ဒယ်လီအလီကို အငှားထက် အပြီးခေါ်ချင်နေတဲ့ ပီအက်စ်ဂျီအသင်း

ပီအက်စ်ဂျီအသင်းဟာ စပါးကွင်းလယ်ကစားသမား ဒယ်လီအလီကို အပြီးသတ်ခေါ်ယူရန်ပဲ ရည်ရွယ်ထားတာဖြစ်တယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။ စပါးနည်းပြဟောင်း ပိုချက်တီနို လက်ရှိမှာ ကိုင်တွယ်နေတဲ့ ပြင်သစ်ဘီလူးအသင်းဟာ ကွင်းလယ်ဖန်တီးရှင်ကို တနလာၤနေ့ အပြောင်းအရွှေ့ရာသီမပိတ်သိမ်းခင် အငှားနဲ့ ခေါ်ယူတော့မှာ ဖြစ်ပါတယ်။

စပါးအသင်းမှာ အလီဟာ (၃) နှစ်ခွဲလောက် စာချုပ်သက်တမ်းကျန်ရှိနေသေးတာဖြစ်လို့ လန်ဒန်ကလပ်အသင်းဟာ ပီအက်စ်ဂျီအသင်းလိုချင်နေတဲ့ အပြီးသတ်ဝယ်ယူခွင့်ကို မပေးချင်ဘူးလို့ သိရပါတယ်။သို့သော်လည်း သတင်းများအရ ပီအက်စ်ဂျီအသင်းတာဝန်ရှိသူတွေဟာ အလီအနေနဲ့ အသင်းမှာ အငှားကာလ၌ ခြေစွမ်းပြပါက အပြီးသတ်ဝယ်ယူရန် ကြိုးစားသွားမယ်လို့ သိရပါတယ်။

စပါးအသင်းဘက်ကလည်း အသက် ၂၄ နှစ်အရွယ်ကစားသမားနေရာမှာ အစားထိုးမယ့် ကစားသမားကို နောက် (၃) ရက်အတွင်း ခေါ်ယူလို့ရမှသာ နည်းပြမော်ရင်ဟိုက သူ့ကိုလက်လွှွတ်မှာ ဖြစ်ပါတယ်။ အလီဟာ ဒီဇင်ဘာလအလယ်ကတည်းက စပါးအသင်းအတွက် ဖလားပြိုင်ပွဲ (၂) ပွဲမှာပဲ ဝင်ရောက်ကစားထားခဲ့ရပြီး ပရီးမီးယားလိဂ်မှာတော့ ပွဲထွက်ခွင့် လုံးဝမရတော့သူဖြစ်ပါတယ်။

ဒယ္လီအလီကို အငွားထက္ အၿပီးေခၚခ်င္ေနတဲ့ ပီအက္စ္ဂ်ီအသင္း

ပီအက္စ္ဂ်ီအသင္းဟာ စပါးကြင္းလယ္ကစားသမား ဒယ္လီအလီကို အၿပီးသတ္ေခၚယူရန္ပဲ ရည္ရြယ္ထားတာျဖစ္တယ္လို႔ သတင္းထြက္ေပၚလာခဲ့ပါတယ္။ စပါးနည္းျပေဟာင္း ပိုခ်က္တီႏို လက္ရွိမွာ ကိုင္တြယ္ေနတဲ့ ျပင္သစ္ဘီလူးအသင္းဟာ ကြင္းလယ္ဖန္တီးရွင္ကို တနလာၤေန႔ အေျပာင္းအေရႊ႕ရာသီမပိတ္သိမ္းခင္ အငွားနဲ႔ ေခၚယူေတာ့မွာ ျဖစ္ပါတယ္။

စပါးအသင္းမွာ အလီဟာ (၃) ႏွစ္ခြဲေလာက္ စာခ်ဳပ္သက္တမ္းက်န္ရွိေနေသးတာျဖစ္လို႔ လန္ဒန္ကလပ္အသင္းဟာ ပီအက္စ္ဂ်ီအသင္းလိုခ်င္ေနတဲ့ အၿပီးသတ္၀ယ္ယူခြင့္ကို မေပးခ်င္ဘူးလို႔ သိရပါတယ္။သို႔ေသာ္လည္း သတင္းမ်ားအရ ပီအက္စ္ဂ်ီအသင္းတာ၀န္ရွိသူေတြဟာ အလီအေနနဲ႔ အသင္းမွာ အငွားကာလ၌ ေျခစြမ္းျပပါက အၿပီးသတ္၀ယ္ယူရန္ ႀကိဳးစားသြားမယ္လို႔ သိရပါတယ္။

စပါးအသင္းဘက္ကလည္း အသက္ ၂၄ ႏွစ္အရြယ္ကစားသမားေနရာမွာ အစားထိုးမယ့္ ကစားသမားကို ေနာက္ (၃) ရက္အတြင္း ေခၚယူလို႔ရမွသာ နည္းျပေမာ္ရင္ဟိုက သူ႔ကိုလက္လႊြတ္မွာ ျဖစ္ပါတယ္။ အလီဟာ ဒီဇင္ဘာလအလယ္ကတည္းက စပါးအသင္းအတြက္ ဖလားၿပိဳင္ပြဲ (၂) ပြဲမွာပဲ ၀င္ေရာက္ကစားထားခဲ့ရၿပီး ပရီးမီးယားလိဂ္မွာေတာ့ ပြဲထြက္ခြင့္ လံုး၀မရေတာ့သူျဖစ္ပါတယ္။