ချဲလ်ဆီးနည်းပြအဖြစ်ကနေ ထုတ်ပယ်ခံရပြီးနောက် ပထမဆုံးအကြိမ် လန်ဒန်မြို့ခံ လမ်းမတွေမှာ တွေ့ရတဲ့ လမ်းပတ်


ရလဒ်ပိုင်းဆိုးရွားမှုတွေကြောင့် ချဲလ်ဆီးအသင်းပိုင်ရှင် အေဘရာမိုဗစ်ရဲ့ လက်ထက်မှာ ၁၁ မြောက်ထုတ်ပယ်ခံရတဲ့ လမ်း ပတ်ကို လန်ဒန်မြို့ခံလမ်းမတွေပေါ်မှာ ပထမဆုံးအကြိမ်အဖြစ် သူရဲ့ခွေးနဲ့အတူ လမ်းလျှောက်ထွက်လာတာကို တွေ့ရပါ တယ်။ ချဲလ်ဆီးအသင်းမှာ ကစားသမားဘဝရော၊ နည်းပြဘဝမှာပါ အောင်မြင်မှုရခဲ့ပေမယ့် လက်ရှိရုန်းကန်နေရတဲ့အခြေ အနေတွေကြောင့် လမ်းပတ်အနေနဲ့ ထုတ်ပယ်ခံခဲ့ရတာပဲ ဖြစ်ပါတယ်။


လမ်းပတ်က “ ချဲလ်ဆီးအသင်းကို နည်းပြလုပ်ခွင့်ရတာဟာ ကျွန်တော်ဘဝအတွက်တော့ ကြီးမားတဲ့အစိတ်အပိုင်းတစ်ခု ပါ။ ပထမဆုံးအနေနဲ့ အသင်းကိုအားပေးခဲ့တဲ့ ပရိသတ်တွေကို ကျေးဇူးတင်ပါတယ်။ ပြီးခဲ့တဲ့ ၁၈ လအတွင်းက သူတို့ရှိနေ ခဲ့လို့သာ အကောင်းဆုံးလုပ်နိုင်ခဲ့တာပါ။ အသင်းအကယ်ဒမီကနေ ကစားသမားတွေကို ခေါ်ယူပြီး အသင်းကြီးအတွက် အသုံးပြုနိုင်ခဲ့ပါတယ်။ ဒီရာသီမှာ ကစားသမားကောင်းတွေခေါ်ယူထားခဲ့ပေမယ့် အသားကျဖို့အတွက် အချိန်မပေးနိုင်ခဲ့ သလို အသင်းကို နောက်ထပ်အဆင့်တစ်ခုရောက်အောင် မလုပ်နိုင်ခဲ့လို ထုတ်ပယ်ခံခဲ့ရတာပါ” ဆိုပြီး လိဂ်မန်နေဂျာ အဖွဲ့ အစည်းရှင်းပြချက်မှာ ရေးခဲ့တယ်လို့ သိရပါတယ်။


အသက် ၅၄ နှစ်ရှိပြီဖြစ်တဲ့ ချဲလ်ဆီးအသင်းပိုင်ရှင် အေဘရာမိုဗစ်ဟာ အသင်းကို အကောင်းဆုံးထောက်ပံမှုပေးတဲ့ ပိုင်ရှင် တစ်ဦးဖြစ်သလို ရလဒ်ကောင်းမရရင်လည်း နည်းပြတွေကို ထုတ်ပယ့်လေရှိတဲ့သူဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းပိုင်ရှင် အေ ဘရာမိုဗစ်ဟာ သူရဲ့ လက်ထက်မှာ ရလဒ်မကောင်းခဲ့ဘူးဆိုရင် နာမည်ကျော်နည်းပြတွေဖြစ်တဲ့ မော်ရင်ဟို၊ ကွန်တီနဲ့ ဆာ ရီ တို့လို နည်းပြတွေကိုတောင် ထုတ်ပယ်ခဲ့သူလည်း ဖြစ်ပါတယ်။

zawgyi version

ခ်ဲလ္ဆီးနည္းျပအျဖစ္ကေန ထုတ္ပယ္ခံရၿပီးေနာက္ ပထမဆံုးအႀကိမ္ လန္ဒန္ၿမိဳ႕ခံ လမ္းမေတြမွာ ေတြ႕ရတဲ့ လမ္းပတ္
ရလဒ္ပိုင္းဆိုးရြားမႈေတြေၾကာင့္ ခ်ဲလ္ဆီးအသင္းပိုင္ရွင္ ေအဘရာမိုဗစ္ရဲ႕ လက္ထက္မွာ ၁၁ ေျမာက္ထုတ္ပယ္ခံရတဲ့ လမ္း ပတ္ကို လန္ဒန္ၿမိဳ႕ခံလမ္းမေတြေပၚမွာ ပထမဆံုးအႀကိမ္အျဖစ္ သူရဲ႕ေခြးနဲ႔အတူ လမ္းေလွ်ာက္ထြက္လာတာကို ေတြ႕ရပါ တယ္။ ခ်ဲလ္ဆီးအသင္းမွာ ကစားသမားဘဝေရာ၊ နည္းျပဘဝမွာပါ ေအာင္ျမင္မႈရခဲ့ေပမယ့္ လက္ရွိ႐ုန္းကန္ေနရတဲ့အေျခ အေနေတြေၾကာင့္ လမ္းပတ္အေနနဲ႔ ထုတ္ပယ္ခံခဲ့ရတာပဲ ျဖစ္ပါတယ္။
လမ္းပတ္က “ ခ်ဲလ္ဆီးအသင္းကို နည္းျပလုပ္ခြင့္ရတာဟာ ကၽြန္ေတာ္ဘဝအတြက္ေတာ့ ႀကီးမားတဲ့အစိတ္အပိုင္းတစ္ခု ပါ။ ပထမဆံုးအေနနဲ႔ အသင္းကိုအားေပးခဲ့တဲ့ ပရိသတ္ေတြကို ေက်းဇူးတင္ပါတယ္။ ၿပီးခဲ့တဲ့ ၁၈ လအတြင္းက သူတို႔ရွိေန ခဲ့လို႔သာ အေကာင္းဆံုးလုပ္ႏိုင္ခဲ့တာပါ။ အသင္းအကယ္ဒမီကေန ကစားသမားေတြကို ေခၚယူၿပီး အသင္းႀကီးအတြက္ အသံုးျပဳႏိုင္ခဲ့ပါတယ္။ ဒီရာသီမွာ ကစားသမားေကာင္းေတြေခၚယူထားခဲ့ေပမယ့္ အသားက်ဖို႔အတြက္ အခ်ိန္မေပးႏိုင္ခဲ့ သလို အသင္းကို ေနာက္ထပ္အဆင့္တစ္ခုေရာက္ေအာင္ မလုပ္ႏိုင္ခဲ့လို ထုတ္ပယ္ခံခဲ့ရတာပါ” ဆိုၿပီး လိဂ္မန္ေနဂ်ာ အဖြဲ႕ အစည္းရွင္းျပခ်က္မွာ ေရးခဲ့တယ္လို႔ သိရပါတယ္။
အသက္ ၅၄ ႏွစ္ရွိၿပီျဖစ္တဲ့ ခ်ဲလ္ဆီးအသင္းပိုင္ရွင္ ေအဘရာမိုဗစ္ဟာ အသင္းကို အေကာင္းဆံုးေထာက္ပံမႈေပးတဲ့ ပိုင္ရွင္ တစ္ဦးျဖစ္သလို ရလဒ္ေကာင္းမရရင္လည္း နည္းျပေတြကို ထုတ္ပယ့္ေလရွိတဲ့သူျဖစ္ပါတယ္။ ခ်ဲလ္ဆီးအသင္းပိုင္ရွင္ ေအ ဘရာမိုဗစ္ဟာ သူရဲ႕ လက္ထက္မွာ ရလဒ္မေကာင္းခဲ့ဘူးဆိုရင္ နာမည္ေက်ာ္နည္းျပေတြျဖစ္တဲ့ ေမာ္ရင္ဟို၊ ကြန္တီနဲ႔ ဆာ ရီ တို႔လို နည္းျပေတြကိုေတာင္ ထုတ္ပယ္ခဲ့သူလည္း ျဖစ္ပါတယ္။