ကာဘက်ကို မခေါ်ခင် လီဂူး ၁ ကြယ်ပွင့် (၂) ယောက်ကို ကြိုးစားခဲ့သေးတဲ့ လီဗာပူးလ်အသင်း

လီဗာပူးလ်အသင်းနည်းပြ ယာဂင်ကလော့ပ်ဟာ ရှောလ်ကေးနောက်ခံလူ ကာဘက်ကို မခေါ်ယူခင် မနေ့က အခြားသော ဗဟိုနောက်ခံလူ (၂) ယောက်ကို ခေါ်ယူရန် ကြိုးစားခဲ့သေးတယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ ပထမနေ့က ဘရက်စတန်အသင်းက ဘင်ဒေးဗီးစ်ကို ခေါ်ယူရန် သဘောတူညီမှု ရခဲ့ပြီးနောက် လီဗာပူးလ်အသင်းဟာ အပြောင်းအရွှေ့နောက်ဆုံးရက်မှာ ကာဘက်ကို ခေါ်ယူခဲ့တာဖြစ်ပါတယ်။

Marseille to Keep Duje Caleta-Car Despite Liverpool Bids - Last Word on  Football

သို့သော်လည်း RMC သတင်းဌာနရဲ့ ဖော်ပြချက်အရ လီဗာပူးလ်အသင်းဟာ မာဆေးလ်အသင်းက ဒူဂီကာလီတာ ကို ခေါ်ယူလို့ မရခဲ့လို့ တူရကီလက်ရွေးစင်ကစားသမားကို ပဲ ကြိုးစားခဲ့တယ်လို့ သိရပါတယ်။ လီဗာပူးလ်အသင်းဟာ ခရိုအေးရှားလက်ရွေးစင်ကစားသမားကို ပေါင် ၂၃ သန်းနဲ့ ကမ်းလှမ်းခဲ့ပေမယ့် မာဆေးလ်အသင်းက ပယ်ချခဲ့တာ ဖြစ်ပါတယ်။

Gossip: Liverpool wanted Marcelo; Prem trio eye Inter star

အဲ့ဒီနောက်မှာ လီဗာပူလ်အသင်းဟာ လိုင်ယွန်ကစားသမား မာဆယ်လိုကို ကြိုးစားခဲ့ပါတယ်။ သို့သော်လည်း အသက် ၃၃ နှစ်အရွယ်ကစားသမား နဲ့ လိုင်ယွန်အသင်းတို့ (၂) သင်းစလုံးဟာ လီဗာပူးလ်အသင်းရဲ့ ကမ်းလှမ်းမှုကို ပယ်ချခဲ့တာ ဖြစ်ပါတယ်။



