အဲရစ်ဂါစီယာကို မခေါ်နိုင်လို့ ဂျူနီယာဖာပိုကို အသင်းက ထွက်ခွာခွင့် ပိတ်ပင်လိုက်တဲ့ ဘာစီလိုနာနည်းပြ ရော်နယ်ကိုးမန်း

ဂျူနီယာဖာပိုဟာ ဘာစီလိုနာအသင်းကနေ ဇန်နဝါရီအပြောင်းအရွှေ့မပိတ်သိမ်းခင် အသင်းကနေ ထွက်ခွာရန် ရည်ရွယ်ထားပေမယ့် နည်းပြရော်နယ်ကိုးမန်းကတော့ အသင်းကနေ ဘယ်ကစားသမားကိုမှ ထွက်ခွာခွင့်ပေးမှာ မဟုတ်တော့ဘူးလို့ သိရပါတယ်။ ဟော်လန်လူမျိုးနည်းပြကြီးဟာ အဲရစ်ဂါစီယာကို မန်စီးတီးအသင်းကနေခေါ်ယူနိုင်မှသာ ဘယ်နောက်ခံလူကို ထွက်ခွာခွင့်ပေးမှာဖြစ်ပါတယ်။

ဂရန်နာဒါ၊ အေစီမီလန် နဲ့ ဆောက်သမ်တန် တို့အားလုံးက ဘာစီလိုနာအသင်းကို မကြာသေးခင်က ဆက်သွယ်မှုတွေ လုပ်နေခဲ့ပါတယ်။ သို့သော်လည်း ဘာစီလိုနာအသင်းက အဲရစ်ဂါစီယာကို မခေါ်နိုင်ခဲ့လို့ သူ့ကို ထွက်ခွာခွင့်ပေးမှာ မဟုတ်တော့ပါဘူး။ ဆောက်သမ်တန်အသင်းက ပိုက်ဆံပိုပေးပြီး ကမ်းလှမ်းခဲ့သော်လည်း အခုတစ်ပတ်အစပိုင်းတုန်းက အေစီမီလန်အသင်းနဲ့ သဘောတူညီမှု ရခဲ့တယ်လို့ သတင်းထွက်ခဲ့တာ ဖြစ်ပါတယ်။


