ခံစစ်ပြဿနာကို ဖြေရှင်းရန်အတွက် မူစတာဖီကို ခေါ်ယူရန် စဉ်းစားနေတဲ့ လီဗာပူးလ်

လီဗာပူးလ်အသင်းဟာ အသင်းရဲ့ ခံစစ်ပြဿနာကို ဖြေရှင်းရန်အတွက် အာဆင်နယ်နောက်ခံလူ မူစတာဖီကို ခေါ်ယူရန် စဉ်းစားနေတယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ ဂျာမန်ဗဟိုနောက်ခံလူဟာ အာတီတာရဲ့ အသင်းမှာ ကစားခွင့်ပျောက်ဆုံးနေပြီး အသင်းကနေ ရောင်းချခံရဖို့ များနေသူ ဖြစ်ပါတယ်။

သတင်းများအရ လီဗာပူးလ်အသင်းဟာ အာဆင်နယ်အသင်းဘက်ကိုတော့ မကမ်းလှမ်းရသေးပေမယ့် မူစတာဖီကတော့ ပစ်မှတ်ထားနေတဲ့ ကစားသမားတွေထဲမှာ ပါဝင်နေပါတယ်။ သူ့ရဲ့ စာချုပ်သက်တမ်းကလည်း နွေရာသီမှာ ကုန်ဆုံးမှာဖြစ်လို့ လီဗာပူးလ်အသင်းဘက်က သူ့ကို ပြောင်းရွှေ့ကြေးနဲနဲလောက်နဲ့ ခေါ်ယူလို့ရနေတာဖြစ်ပါတယ်။

အာဆင်နယ်နည်းပြ အာတီတာကလည်း မူစတာဖီရဲ့ အေးဂျင့်ဖြစ်သူနဲ့ စာချုပ်ဖျက်သိမ်းရန် ဆွေးနွေးခဲ့တယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါသေးတယ်။ အသက် ၂၈ နှစ်အရွယ်ကစားသမားကို လာဇီယိုကလည်း စိတ်ဝင်စားခဲ့ပြီး ကမ်းလှမ်းရန် ပြင်ဆင်နေတာ ဖြစ်ပါတယ်။

ခံစစ္ျပႆနာကို ေျဖရွင္းရန္အတြက္ မူစတာဖီကို ေခၚယူရန္ စဥ္းစားေနတဲ့ လီဗာပူးလ္

လီဗာပူးလ္အသင္းဟာ အသင္းရဲ႕ ခံစစ္ျပႆနာကို ေျဖရွင္းရန္အတြက္ အာဆင္နယ္ေနာက္ခံလူ မူစတာဖီကို ေခၚယူရန္ စဥ္းစားေနတယ္လို႔ သတင္းေတြ ထြက္ေပၚလာပါတယ္။ ဂ်ာမန္ဗဟိုေနာက္ခံလူဟာ အာတီတာရဲ႕ အသင္းမွာ ကစားခြင့္ေပ်ာက္ဆံုးေနၿပီး အသင္းကေန ေရာင္းခ်ခံရဖို႔ မ်ားေနသူ ျဖစ္ပါတယ္။

သတင္းမ်ားအရ လီဗာပူးလ္အသင္းဟာ အာဆင္နယ္အသင္းဘက္ကိုေတာ့ မကမ္းလွမ္းရေသးေပမယ့္ မူစတာဖီကေတာ့ ပစ္မွတ္ထားေနတဲ့ ကစားသမားေတြထဲမွာ ပါ၀င္ေနပါတယ္။ သူ႔ရဲ႕ စာခ်ဳပ္သက္တမ္းကလည္း ေႏြရာသီမွာ ကုန္ဆံုးမွာျဖစ္လို႔ လီဗာပူးလ္အသင္းဘက္က သူ႔ကို ေျပာင္းေရႊ႕ေၾကးနဲနဲေလာက္နဲ႔ ေခၚယူလို႔ရေနတာျဖစ္ပါတယ္။

အာဆင္နယ္နည္းျပ အာတီတာကလည္း မူစတာဖီရဲ႕ ေအးဂ်င့္ျဖစ္သူနဲ႔ စာခ်ဳပ္ဖ်က္သိမ္းရန္ ေဆြးေႏြးခဲ့တယ္လို႔ ထုတ္ေဖာ္ေျပာၾကားခဲ့ပါေသးတယ္။ အသက္ ၂၈ ႏွစ္အရြယ္ကစားသမားကို လာဇီယိုကလည္း စိတ္၀င္စားခဲ့ၿပီး ကမး္လွမ္းရန္ ျပင္ဆင္ေနတာ ျဖစ္ပါတယ္။