ဒဏ်ရာရစာရင်းမှာ မာတစ်လည်း ပါလာတာကြောင့် နောက်ခံလူတွေဖြစ်တဲ့ ကာဘတ်နဲ့ ဘန်ဒေးဗီးစ်တို့ကို ခေါ်ယူလိုက်တဲ့ လီဗာပူး


လီဗာပူးအသင်းဟာ အဓိကနောက်ခံလူတွေဖြစ်တဲ့ ဗန်ဒိုက်ခ်နဲ့ ဂိုမက်ဇ်တို့ ဒဏ်ရာရရှိနေပေမယ့် မာတစ်နဲ့ အခြားကွင်း လယ်ကစားသမားတွေကို ခံစစ်ကစားစေခဲ့ပေမယ့် မာတစ်ပါ ဒဏ်ရာရသွားတာကြောင့် ရှော်ကေးနောက်ခံလူ ကာဘတ် နဲ့ ပရက်စတန် နောက်ခံလူ ဘန်ဒေးဗီးစ်တို့ ဇန်နဝါရီအပြောင်းအရွှေ့နောက်ဆုံးရက်မှာ ခေါ်ယူခဲ့တယ်လို့ သိရပါတယ်။ မာတစ်ဟာ စပါးနဲ့ ကစားခဲ့တဲ့ပွဲတုန်းက ခြေချင်းဝတ်အရွတ်ကြောဒဏ်ရာ ရခဲ့တာကြောင့် ရာသီကုန်အထိ အနားယူရဖို့ရှိ နေတယ်လို့ လီဗာပူးအသင်းက အတည်ပြုခဲ့ပါတယ်။


လီဗာပူးနည်းပြ ကလော့ပ် က “ ကျွန်တော်တို့ အနေနဲ့ ကံမကောင်းခဲ့ဘူးလို့ ဆိုရမှာပါ။ နောက်တန်းကစားသမားတွေ ဒဏ် ရာရနေချိန်မှာ မာတစ်ပါ ထပ်ပြီး ဒဏ်ရာရသွားတာကြောင့် ခံစစ်မှာ လူလိုအပ်သွားပါပြီ။ ဒီအတွက် လူခေါ်ယူမှုတွေပြုလုပ် ရပါတော့မယ်” လို့ ပြောခဲ့ပါတယ်။ လီဗာပူးဟာ ဇန်နဝါရီလအပြောင်းအရွှေ့နောက်ဆုံးရက်မှာတော့ ရှော်ကေးက ကာဘတ်နဲ့ ပရက်စတန်က ဘန်ဒေးဗီးစ်တို့ကို ခေါ်ယူခဲ့ပါတယ်။


ပရက်စတန်နောက်ခံလူ ဖြစ်တဲ့ ဘန်ဒေးဗီးစ်အတွက်တော့ လီဗာပူးအနေနဲ့ ပြောင်းရွှေ့ကြေးပေါင် ၁.၆ သန်းပေးခဲ့ရတယ် လို့ သိရပြီး ရှော်ကေးနောက်ခံလူကိုတော့ အဌားနဲ့ ခေါ်ယူနိုင်ခဲ့တာဖြစ်ပါတယ်။ ကာဘတ်ကို အဌားနဲ့ခေါ်ယူတဲ့အတွက် ပေါင် ၁သန်းကျော်ကုန်ကျခဲ့တယ်ဆိုပေမယ့် ရာသီကုန်မှာ ပေါင် ၁၈ သန်းနဲ့ ခေါ်ယူနိုင်မှာဖြစ်တယ်လို့လည်း သိရပါတယ်။ လီဗာပူးနည်းပြ ကလော့ပ်ကတော့ ကာဘတ်ကို အသင်းရဲ့ အနာဂတ်ခေါင်းဆောင်အဖြစ် သတ်မှတ်ထားတယ်လို့လည်း ပြောခဲ့ပါတယ်။

zawgyi version

ဒဏ္ရာရစာရင္းမွာ မာတစ္လည္း ပါလာတာေၾကာင့္ ေနာက္ခံလူေတြျဖစ္တဲ့ ကာဘတ္နဲ႔ ဘန္ေဒးဗီးစ္တို႔ကို ေခၚယူလိုက္တဲ့ လီဗာပူး
လီဗာပူးအသင္းဟာ အဓိကေနာက္ခံလူေတြျဖစ္တဲ့ ဗန္ဒိုက္ခ္နဲ႔ ဂိုမက္ဇ္တို႔ ဒဏ္ရာရရွိေနေပမယ့္ မာတစ္နဲ႔ အျခားကြင္း လယ္ကစားသမားေတြကို ခံစစ္ကစားေစခဲ့ေပမယ့္ မာတစ္ပါ ဒဏ္ရာရသြားတာေၾကာင့္ ေရွာ္ေကးေနာက္ခံလူ ကာဘတ္ နဲ႔ ပရက္စတန္ ေနာက္ခံလူ ဘန္ေဒးဗီးစ္တို႔ ဇန္နဝါရီအေျပာင္းအေရႊ႕ေနာက္ဆံုးရက္မွာ ေခၚယူခဲ့တယ္လို႔ သိရပါတယ္။ မာတစ္ဟာ စပါးနဲ႔ ကစားခဲ့တဲ့ပြဲတုန္းက ေျခခ်င္းဝတ္အရြတ္ေၾကာဒဏ္ရာ ရခဲ့တာေၾကာင့္ ရာသီကုန္အထိ အနားယူရဖို႔ရွိ ေနတယ္လို႔ လီဗာပူးအသင္းက အတည္ျပဳခဲ့ပါတယ္။
လီဗာပူးနည္းျပ ကေလာ့ပ္ က “ ကၽြန္ေတာ္တို႔ အေနနဲ႔ ကံမေကာင္းခဲ့ဘူးလို႔ ဆိုရမွာပါ။ ေနာက္တန္းကစားသမားေတြ ဒဏ္ ရာရေနခ်ိန္မွာ မာတစ္ပါ ထပ္ၿပီး ဒဏ္ရာရသြားတာေၾကာင့္ ခံစစ္မွာ လူလိုအပ္သြားပါၿပီ။ ဒီအတြက္ လူေခၚယူမႈေတြျပဳလုပ္ ရပါေတာ့မယ္” လို႔ ေျပာခဲ့ပါတယ္။ လီဗာပူးဟာ ဇန္နဝါရီလအေျပာင္းအေရႊ႕ေနာက္ဆံုးရက္မွာေတာ့ ေရွာ္ေကးက ကာဘတ္နဲ႔ ပရက္စတန္က ဘန္ေဒးဗီးစ္တို႔ကို ေခၚယူခဲ့ပါတယ္။
ပရက္စတန္ေနာက္ခံလူ ျဖစ္တဲ့ ဘန္ေဒးဗီးစ္အတြက္ေတာ့ လီဗာပူးအေနနဲ႔ ေျပာင္းေရႊ႕ေၾကးေပါင္ ၁.၆ သန္းေပးခဲ့ရတယ္ လို႔ သိရၿပီး ေရွာ္ေကးေနာက္ခံလူကိုေတာ့ အဌားနဲ႔ ေခၚယူႏိုင္ခဲ့တာျဖစ္ပါတယ္။ ကာဘတ္ကို အဌားနဲ႔ေခၚယူတဲ့အတြက္ ေပါင္ ၁သန္းေက်ာ္ကုန္က်ခဲ့တယ္ဆိုေပမယ့္ ရာသီကုန္မွာ ေပါင္ ၁၈ သန္းနဲ႔ ေခၚယူႏိုင္မွာျဖစ္တယ္လို႔လည္း သိရပါတယ္။ လီဗာပူးနည္းျပ ကေလာ့ပ္ကေတာ့ ကာဘတ္ကို အသင္းရဲ႕ အနာဂတ္ေခါင္းေဆာင္အျဖစ္ သတ္မွတ္ထားတယ္လို႔လည္း ေျပာခဲ့ပါတယ္။