ဘရန်ဒန်ရော်ဂျာရဲ့ စွမ်းဆောင်ရည်ကြောင့် လက်စတာအနေနဲ့ နောက်တစ်ကြိမ်ချန်ပီယံဖြစ်နိုင်တယ်လို့ ဖော်ပြခံရ


လက်ရှိအမှတ်ပေးဇယားအဆင့်- ၃နေရာမှာ ရပ်တည်နေတဲ့ လက်စတာအသင်းအနေနဲ့ နည်းပြ ဘရန်ဒန်ရော်ဂျာရဲ့ ဦး ဆောင်မှုကြောင့် ပရီးမီးယားလိဂ်ချန်ပီယံဆုကို နောက်ထပ်တစ်ကြိမ်ရယူနိုင်ဖို့ ရှိနေတယ်ဆိုပြီး သတင်းတွေကရေးသား ဖော်ပြခဲ့ကြပါတယ်။ ပရီးမီးယားလိဂ်မှာ ထိပ်ဆုံး ၆ သင်းလို့ သတ်မှတ်ထားတဲ့အသင်း ၆ သင်းကိုကျော်ပြီး ၂၀၀၀ ခုနှစ် နောက်ပိုင်းချန်ပီယံဖြစ်ခဲ့တဲ့အသင်းဆိုလို့ ၂၀၁၅ ခုနှစ်က လက်စတာ တစ်သင်းတည်းရှိခဲ့တာ ဖြစ်ပါတယ်။


လက်ရှိမှာ ရလဒ်ပိုင်းဆိုးရွားမှုတွေဖြစ်နေတဲ့ အာဆင်နယ်အသင်းအနေနဲ့ ဘရန်ဒန်ရော်ဂျာကို နည်းပြအဖြစ် ခန့်အပ်ဖို့ လုပ်ဆောင်နေတယ်ဆိုတဲ့ သတင်းတွေကြောင့် လက်စတာအသင်းတာဝန်ရှိသူတွေကလည်း သူကို စာချုပ်သက်တမ်း တိုး ဖို့ လုပ်နေတယ်လို့ သိရပါတယ်။ လက်ရှိလက်စတာအသင်းဟာ လွန်ခဲ့တဲ့ ၅နှစ်က ရာနီရေးနီ ကိုင်တွယ်ပြီး ချန်ပီယံဖြစ်ခဲ့ တဲ့အသင်းထက် ပိုကောင်းနေတာကြောင့် ချန်ပီယံဆုကို မျှော်မှန်းနိုင်တဲ့အနေအထားမှာရှိတယ်ဆိုပြီးလည်း ဖော်ပြခံနေရ တာဖြစ်ပါတယ်။


ချန်ပီယံဖြစ်နိုင်တယ်ဆိုပြီး ခန့်မှန်းမှုတွေနဲ့ ပတ်သက်ပြီးတော့ ဘရန်ဒန်ရော်ဂျာက “ အသင်းအနေနဲ့ အရင်ဆုံးကြိုးစားပြီး လုပ်ဆောင်ရမှာက ချန်ပီယံလိဂ်ဝင်ခွင့်ကို အမြဲတမ်းရနေတဲ့ အဆင့်-၄ အတွင်းဝင်ဖို့ပါ။ အသင်းရဲ့ ခြေစွမ်းက တစ်နေ့ ထက် တစ်နေ့ ပိုကောင်းလာတာကြောင့် အသင်းကြီးတစ်သင်းဖြစ်အောင် အရင်လုပ်ဆောင်ရမှာပါ” ဆိုပြီးပြောခဲ့ပါတယ်။ ဘရန်ဒန်ရော်ဂျာဟာ အင်္ဂလန်ကလပ်တွေဖြစ်တဲ့ ဆွမ်ဆီး၊ လီဗာပူးအသင်းတို့ကို ကိုင်တွယ်ခဲ့တဲ့ နည်းပြတစ်ဦးလည်း ဖြစ် ပါတယ်။

zawgyi version

ဘရန္ဒန္ေရာ္ဂ်ာရဲ႕ စြမ္းေဆာင္ရည္ေၾကာင့္ လက္စတာအေနနဲ႔ ေနာက္တစ္ႀကိမ္ခ်န္ပီယံျဖစ္ႏိုင္တယ္လို႔ ေဖာ္ျပခံရ
လက္ရွိအမွတ္ေပးဇယားအဆင့္- ၃ေနရာမွာ ရပ္တည္ေနတဲ့ လက္စတာအသင္းအေနနဲ႔ နည္းျပ ဘရန္ဒန္ေရာ္ဂ်ာရဲ႕ ဦး ေဆာင္မႈေၾကာင့္ ပရီးမီးယားလိဂ္ခ်န္ပီယံဆုကို ေနာက္ထပ္တစ္ႀကိမ္ရယူႏိုင္ဖို႔ ရွိေနတယ္ဆိုၿပီး သတင္းေတြကေရးသား ေဖာ္ျပခဲ့ၾကပါတယ္။ ပရီးမီးယားလိဂ္မွာ ထိပ္ဆံုး ၆ သင္းလို႔ သတ္မွတ္ထားတဲ့အသင္း ၆ သင္းကိုေက်ာ္ၿပီး ၂၀၀၀ ခုႏွစ္ ေနာက္ပိုင္းခ်န္ပီယံျဖစ္ခဲ့တဲ့အသင္းဆိုလို႔ ၂၀၁၅ ခုႏွစ္က လက္စတာ တစ္သင္းတည္းရွိခဲ့တာ ျဖစ္ပါတယ္။
လက္ရွိမွာ ရလဒ္ပိုင္းဆိုးရြားမႈေတြျဖစ္ေနတဲ့ အာဆင္နယ္အသင္းအေနနဲ႔ ဘရန္ဒန္ေရာ္ဂ်ာကို နည္းျပအျဖစ္ ခန္႔အပ္ဖို႔ လုပ္ေဆာင္ေနတယ္ဆိုတဲ့ သတင္းေတြေၾကာင့္ လက္စတာအသင္းတာဝန္ရွိသူေတြကလည္း သူကို စာခ်ဳပ္သက္တမ္း တိုး ဖို႔ လုပ္ေနတယ္လို႔ သိရပါတယ္။ လက္ရွိလက္စတာအသင္းဟာ လြန္ခဲ့တဲ့ ၅ႏွစ္က ရာနီေရးနီ ကိုင္တြယ္ၿပီး ခ်န္ပီယံျဖစ္ခဲ့ တဲ့အသင္းထက္ ပိုေကာင္းေနတာေၾကာင့္ ခ်န္ပီယံဆုကို ေမွ်ာ္မွန္းႏိုင္တဲ့အေနအထားမွာရွိတယ္ဆိုၿပီးလည္း ေဖာ္ျပခံေနရ တာျဖစ္ပါတယ္။
ခ်န္ပီယံျဖစ္ႏိုင္တယ္ဆိုၿပီး ခန္႔မွန္းမႈေတြနဲ႔ ပတ္သက္ၿပီးေတာ့ ဘရန္ဒန္ေရာ္ဂ်ာက “ အသင္းအေနနဲ႔ အရင္ဆံုးႀကိဳးစားၿပီး လုပ္ေဆာင္ရမွာက ခ်န္ပီယံလိဂ္ဝင္ခြင့္ကို အၿမဲတမ္းရေနတဲ့ အဆင့္-၄ အတြင္းဝင္ဖို႔ပါ။ အသင္းရဲ႕ ေျခစြမ္းက တစ္ေန႔ ထက္ တစ္ေန႔ ပိုေကာင္းလာတာေၾကာင့္ အသင္းႀကီးတစ္သင္းျဖစ္ေအာင္ အရင္လုပ္ေဆာင္ရမွာပါ” ဆိုၿပီးေျပာခဲ့ပါတယ္။ ဘရန္ဒန္ေရာ္ဂ်ာဟာ အဂၤလန္ကလပ္ေတြျဖစ္တဲ့ ဆြမ္ဆီး၊ လီဗာပူးအသင္းတို႔ကို ကိုင္တြယ္ခဲ့တဲ့ နည္းျပတစ္ဦးလည္း ျဖစ္ ပါတယ္။