ဆောက်သမ်တန်အသင်းဟာ မနေ့ လီဗာပူးလ်ကစားသမား (၂) ယောက်စလုံးကို ခေါ်ယူချင်ခဲ့တာဖြစ်ပေမယ့် မရခဲ့ပါဘူး။ နောက်ပိုင်းမှာတော့ မီနာမီနိုကို အငှားနဲ့ အောင်မြင်စွာ ခေါ်ယူခဲ့ပေမယ့် နီကိုဝီလီယမ်စ်ကိုလည်း ကြိုးစားခဲ့တာ ဖြစ်ပါတယ်။
စကိုင်းစပေါ့ သတင်းဌာနရဲ့ ဖော်ပြချက်အရ ဆောက်သမ်တန်အသင်းဟာ ဝေးလ်လက်ရွေးစင်ကစားသမားကို ရာသီကုန်အထိ လိုချင်ခဲ့တယ်လို့ သိရပါတယ်။ သို့သော်လည်း ဝီလီယမ်စ်ကို အသင်းရဲ့ ညာနောက်ခံလူ အာနိုးလ်အတွက် ပထမဦးစားပေး အရန်ကစားသမားအဖြစ ်သတ်မှတ်ထားတာဖြစ်လို့ လီဗာပူးလ်အသင်းက ငြင်းဆန်ခဲ့တာ ဖြစ်ပါတယ်။
မီနာမီနိုကိုတော့ ဆောက်သမ်တန်အသင်းဟာ အပြောင်းအရွှေ့ နောက်ဆုံးည နောက်ဆုံးမိနစ်မှာပဲ ခေါ်ယူနိုင်ခဲ့ပါတယ်။ ဝီလီယမ်စ်ဟာ ဒီရာသီ လီဗာပူးလ်အသင်းအတွက် (၇) ပွဲ ပွဲထွက်ကစားထားပြီး (၃) ပွဲ လူစားဝင်ရောက်ကစားပေးထားသူ ဖြစ်ပါတယ်။
မီနာမီနိုအပြင် ဝီလီယမ်စ်ကိုပါ လိုချင်ခဲ့တဲ့ ဆောက်သမ်တန်အသင်း