အငှားကာလမှာ ခြေစွမ်းပြနေတဲ့ ယူနိုက်တက်နောက်ခံလူ ဒါးလော့ကို အပြီးသတ်ခေါ်ယူချင်နေတဲ့ အေစီမီလန်အသင်း

အေစီမီလန်အသင်းဟာ ယူနိုက်တက်အသင်းက အငှားနဲ့ လာရောက်ကစားနေတဲ့ နောက်ခံလူ ဒါးလော့ကို အပြီးသတ်ခေါ်ယူချင်နေတယ်လို့ သိရပါတယ်။ အသက် ၂၁ နှစ်အရွယ်ကစားသမားဟာ အေစီမီလန်အသင်းဆီကို အငှားနဲ့ ရောက်ရှိလာခဲ့ကတည်းက ပုံမှန်ပွဲကစားခွင့်ရနေပြီး သူ့အသင်းဟာလည်း ရာသီဝက်မှာ စီးရီးအေ အမှတ်ပေးဇယား ထိပ်ဆုံး၌ ရပ်တည်နေတာ ဖြစ်ပါတယ်။

ဒါးလော့ဟာ ဒီရာသီမှာ ပြိုင်ပွဲစုံ (၁၆) ပွဲကစားထားပြီး အသင်းရဲ့ အရေးပါတဲ့ ကစားသမားတစ်ယောက်ဆိုတာကို သက်သေပြထားပါတယ်။ The Sun သတင်းဌာနက ဖော်ပြချက်အရ အေစီမီလန်အသင်းဟာ ယူနိုက်တက်အသင်းကို ဒါးလော့အတွက် ပေါင် ၁၅ သန်းနဲ့ အပြီးသတ် ကမ်းလှမ်းခေါ်ယူရန် ကမ်းလှမ်းခဲ့တယ်လို့ သိရပါတယ်။

ပေါ်တူဂီ နောက်ခံလူကို ၂၀၁၈ ခုနှစ်က ယူနိုက်တက်အသင်းဟာ ပေါ်တိုအသင်းကနေ ပေါင် ၁၉ သန်းပေါ်ပြီး ခေါ်ယူခဲ့ပေမယ့် သူဟာ ပရီးမီးယားလိဂ်မှာ ပွဲ (၂၀) ပဲ ကစားထားရသူဖြစ်ပါတယ်။ ဒါးလော့ကိုယ်တိုင်လည်း အေစီမီလန်အသင်းမှာ ပျော်ရွှင်နေပြီး ဆက်နေချင်နေတယ်လို့ သိရပါတယ်။

ယူနိုက်တက်အသင်းဘက်ကတော့ ဒါးလော့ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး ဆုံးဖြတ်ချက်မချရသေးပေမယ့် သူ့ရဲ့ တိုးတက်မှုနှုန်းကိုတေ့ာ အနီးကပ် စောင့်ကြည့်နေတာ ဖြစ်ပါတယ်။ သို့သော်လည်း ဒါးလော့ကစားတဲ့ ညာနောက်ခံလူနေရာမှာ ယူနိုက်တက်၌ ဝမ်ဘစ်ဆာကာက ပုံမှန်ပွဲကစားခွင့် ရနေပါတယ်။ ဘယ်နောက်ခံလူနေရာမှာလည်း ယူနိုက်တက်၌ လုခ်ရှော၊ အဲလက်စ်တဲလက်စ် နဲ့ ဘရန်ဒန်ဝီလီယံမ်စ်တို့လည်း ရှိနေသေးတာ ဖြစ်ပါတယ်။

အငွားကာလမွာ ေျခစြမ္းျပေနတဲ့ ယူႏိုက္တက္ေနာက္ခံလူ ဒါးေလာ့ကို အၿပီးသတ္ေခၚယူခ်င္ေနတဲ့ ေအစီမီလန္အသင္း

ေအစီမီလန္အသင္းဟာ ယူႏိုက္တက္အသင္းက အငွားနဲ႔ လာေရာက္ကစားေနတဲ့ ေနာက္ခံလူ ဒါးေလာ့ကို အၿပီးသတ္ေခၚယူခ်င္ေနတယ္လို႔ သိရပါတယ္။ အသက္ ၂၁ ႏွစ္အရြယ္ကစားသမားဟာ ေအစီမီလန္အသင္းဆီကို အငွားနဲ႔ ေရာက္ရွိလာခဲ့ကတည္းက ပံုမွန္ပြဲကစားခြင့္ရေနၿပီး သူ႔အသင္းဟာလည္း ရာသီ၀က္မွာ စီးရီးေအ အမွတ္ေပးဇယား ထိပ္ဆံုး၌ ရပ္တည္ေနတာ ျဖစ္ပါတယ္။

ဒါးေလာ့ဟာ ဒီရာသီမွာ ၿပိဳင္ပြဲစံု (၁၆) ပြဲကစားထားၿပီး အသင္းရဲ႕ အေရးပါတဲ့ ကစားသမားတစ္ေယာက္ဆိုတာကို သက္ေသျပထားပါတယ္။ The Sun သတင္းဌာနက ေဖာ္ျပခ်က္အရ ေအစီမီလန္အသင္းဟာ ယူႏိုက္တက္အသင္းကို ဒါးေလာ့အတြက္ ေပါင္ ၁၅ သန္းနဲ႔ အၿပီးသတ္ ကမး္လွမ္းေခၚယူရန္ ကမ္းလွမ္းခဲ့တယ္လို႔ သိရပါတယ္။

ေပၚတူဂီ ေနာက္ခံလူကို ၂၀၁၈ ခုႏွစ္က ယူႏိုက္တက္အသင္းဟာ ေပၚတိုအသင္းကေန ေပါင္ ၁၉ သန္းေပၚၿပီး ေခၚယူခဲ့ေပမယ့္ သူဟာ ပရီးမီးယားလိဂ္မွာ ပြဲ (၂၀) ပဲ ကစားထားရသူျဖစ္ပါတယ္။ ဒါးေလာ့ကိုယ္တိုင္လည္း ေအစီမီလန္အသင္းမွာ ေပ်ာ္ရႊင္ေနၿပီး ဆက္ေနခ်င္ေနတယ္လို႔ သိရပါတယ္။

ယူႏိုက္တက္အသင္းဘက္ကေတာ့ ဒါးေလာ့ရဲ႕ အနာဂတ္နဲ႔ ပတ္သက္ၿပီး ဆံုးျဖတ္ခ်က္မခ်ရေသးေပမယ့္ သူ႔ရဲ႕ တိုးတက္မႈႏႈန္းကိုေတ့ာ အနီးကပ္ ေစာင့္ၾကည့္ေနတာ ျဖစ္ပါတယ္။ သို႔ေသာ္လည္း ဒါးေလာ့ကစားတဲ့ ညာေနာက္ခံလူေနရာမွာ ယူႏိုက္တက္၌ ၀မ္ဘစ္ဆာကာက ပံုမွန္ပြဲကစားခြင့္ ရေနပါတယ္။ ဘယ္ေနာက္ခံလူေနရာမွာလည္း ယူႏိုက္တက္၌ လုခ္ေရွာ၊ အဲလက္စ္တဲလက္စ္ နဲ႔ ဘရန္ဒန္ဝီလီယံမ္စ္တို႔လည္း ရွိေနေသးတာ ျဖစ္ပါတယ္။