ဂျာဒွန်ဆန်ချိုကို မရရင် အူစမန်နီဒမ်ဘီလီကို ကြိုးစားမယ့် ယူနိုက်တက်အသင်း

ယူနိုက်တက်အသင်းဟာ ဒေါ့မွန်တောင်ပံကစားသမား ဂျာဒွန်ဆန်ချိုကို မရရင် ဘာစီလိုနာအသင်းဆီက အူစမန်နီဒမ်ဘီလီကို ခေါ်ယူရန် ကြိုးစားမယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ ယူနိုက်တက်အသင်းဟာ ဆန်ချိုကို ပြီးခဲ့တဲ့ နွေရာသီက ဆက်တိုက် ဆက်သွယ်မှုတွေ လုပ်ခဲ့ပေမယ့် ဒေါ့မွန်အသင်းနဲ့ သဘောတူညီမှု မရခဲ့တာဖြစ်ပါတယ်။ ဒေါ့မွန်အသင်းဟာ သူတို့တောင်းတဲ့ ပေါင် ၁၀၈ သန်းကို လုံးဝမလျှော့ပဲ တင်းခံနေခဲ့ပါတယ်။

ဆိုးလ်ရှားရဲ့ အသင်းဟာ ဒမ်ဘီလီကို အငှားနဲ့ ခေါ်ယူရန် ရည်ရွယ်ခဲ့ပေမယ့် အပြောင်းအရွှေ့လည်း ပိတ်သွားခဲ့ပြီး ပြင်သစ်လက်ရွေးစင်ကစားသမားလည်း နူးကမ့်မှာ ဆက်ရှိနေခဲ့တာဖြစ်ပါတယ်။သတင်းများအရ အကြိမ် (၂၀) မြောက် အင်္ဂလိပ်ချန်ပီယံအသင်းဟာ ဆန်ချိုကို မခေါ်လို့ရပါက ကမ္ဘာ့ဖလား ရရှိထားဖူးတဲ့ ကစားသမားကို ကမ်းလှမ်းနိုင်ဖွယ်ရှိတယ်လို့ သိရပါတယ်။

ဒမ်ဘီလီဟာ လက်ရှိရာသီမှာတော့ နည်းပြသစ် ရော်နယ်ကိုးမန်းလက်အောက်မှာ ပုံမှန်ကစားခွင့်ရနေသူ ဖြစ်ပါတယ်။ သူဟာ ပြိုင်ပွဲစုံ (၂၁) ပွဲမှာ (၆) ဂိုးသွင်း (၃) ဂိုးဖန်တီးပေးထားပါတယ်။ ဆန်ချိုကတော့ ဒီရာသီ ဘွန်ဒက်စ်လီဂါမှာ (၂) ဂိုးသာသွင်းထားပေမယ့် အင်္ဂလန်လက်ရွေးစင်ကစားသမားဟာ (၂၃) ပွဲကစားထားပြီး (၆) ဂိုးသွင်း (၁၃) ဂိုးဖန်တီးပေးထားပါတယ်။

ဂ်ာဒြန္ဆန္ခ်ိဳကို မရရင္ အူစမန္နီဒမ္ဘီလီကို ႀကိဳးစားမယ့္ ယူႏိုက္တက္အသင္း

ယူႏိုက္တက္အသင္းဟာ ေဒါ့မြန္ေတာင္ပံကစားသမား ဂ်ာဒြန္ဆန္ခ်ိဳကို မရရင္ ဘာစီလိုနာအသင္းဆီက အူစမန္နီဒမ္ဘီလီကို ေခၚယူရန္ ႀကိဳးစားမယ္လို႔ သတင္းေတြ ထြက္ေပၚလာပါတယ္။ ယူႏိုက္တက္အသင္းဟာ ဆန္ခ်ိဳကို ၿပီးခဲ့တဲ့ ေႏြရာသီက ဆက္တိုက္ ဆက္သြယ္မႈေတြ လုပ္ခဲ့ေပမယ့္ ေဒါ့မြန္အသင္းနဲ႔ သေဘာတူညီမႈ မရခဲ့တာျဖစ္ပါတယ္။ ေဒါ့မြန္အသင္းဟာ သူတို႔ေတာင္းတဲ့ ေပါင္ ၁၀၈ သန္းကို လံုး၀မေလွ်ာ့ပဲ တင္းခံေနခဲ့ပါတယ္။

ဆိုးလ္ရွားရဲ႕ အသင္းဟာ ဒမ္ဘီလီကို အငွားနဲ႔ ေခၚယူရန္ ရည္ရြယ္ခဲ့ေပမယ့္ အေျပာင္းအေရႊ႕လည္း ပိတ္သြားခဲ့ၿပီး ျပင္သစ္လက္ေရြးစင္ကစားသမားလည္း ႏူးကမ့္မွာ ဆက္ရွိေနခဲ့တာျဖစ္ပါတယ္။သတင္းမ်ားအရ အႀကိမ္ (၂၀) ေျမာက္ အဂၤလိပ္ခ်န္ပီယံအသင္းဟာ ဆန္ခ်ိဳကို မေခၚလို႔ရပါက ကမာၻ႕ဖလား ရရွိထားဖူးတဲ့ ကစားသမားကို ကမ္းလွမ္းႏိုင္ဖြယ္ရွိတယ္လို႔ သိရပါတယ္။

ဒမ္ဘီလီဟာ လက္ရွိရာသီမွာေတာ့ နည္းျပသစ္ ေရာ္နယ္ကိုးမန္းလက္ေအာက္မွာ ပံုမွန္ကစားခြင့္ရေနသူ ျဖစ္ပါတယ္။  သူဟာ ၿပိဳင္ပြဲစံု (၂၁) ပြဲမွာ (၆) ဂိုးသြင္း (၃) ဂိုးဖန္တီးေပးထားပါတယ္။ ဆန္ခ်ိဳကေတာ့ ဒီရာသီ ဘြန္ဒက္စ္လီဂါမွာ (၂) ဂိုးသာသြင္းထားေပမယ့္ အဂၤလန္လက္ေရြးစင္ကစားသမားဟာ (၂၃) ပြဲကစားထားၿပီး (၆) ဂိုးသြင္း (၁၃) ဂိုးဖန္တီးေပးထားပါတယ္။