နေမာလက်သစ်လို့ နာမည်ကြီးနေတဲ့ ကေကေကို ပေါင် ၁၀ သန်းနဲ့ ခေါ်ယူဖို့ ပြင်ဆင်နေတဲ့ မန်စီးတီး


လူငယ်ကစားသမားတွေကို အဓိကထားပစ်မှတ်ခေါ်ယူလေ့ရှိတဲ့ မန်စီးတီးဟာ ဘရာဇီးကလပ် ဖလူမင်နီးစ်က လူငယ်က စားသမားတွေဖြစ်တဲ့ ကေကေနဲ့ မာတင်ဟို တို့နှစ်ယောက်ကို ပေါင် ၁၅ သန်းနဲ့ ခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ ကစားသမားနှစ်ယောက်စလုံးဟာ အသက် ၁၇ နှစ်သာရှိသေးတာကြောင့် မန်စီးတီးအသင်းအနေနဲ့ ခေါ်ယူဖြစ်ခဲ့ပါက လူ ငယ်အသင်းနဲ့ ပူးပေါင်းစေဖို့ ရှိတယ်လို့လည်း သိရပါတယ်။


Sportmail ရဲ့ဖော်ပြချက်အရတော့ ကွင်းလယ်တိုက်စစ်မှာကစားနေတဲ့ ကေကေဟာ ပီအက်စ်ဂျီအသင်းတိုက်စစ်မှူး နေ မာနဲ့ ကစားဟန်ဆင်တူတယ်လို့ သိရပြီး ဒုတိယနေမာလို့တောင် နာမည်ကျော်နေသူဖြစ်ပါတယ်။ ကေကေကို ခေါ်ယူဖို့ အ တွက် ယူကရိန်းကလပ်ရှက်တာဒိုးနက်ကလည်း စိတ်ဝင်စားနေတာကြောင့် မန်စီးတီးအနေနဲ့ အပြိုင်ခေါ်ယူရဖို့ ရှိနေတယ် လို့လည်း သိရပါတယ်။ ဖလူမင်နီးစ်က အသင်းဥက္ကဌ ဘစ်တန်ကော့ကတော့ သူတို့ရဲ့ ကစားသမားတွေကို စာချုပ်သက် တမ်းကုန်မယ့် နောက် ၂ နှစ်အကြာမှ ရောင်းချဖို့ ရှိတယ်လို့လည်း သိရပါတယ်။


မန်စီးတီးအသင်းက ကေကေအတွက် ပြောင်းရွှေ့ကြေးအဖြစ် ပေါင် ၁၀ သန်း နဲ့ မာတင်ဟိုအတွက် ပေါင် ၅ သန်းပေးချေ ဖို့ ရှိနေတယ်လို့ သိရပြီး အပိုဆုကြေးတွေ ထပ်မံပေးဖို့ရှိနေတယ်လို့လည်း သိရပါတယ်။ မာတင်ဟိုကို ခေါ်ယူဖြစ်ခဲ့မယ် ဆိုရင်တော့ မန်စီးတီးအသင်းအနေနဲ့ City Football Group ရဲ့မိတ်ဖက်ပါတနာဖြစ်တဲ့ ထရိုယက်စ်အသင်းထံကို အဌားချ ထားဖို့ ရှိတယ်လို့လည်း သိရပါတယ်။

zawgyi version

ေနမာလက္သစ္လို႔ နာမည္ႀကီးေနတဲ့ ေကေကကို ေပါင္ ၁၀ သန္းနဲ႔ ေခၚယူဖို႔ ျပင္ဆင္ေနတဲ့ မန္စီးတီး
လူငယ္ကစားသမားေတြကို အဓိကထားပစ္မွတ္ေခၚယူေလ့ရွိတဲ့ မန္စီးတီးဟာ ဘရာဇီးကလပ္ ဖလူမင္နီးစ္က လူငယ္က စားသမားေတြျဖစ္တဲ့ ေကေကနဲ႔ မာတင္ဟို တို႔ႏွစ္ေယာက္ကို ေပါင္ ၁၅ သန္းနဲ႔ ေခၚယူဖို႔ ျပင္ဆင္ေနတယ္လို႔ သိရပါတယ္။ ကစားသမားႏွစ္ေယာက္စလံုးဟာ အသက္ ၁၇ ႏွစ္သာရွိေသးတာေၾကာင့္ မန္စီးတီးအသင္းအေနနဲ႔ ေခၚယူျဖစ္ခဲ့ပါက လူ ငယ္အသင္းနဲ႔ ပူးေပါင္းေစဖို႔ ရွိတယ္လို႔လည္း သိရပါတယ္။
Sportmail ရဲ႕ေဖာ္ျပခ်က္အရေတာ့ ကြင္းလယ္တိုက္စစ္မွာကစားေနတဲ့ ေကေကဟာ ပီအက္စ္ဂ်ီအသင္းတိုက္စစ္မွဴး ေန မာနဲ႔ ကစားဟန္ဆင္တူတယ္လို႔ သိရၿပီး ဒုတိယေနမာလို႔ေတာင္ နာမည္ေက်ာ္ေနသူျဖစ္ပါတယ္။ ေကေကကို ေခၚယူဖို႔ အ တြက္ ယူကရိန္းကလပ္ရွက္တာဒိုးနက္ကလည္း စိတ္ဝင္စားေနတာေၾကာင့္ မန္စီးတီးအေနနဲ႔ အၿပိဳင္ေခၚယူရဖို႔ ရွိေနတယ္ လို႔လည္း သိရပါတယ္။ ဖလူမင္နီးစ္က အသင္းဥကၠဌ ဘစ္တန္ေကာ့ကေတာ့ သူတို႔ရဲ႕ ကစားသမားေတြကို စာခ်ဳပ္သက္ တမ္းကုန္မယ့္ ေနာက္ ၂ ႏွစ္အၾကာမွ ေရာင္းခ်ဖို႔ ရွိတယ္လို႔လည္း သိရပါတယ္။
မန္စီးတီးအသင္းက ေကေကအတြက္ ေျပာင္းေရႊ႕ေၾကးအျဖစ္ ေပါင္ ၁၀ သန္း နဲ႔ မာတင္ဟိုအတြက္ ေပါင္ ၅ သန္းေပးေခ် ဖို႔ ရွိေနတယ္လို႔ သိရၿပီး အပိုဆုေၾကးေတြ ထပ္မံေပးဖို႔ရွိေနတယ္လို႔လည္း သိရပါတယ္။ မာတင္ဟိုကို ေခၚယူျဖစ္ခဲ့မယ္ ဆိုရင္ေတာ့ မန္စီးတီးအသင္းအေနနဲ႔ City Football Group ရဲ႕မိတ္ဖက္ပါတနာျဖစ္တဲ့ ထ႐ိုယက္စ္အသင္းထံကို အဌားခ် ထားဖို႔ ရွိတယ္လို႔လည္း သိရပါတယ္။