ရက်ရှ်ဖို့ဒ်နဲ့ မာရှယ်လ်က ကာဗာနီလိုမျိုး ကမ္ဘာ့အဆင့် တိုက်စစ်မှူးမျိုးတွေမဟုတ်ဘူးဆိုပြီး ဝန်ခံသွားတဲ့ ပေါ့ဘာ


ယူနိုက်တက်အသင်းကွင်းလယ်လူတစ်ဦးဖြစ်တဲ့ ပေါ့ဘာက အသင်းရဲ့လူငယ်တိုက်စစ်မှူးတွေဖြစ်တဲ့ ရက်ရှ်ဖို့ဒ်နဲ့ မာရှယ်လ် တို့က နွေရာသီအပြောင်းအရွှေ့မှာ အသင်းကိုရောက်ရှိလာတဲ့ ကာဗာနီလို ကမ္ဘာ့အဆင့်မီတိုက်စစ်မှူး မဟုတ်ဘူးဆိုပြီး ဝန်ခံသွားခဲ့ပါတယ်။ ဆက်လက်ပြီးမှာပဲ ပေါ့ဘာက အသင်းကို ကာဗာနီရောက်ရှိလာပြီး တိုက်စစ်ကိုဦးဆောင်တဲ့အတွက် အသင်းရဲ့တိုက်စစ်ပိုင်း တိုးတက်လာတယ်လို့လည်း ပြောသွားခဲ့ပါတယ်။


ဥရုဂွေးတိုက်စစ်မှူးဖြစ်တဲ့ ကာဗာနီဟာ ယူနိုက်တက်အတွက် ၁၂ ပွဲကစားပြီးရာမှာ ၄ ဂိုးအထိသွင်းယူနိုင်ခဲ့သူလည်း ဖြစ်ပါ တယ်။ ယူနိုက်တက်ရဲ့ အဓိကတိုက်စစ်မှူး ၄ ဦးဖြစ်တဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာတော့ စုစုပေါင်း ၁၄ ဂိုးသွင်းယူထားပြီး ရက်ရှ်ဖို့ဒ်က ၇ ဂိုး ၊ မာရှယ်လ်က ၂ ဂိုးနဲ့ ဂရင်းဝုဒ်က ၁ဂိုးသွင်းယူထားတယ်လို့ သိရပါတယ်။ ယူနိုက်တက်ဟာ လက်ရှိ အမှတ်ပေးဇယား ဒုတိယနေရာမှာရှိနေပေမယ့် မန်စီးတီးထက် တစ်ပွဲပိုကစားထားပြီး ၃ မှတ်လျော့နည်းနေတာ ဖြစ်ပါ တယ်။


MUTV ကနေတဆင့် ပေါ့ဘာက “ ကာဗာနီက ကမ္ဘာ့အဆင့် တိုက်စစ်မှူးတစ်ယောက်ဆိုတာ လူတိုင်းသိပါတယ်။ အသင်း မှာ သူရှိနေတာက အားလုံးအတွက် ကောင်းပါတယ်။ မာရှယ်လ်နဲ့ ရက်ရှ်ဖို့ဒ်တို့က အရည်အချင်းရှိတဲ့ ကစားသမားကောင်း တွေပါ။ ဒါပေမယ့် သူတို့တွေမှာ ကာဗာနီလို အတွေ့အကြုံမျိုး မရှိပါဘူး။ သူတို့တွေက ကာဗာနီနဲ့ တွဲကစားရတဲ့အချိန်မှာ အပြန်အလှန်ကူညီပြီး သင်ယူမှုတွေပြုလုပ်ရမှာပဲ ဖြစ်ပါတယ်” လို့ ပြောခဲ့ပါတယ်။

zawgyi version

ရက္ရွ္ဖို႔ဒ္နဲ႔ မာရွယ္လ္က ကာဗာနီလိုမ်ိဳး ကမ႓ာ့အဆင့္ တိုက္စစ္မွဴးမ်ိဳးေတြမဟုတ္ဘူးဆိုၿပီး ဝန္ခံသြားတဲ့ ေပါ့ဘာ
ယူႏိုက္တက္အသင္းကြင္းလယ္လူတစ္ဦးျဖစ္တဲ့ ေပါ့ဘာက အသင္းရဲ႕လူငယ္တိုက္စစ္မွဴးေတြျဖစ္တဲ့ ရက္ရွ္ဖို႔ဒ္နဲ႔ မာရွယ္လ္ တို႔က ေႏြရာသီအေျပာင္းအေရႊ႕မွာ အသင္းကိုေရာက္ရွိလာတဲ့ ကာဗာနီလို ကမ႓ာ့အဆင့္မီတိုက္စစ္မွဴး မဟုတ္ဘူးဆိုၿပီး ဝန္ခံသြားခဲ့ပါတယ္။ ဆက္လက္ၿပီးမွာပဲ ေပါ့ဘာက အသင္းကို ကာဗာနီေရာက္ရွိလာၿပီး တိုက္စစ္ကိုဦးေဆာင္တဲ့အတြက္ အသင္းရဲ႕တိုက္စစ္ပိုင္း တိုးတက္လာတယ္လို႔လည္း ေျပာသြားခဲ့ပါတယ္။
ဥ႐ုေဂြးတိုက္စစ္မွဴးျဖစ္တဲ့ ကာဗာနီဟာ ယူႏိုက္တက္အတြက္ ၁၂ ပြဲကစားၿပီးရာမွာ ၄ ဂိုးအထိသြင္းယူႏိုင္ခဲ့သူလည္း ျဖစ္ပါ တယ္။ ယူႏိုက္တက္ရဲ႕ အဓိကတိုက္စစ္မွဴး ၄ ဦးျဖစ္တဲ့ ပရီးမီးယားလိဂ္ၿပိဳင္ပြဲမွာေတာ့ စုစုေပါင္း ၁၄ ဂိုးသြင္းယူထားၿပီး ရက္ရွ္ဖို႔ဒ္က ၇ ဂိုး ၊ မာရွယ္လ္က ၂ ဂိုးနဲ႔ ဂရင္းဝုဒ္က ၁ဂိုးသြင္းယူထားတယ္လို႔ သိရပါတယ္။ ယူႏိုက္တက္ဟာ လက္ရွိ အမွတ္ေပးဇယား ဒုတိယေနရာမွာရွိေနေပမယ့္ မန္စီးတီးထက္ တစ္ပြဲပိုကစားထားၿပီး ၃ မွတ္ေလ်ာ့နည္းေနတာ ျဖစ္ပါ တယ္။
MUTV ကေနတဆင့္ ေပါ့ဘာက “ ကာဗာနီက ကမ႓ာ့အဆင့္ တိုက္စစ္မွဴးတစ္ေယာက္ဆိုတာ လူတိုင္းသိပါတယ္။ အသင္း မွာ သူရွိေနတာက အားလံုးအတြက္ ေကာင္းပါတယ္။ မာရွယ္လ္နဲ႔ ရက္ရွ္ဖို႔ဒ္တို႔က အရည္အခ်င္းရွိတဲ့ ကစားသမားေကာင္း ေတြပါ။ ဒါေပမယ့္ သူတို႔ေတြမွာ ကာဗာနီလို အေတြ႕အၾကံဳမ်ိဳး မရွိပါဘူး။ သူတို႔ေတြက ကာဗာနီနဲ႔ တြဲကစားရတဲ့အခ်ိန္မွာ အျပန္အလွန္ကူညီၿပီး သင္ယူမႈေတြျပဳလုပ္ရမွာပဲ ျဖစ္ပါတယ္” လို႔ ေျပာခဲ့ပါတယ္။