ဒိုင်ယက်စ်က မန်စီးတီးအတွက်တော့ ဗန်ဒိုက်ခ်ကို ရသလိုမျိုးပဲလို့ ပြောခဲ့တဲ့ အသင်းခေါင်းဆောင်ဟောင်း ဒန်နီ


မန်စီးတီးအသင်းခေါင်းဆောင်ဟောင်းတစ်ဦးဖြစ်တဲ့ ဒန်နီက ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့က ဘင်ဖီကာကနေ ရောက်ရှ လာတဲ့ နောက်ခံလူဒိုင်ယက်စ်က အသင်းအတွက်တော့ လီဗာပူးက ဗန်ဒိုက်ခ်လို ကစားသမားမျိုးလို့ ပြောခဲ့ပါတယ်။ အား ထားရတဲ့နောက်ခံလူ လာပေါ်တီ ဒဏ်ရာရနေချိန်မှာ ဒိုင်ယက်စ်အနေနဲ့ မန်စီးတီးအသင်းခံစစ်ကို ဦးဆောင်နိုင်ခဲ့ပြီး သူအ တွက် ပေးခဲ့ရတဲ့ပြောင်းရွှေ့ကြေး ပေါင် ၆၁ သန်းနဲ့ ထိုက်တန်တယ်ဆိုတာကို အကောင်းဆုံးသက်သေပြနိုင်ခဲ့ပါတယ်။


SundayWorld အစီအစဉ်မှာတော့ နောက်ခံလူဟောင်း ဒန်နီ က “ မန်စီးတီးအနေနဲ့ လက်စတာကို အိမ်ကွင်းမှာ ဂိုးပြတ်ရှုံး ခဲ့ပြီးနောက်မှာ ဂွါဒီယိုလာအနေနဲ့ အကောင်းဆုံးလုပ်နိုင်ခဲ့ပါတယ်။ ဂွါဒီယိုလာအနေနဲ့ ဒိုင်ယက်စ်ကို အသင်းအတွက် ယုံယုံ ကြည်ကြည်နဲ့ အသုံးပြုခဲ့တာကြောင့် ဂျွန်စတုန်းနဲ့ပေါင်းပြီး အကောင်းဆုံးခံစစ်ကို တည်ဆောက်နိုင်ခဲ့ပါတယ်။” လို့ပြောခဲ့ပါ တယ်။ ဒိုင်ယက်စ်နဲ့ ဂျွန်စတုန်းတို့ ခံစစ်အတွဲကြောင့် မန်စီးတီးဟာ ပရီးမီးယားလိဂ်နောက်ဆုံး ၇ ပွဲဆက်အနိုင်ရခဲ့ပြီး အဲ့ဒီ ၇ ပွဲမှာလည်း ပေးဂိုးတစ်ဂိုးပဲ ပေးခဲ့ရပါတယ်။


ဆက်ကလက်ပြီး ဒန်နီက “ လီဗာပူးအနေနဲ့ ဗန်ဒိုက်ခ်ကို ခေါ်ယူနိုင်ခဲ့တာကြောင့် အကောင်းဆုံးခံစစ်ကို ပိုင်ဆိုင်နိုင်ခဲ့တယ် ဆိုရင် မန်စီးတီးအတွက်တော့ ဒိုင်ယက်စ်က ဗန်ဒိုက်ခ်လို ကစားသမားမျိုးပါပဲ။ သူရဲ့စွမ်းဆောင်ရည်ကြောင့် မန်စီးတီးဟာ အခုဆိုရင် ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ် ပြိုင်ပွဲတွေကို ချန်ပီယံဆုကို စိန်ခေါ်နိုင်တဲ့အသင်း ဖြစ်နေပါပြီ။အခုဆိုရင် ဒိုင် ယက်စ်ကြောင့် မန်စီးတီးဟာ အားနည်းချက်မရှိတဲ့အသင်းလို့တောင် ဆိုရမှာပါ” ဆိုပြီး ပြောသွားခဲ့ပါတယ်။

zawgyi versoin

ဒိုင္ယက္စ္က မန္စီးတီးအတြက္ေတာ့ ဗန္ဒိုက္ခ္ကို ရသလိုမ်ိဳးပဲလို႔ ေျပာခဲ့တဲ့ အသင္းေခါင္းေဆာင္ေဟာင္း ဒန္နီ
မန္စီးတီးအသင္းေခါင္းေဆာင္ေဟာင္းတစ္ဦးျဖစ္တဲ့ ဒန္နီက ၿပီးခဲ့တဲ့ေႏြရာသီအေျပာင္းအေရႊ႕က ဘင္ဖီကာကေန ေရာက္ရွ လာတဲ့ ေနာက္ခံလူဒိုင္ယက္စ္က အသင္းအတြက္ေတာ့ လီဗာပူးက ဗန္ဒိုက္ခ္လို ကစားသမားမ်ိဳးလို႔ ေျပာခဲ့ပါတယ္။ အား ထားရတဲ့ေနာက္ခံလူ လာေပၚတီ ဒဏ္ရာရေနခ်ိန္မွာ ဒိုင္ယက္စ္အေနနဲ႔ မန္စီးတီးအသင္းခံစစ္ကို ဦးေဆာင္ႏိုင္ခဲ့ၿပီး သူအ တြက္ ေပးခဲ့ရတဲ့ေျပာင္းေရႊ႕ေၾကး ေပါင္ ၆၁ သန္းနဲ႔ ထိုက္တန္တယ္ဆိုတာကို အေကာင္းဆံုးသက္ေသျပႏိုင္ခဲ့ပါတယ္။
SundayWorld အစီအစဥ္မွာေတာ့ ေနာက္ခံလူေဟာင္း ဒန္နီ က “ မန္စီးတီးအေနနဲ႔ လက္စတာကို အိမ္ကြင္းမွာ ဂိုးျပတ္ရႈံး ခဲ့ၿပီးေနာက္မွာ ဂြါဒီယိုလာအေနနဲ႔ အေကာင္းဆံုးလုပ္ႏိုင္ခဲ့ပါတယ္။ ဂြါဒီယိုလာအေနနဲ႔ ဒိုင္ယက္စ္ကို အသင္းအတြက္ ယံုယံု ၾကည္ၾကည္နဲ႔ အသံုးျပဳခဲ့တာေၾကာင့္ ဂၽြန္စတုန္းနဲ႔ေပါင္းၿပီး အေကာင္းဆံုးခံစစ္ကို တည္ေဆာက္ႏိုင္ခဲ့ပါတယ္။” လို႔ေျပာခဲ့ပါ တယ္။ ဒိုင္ယက္စ္နဲ႔ ဂၽြန္စတုန္းတို႔ ခံစစ္အတြဲေၾကာင့္ မန္စီးတီးဟာ ပရီးမီးယားလိဂ္ေနာက္ဆံုး ၇ ပြဲဆက္အႏိုင္ရခဲ့ၿပီး အဲ့ဒီ ၇ ပြဲမွာလည္း ေပးဂိုးတစ္ဂိုးပဲ ေပးခဲ့ရပါတယ္။
ဆက္ကလက္ၿပီး ဒန္နီက “ လီဗာပူးအေနနဲ႔ ဗန္ဒိုက္ခ္ကို ေခၚယူႏိုင္ခဲ့တာေၾကာင့္ အေကာင္းဆံုးခံစစ္ကို ပိုင္ဆိုင္ႏိုင္ခဲ့တယ္ ဆိုရင္ မန္စီးတီးအတြက္ေတာ့ ဒိုင္ယက္စ္က ဗန္ဒိုက္ခ္လို ကစားသမားမ်ိဳးပါပဲ။ သူရဲ႕စြမ္းေဆာင္ရည္ေၾကာင့္ မန္စီးတီးဟာ အခုဆိုရင္ ပရီးမီးယားလိဂ္နဲ႔ ခ်န္ပီယံလိဂ္ ၿပိဳင္ပြဲေတြကို ခ်န္ပီယံဆုကို စိန္ေခၚႏိုင္တဲ့အသင္း ျဖစ္ေနပါၿပီ။အခုဆိုရင္ ဒိုင္ ယက္စ္ေၾကာင့္ မန္စီးတီးဟာ အားနည္းခ်က္မရွိတဲ့အသင္းလို႔ေတာင္ ဆိုရမွာပါ” ဆိုၿပီး ေျပာသြားခဲ့ပါတယ္။