အာဆင်နယ် နဲ့ ပွဲမှာ သရေ တစ်မှတ်ရခဲ့တဲ့ ပျော်ပါတယ်လို့ ဆိုလိုက်တဲ့ ယူနိုက်တက်နည်းပြ ဆိုးလ်ရှား

ယူနိုက်တက်နည်းပြ ဆိုးလ်ရှားက အာဆင်နယ် နဲ့ (ဝ-၀) သရေကျခဲ့တာကို ကျေနပ်တယ်လို့ ပြောသွားခဲ့ပါတယ်။ ယူနိုက်တက်အသင်းဟာ ပွဲချိန်အတွင်း အခွင့်အရေးတွေ ဖန်တီးပေးနိုင်ခဲ့ပေမယ့် ဂိုးမသွင်းနိုင်ခဲ့ပါဘူး။ သို့သော်လည်း ယူနိုက်တက်ဟာ အဝေးကွင်းမှာ (၁၈) ပွဲဆက်တိုက် ရှုံးပွဲမရှိသေးတဲ့ စံချိန်ကို ရရှိထားပါတယ်။

ဆိုးလ်ရှားက “စွမ်းဆောင်ရည် နဲ့ ပတ်သက်ပြီး ကျွန်တော် ကြိုက်ပါတယ်။ ပွဲကို ကျွန်တော်တို့ အကောင်းဆုံး ချဉ်းကပ်နိုင်တယ်လို့ ထင်ပါတယ်။ အဝေးကွင်းမှာ ပထမပိုင်း လွှမ်းမိုးနိုင်ခဲ့ပြီး အခွင့်အရေးတွေ လည်း ရခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ အထူးသဖြင့် ရပ်ရှ်ဖိုဒ့်အပိုင်တစ်လုံး ရခဲ့ပါတယ်။ ကျွန်တော်တို့ ကံနည်းနည်းလိုခဲ့ပါတယ်။

သူတို့ဘက်ကလည်း ဖရီးကစ် တိုင်ထိထွက်ခဲ့လို့ နစ်နာခဲ့ပါတယ်။ ဒီဂီယာလည်း ကာကွယ်မှုတွေ လုပ်သွားပါတယ်။ ကျွန်တော်တို့ဘက်က နောက်တန်းတွေ လည်း အကောင်းဆုံး စွမ်းဆောင်ပေးခဲ့ပါတယ်။ ဂိုးပဲ မသွင်းနိုင်ခဲ့တာပါ” လို့ ပြောသွားခဲ့တာဖြစ်ပါတယ်။

အာဆင္နယ္ နဲ႔ ပြဲမွာ သေရ တစ္မွတ္ရခဲ့တဲ့ ေပ်ာ္ပါတယ္လို႔ ဆိုလိုက္တဲ့ ယူႏိုက္တက္နညး္ျပ ဆိုးလ္ရွား

ယူႏိုက္တက္နည္းျပ ဆိုးလ္ရွားက အာဆင္နယ္ နဲ႔ (၀-၀) သေရက်ခဲ့တာကို ေက်နပ္တယ္လို႔ ေျပာသြားခဲ့ပါတယ္။ ယူႏိုက္တက္အသင္းဟာ ပြဲခ်ိန္အတြင္း အခြင့္အေရးေတြ ဖန္တီးေပးႏိုင္ခဲ့ေပမယ့္ ဂိုးမသြင္းႏိုင္ခဲ့ပါဘူး။ သို႔ေသာ္လည္း ယူႏိုက္တက္ဟာ အေ၀းကြင္းမွာ (၁၈) ပြဲဆက္တိုက္ ရႈံးပြဲမရွိေသးတဲ့ စံခ်ိန္ကို ရရွိထားပါတယ္။

ဆိုးလ္ရွားက “စြမ္းေဆာင္ရည္ နဲ႔ ပတ္သက္ၿပီး ကၽြန္ေတာ္ ႀကိဳက္ပါတယ္။ ပြဲကို ကၽြန္ေတာ္တို႔ အေကာင္းဆံုး ခ်ဥ္းကပ္ႏိုင္တယ္လို႔ ထင္ပါတယ္။ အေ၀းကြင္းမွာ ပထမပိုင္း လႊမ္းမိုးႏိုင္ခဲ့ၿပီး အခြင့္အေရးေတြ လည္း ရခဲ့ပါတယ္။ ဒုတိယပိုင္းမွာေတာ့ အထူးသျဖင့္ ရပ္ရွ္ဖိုဒ့္အပိုင္တစ္လံုး ရခဲ့ပါတယ္။ ကၽြန္ေတာ္တို႔ ကံနည္းနည္းလိုခဲ့ပါတယ္။

သူတို႔ဘက္ကလည္း ဖရီးကစ္ တိုင္ထိထြက္ခဲ့လို႔ နစ္နာခဲ့ပါတယ္။ ဒီဂီယာလည္း ကာကြယ္မႈေတြ လုပ္သြားပါတယ္။ ကၽြန္ေတာ္တို႔ဘက္က ေနာက္တန္းေတြ လည္း အေကာင္းဆံုး စြမ္းေဆာင္ေပးခဲ့ပါတယ္။ ဂိုးပဲ မသြင္းႏိုင္ခဲ့တာပါ” လို႔ ေျပာသြားခဲ့တာျဖစ္ပါတယ္။