အားလုံးရဲ့ မျက်လုံးတွေက အသစ်ခေါ်ယူထားတဲ့ လူငယ်ကစားသမားလေး ဒီယယ်လိုကို ရောက်ရှိနေပေမယ့် အသင်းကြီးမှာ နောက်ထပ် ပွဲကစားခွင့် ရလာနိုင်တဲ့ ကစားသမားကတော့ ယူ ၂၃ နှစ်အောက် အသင်းက ဟူဂီလ်လည်းဖြစ်နိုင်နေပါတယ်။ အသက် ၁၇ နှစ်အရွယ်ကစားသမားဟာ ပြီးခဲ့တဲ့ စနေနေ့က ယူ ၂၃ အောက်ပွဲတစ်ပွဲဖြစ်တဲ့ ယူနိုက်တက် က လီဗာပူးလ် ကို (၆-၃) နဲ့ အနိုင်ရခဲ့တဲပွဲမှာ (၄) ဂိုးသွင်းခဲ့ပြီး နာမည်ကျော်ကြားနေသူဖြစ်ပါတယ်။
သူဟာ ဒီရာသီမှာ ယူနိုက်တက်အသင်းအတွက် (၁၄) ဂိုးအထိသွင်းယူထားပြီး ယူ ၁၈ အောက်အသင်းမှာ (၆) ဂိုး နဲ့ ယူ ၂၃ နှစ်အောက်အသင်းမှာ (၈) ဂိုးသွင်းပေးထားပါတယ်။ ဆယ်ကျော်သက်ကစားသမားဟာ (၁၇) ပွဲကစားထားပြီး အဲ့ဒီထဲက (၁၀) ပွဲပဲ ပွဲထွက်ကစားပေးထားသူ ဖြစ်ပါတယ်။ ဟူဂီလ်ရဲက သွင်းဂိုး (၄) ဂိုးက ယူနိုက်တက်နည်းပြ ဆိုးလ်ရှားကို မျက်စိကျစေခဲ့ပါတယ်။
အတ္တလန္တာအသင်းကနေ ပေါင် ၃၇ သန်းနဲ့ ခေါ်ယူခဲ့တဲ့ ဒီယယ်လိုအကြောင်းကို မေးမြန်းခဲ့ရာ နော်ဝေးလူမျိုးနည်းပြကြီးက “သူအထိုင်ကျဖို့ အချိန်ပေးရမှာဖြစ်ပါတယ်။ လီဗာပူးလ် နဲ့ ပွဲက တစ်ယောက်ကို ရွေးချယ်ရမယ်ဆိုရင် ကျွန်တော် ဟူဂီလ်ကို ရွေးမှာပါ။ (၄) ဂိုးသွင်းခဲ့တဲ့ ဟူဂီလ်က ထိပ်တန်း တိုက်စစ်မှူးတစ်ယောက်လည်းဖြစ်ပါတယ်။ သူ့ရဲ့ တိုးတက်မှုတွေကို ကျွန်တော်တို့ စောင့်ကြည့်နေပါတယ်။ အာမက်ဒ်လည်း အစကောင်းခဲ့ပါတယ်။ ဟူဂီလ်အနေနဲ့ (၅) ဂိုးဖြစ်စေမယ့် ဒုတိယ ပင်နယ်တီကို ဘာကြောင့်မကန်ခဲ့လဲ သူ့ကို မေးရပါမယ်” လို့ ပြောသွား ခဲ့တာ ဖြစ်ပါတယ်။
ယူႏိုက္တက္ရဲ႕ လူစာရင္းမွာ လူငယ္အသင္းက ဟူဂီလ္ ကို ေခၚယူဖြယ္ရွိတယ္လို႔ အရိပ္အမြက္ေျပာသြားခဲ့တဲ့ နည္းျပ ဆိုးလ္ရွား
အားလံုးရဲ႕ မ်က္လံုးေတြက အသစ္ေခၚယူထားတဲ့ လူငယ္ကစားသမားေလး ဒီယယ္လိုကို ေရာက္ရွိေနေပမယ့္ အသင္းႀကီးမွာ ေနာက္ထပ္ ပြဲကစားခြင့္ ရလာႏိုင္တဲ့ ကစားသမားကေတာ့ ယူ ၂၃ ႏွစ္ေအာက္ အသင္းက ဟူဂီလ္လည္းျဖစ္ႏိုင္ေနပါတယ္။ အသက္ ၁၇ ႏွစ္အရြယ္ကစားသမားဟာ ၿပီးခဲ့တဲ့ စေနေန႔က ယူ ၂၃ ေအာက္ပြဲတစ္ပြဲျဖစ္တဲ့ ယူႏိုက္တက္ က လီဗာပူးလ္ ကို (၆-၃) နဲ႔ အႏိုင္ရခဲ့တဲပြဲမွာ (၄) ဂိုးသြင္းခဲ့ၿပီး နာမည္ေက်ာ္ၾကားေနသူျဖစ္ပါတယ္။
သူဟာ ဒီရာသီမွာ ယူႏိုက္တက္အသင္းအတြက္ (၁၄) ဂိုးအထိသြင္းယူထားၿပီး ယူ ၁၈ ေအာက္အသင္းမွာ (၆) ဂိုး နဲ႔ ယူ ၂၃ ႏွစ္ေအာက္အသင္းမွာ (၈) ဂိုးသြင္းေပးထားပါတယ္။ ဆယ္ေက်ာ္သက္ကစားသမားဟာ (၁၇) ပြဲကစားထားၿပီး အဲ့ဒီထဲက (၁၀) ပြဲပဲ ပြဲထြက္ကစားေပးထားသူ ျဖစ္ပါတယ္။ ဟူဂီလ္ရဲက သြင္းဂိုး (၄) ဂိုးက ယူႏိုက္တက္နညး္ျပ ဆိုးလ္ရွားကို မ်က္စိက်ေစခဲ့ပါတယ္။
အတၱလႏၲာအသင္းကေန ေပါင္ ၃၇ သန္းနဲ႔ ေခၚယူခဲ့တဲ့ ဒီယယ္လိုအေၾကာင္းကို ေမးျမန္းခဲ့ရာ ေနာ္ေ၀းလူမ်ိဳးနည္းျပႀကီးက “သူအထိုင္က်ဖို႔ အခ်ိန္ေပးရမွာျဖစ္ပါတယ္။ လီဗာပူးလ္ နဲ႔ ပြဲက တစ္ေယာက္ကို ေရြးခ်ယ္ရမယ္ဆိုရင္ ကၽြန္ေတာ္ ဟူဂီလ္ကို ေရြးမွာပါ။ (၄) ဂိုးသြင္းခဲ့တဲ့ ဟူဂီလ္က ထိပ္တန္း တိုက္စစ္မွဴးတစ္ေယာက္လည္းျဖစ္ပါတယ္။ သူ႔ရဲ႕ တိုးတက္မႈေတြကို ကၽြန္ေတာ္တို႔ ေစာင့္ၾကည့္ေနပါတယ္။ အာမက္ဒ္လည္း အစေကာင္းခဲ့ပါတယ္။ ဟူဂီလ္အေနနဲ႔ (၅) ဂိုးျဖစ္ေစမယ့္ ဒုတိယ ပင္နယ္တီကို ဘာေၾကာင့္မကန္ခဲ့လဲ သူ႔ကို ေမးရပါမယ္” လို႔ ေျပာသြား ခဲ့တာ ျဖစ္ပါတယ္။