီးက်ဴးထားၿပီး အဂၤလန္လက္ေရြးစင္အသင္းႀကီးရဲ႕ ယူ႐ို လူစာရင္းမွာ ပါ၀င္ခြင့္ရမယ္လို႔ ေျပာထားပါေသးတယ္။ ပရီးမီးယားလိဂ္ (၇) ပြဲ အထိ လြဲေခ်ာ္ခဲ့ရၿပီးေနာက္ ဘာကေလဟာ ေသာၾကာေန႔ ေဆာက္သမ္တန္အသင္းနဲ႔ကစားခဲ့တဲ့ (၁-၀) န႔ဲ အႏိုင္ရခဲ့တဲ့ပြဲမွာ ျပန္လည္ပါ၀င္ကစားခဲ့သူျဖစ္ပါတယ္။