လီဗာပူးအနေနဲ့ ဈေးကွက်မပိတ်ခင်မှာ နောက်ခံလူ မဝယ်ရင်တောင် အဌားခေါ်သင့်တယ်လို့ အင်းနရစ် ပြောဆို


လီဗာပူးနောက်ခံလူတစ်ဦးဖြစ်တဲ့ အင်းနရစ်က အသင်းအနေနဲ့ ခံစစ်ပိုင်းပြဿနာတွေကြောင့် ဇန်နဝါရီအပြောင်းအရွှေ့ ဈေးကွက်မပိတ်ခင်မှာ နောက်ခံလူတစ်ဦးကို ဝယ်ယူသင့်ကြောင်းနဲ့ မဝယ်ခဲ့ရင်တောင် အဌားနဲ့ခေါ်ယူသင့်တယ်ဆိုပြီး အကြံပေးပြောသွားခဲ့ပါတယ်။ လီဗာပူးအသင်းမှာ ဗန်ဒိုက်ခ်နဲ့ ဂိုမက်ဇ်တို့အပြင် မာတစ်ပါ ဒဏ်ရာရသွားတာကြောင့် ဗဟို နောက်ခံလူအဖြစ် ကွင်းလယ်အဖျက်ကစားတဲ့သူတွေက ဆင်းကစားပေးနေရတာ ဖြစ်ပါတယ်။


လီဗာပူးအသင်းအနေနဲ့ လက်ရှိမှာ နောက်ခံလူတွေဒဏ်ရာရနေတာကြောင့် ရုန်းကန်နေရပြီး ပရီးမီးယားလိဂ်နောက်ဆုံး ၅ ပွဲမှာ ၁ပွဲပဲ အနိုင်ရခဲ့ပါတယ်။ ဒီလိုရုန်းကန်နေရတာတွေက ကွင်းလယ်ပိုင်းအားနည်းမှုတွေကြောင့်လို့ ထောက်ပြခဲ့ကြပြီး တန်ပြန်တိုက်စစ်ကစားချိန်မှာ ခံစစ်နဲ့ တိုက်စစ်ကို ချိတ်ဆက်ပေးနိုင်မယ့် ကွင်းလယ်ကစားသမားတွေမရှိဘူးဖြစ်နေတယ် ဆိုပြီးတော့လည်း သတင်းတွေက ရေးသားဖော်ပြခဲ့ကြပါတယ်။


Sky Sports ကနေတဆင့် လီဗာပူးဘယ်နောက်ခံလူဟောင်း အင်းနရစ်က “ မာတစ်က ဗန်ဒိုက်ခ်နဲ့ ဂိုမက်ဇ်တို့ မကစားနိုင် တဲ့အချိန်မှာ အကောင်းဆုံးကစားနိုင်ပါတယ်။ အခု သူလည်းဒဏ်ရာကြောင့် အနားယူရတော့ပါမယ်။ ဒီလိုအခြေအနေမျိုး မှာ အသင်းအနေနဲ့ နောက်တန်းကစားသမား ခေါ်ယူသင့်ပါတယ်။ အပြီးသတ်ခေါ်ယူဖို့ အဆင်မပြေဘူးဆိုရင်တောင် အဌားနဲ့ ဖြစ်ဖြစ်၊ အလွတ်ပြောင်းရွှေ့ကြေးနဲ့ရမယ့် နောက်တန်းကစားသမားမျိုးကို ခေါ်ယူသင့်ပါတယ်” လို့ ပြောခဲ့ပါတယ်။

zawgyi version

လီဗာပူးအေနနဲ႔ ေစ်းကြက္မပိတ္ခင္မွာ ေနာက္ခံလူ မဝယ္ရင္ေတာင္ အဌားေခၚသင့္တယ္လို႔ အင္းနရစ္ ေျပာဆို
လီဗာပူးေနာက္ခံလူတစ္ဦးျဖစ္တဲ့ အင္းနရစ္က အသင္းအေနနဲ႔ ခံစစ္ပိုင္းျပႆနာေတြေၾကာင့္ ဇန္နဝါရီအေျပာင္းအေရႊ႕ ေစ်းကြက္မပိတ္ခင္မွာ ေနာက္ခံလူတစ္ဦးကို ဝယ္ယူသင့္ေၾကာင္းနဲ႔ မဝယ္ခဲ့ရင္ေတာင္ အဌားနဲ႔ေခၚယူသင့္တယ္ဆိုၿပီး အၾကံေပးေျပာသြားခဲ့ပါတယ္။ လီဗာပူးအသင္းမွာ ဗန္ဒိုက္ခ္နဲ႔ ဂိုမက္ဇ္တို႔အျပင္ မာတစ္ပါ ဒဏ္ရာရသြားတာေၾကာင့္ ဗဟို ေနာက္ခံလူအျဖစ္ ကြင္းလယ္အဖ်က္ကစားတဲ့သူေတြက ဆင္းကစားေပးေနရတာ ျဖစ္ပါတယ္။
လီဗာပူးအသင္းအေနနဲ႔ လက္ရွိမွာ ေနာက္ခံလူေတြဒဏ္ရာရေနတာေၾကာင့္ ႐ုန္းကန္ေနရၿပီး ပရီးမီးယားလိဂ္ေနာက္ဆံုး ၅ ပြဲမွာ ၁ပြဲပဲ အႏိုင္ရခဲ့ပါတယ္။ ဒီလို႐ုန္းကန္ေနရတာေတြက ကြင္းလယ္ပိုင္းအားနည္းမႈေတြေၾကာင့္လို႔ ေထာက္ျပခဲ့ၾကၿပီး တန္ျပန္တိုက္စစ္ကစားခ်ိန္မွာ ခံစစ္နဲ႔ တိုက္စစ္ကို ခ်ိတ္ဆက္ေပးႏိုင္မယ့္ ကြင္းလယ္ကစားသမားေတြမရွိဘူးျဖစ္ေနတယ္ ဆိုၿပီးေတာ့လည္း သတင္းေတြက ေရးသားေဖာ္ျပခဲ့ၾကပါတယ္။
Sky Sports ကေနတဆင့္ လီဗာပူးဘယ္ေနာက္ခံလူေဟာင္း အင္းနရစ္က “ မာတစ္က ဗန္ဒိုက္ခ္နဲ႔ ဂိုမက္ဇ္တို႔ မကစားႏိုင္ တဲ့အခ်ိန္မွာ အေကာင္းဆံုးကစားႏိုင္ပါတယ္။ အခု သူလည္းဒဏ္ရာေၾကာင့္ အနားယူရေတာ့ပါမယ္။ ဒီလိုအေျခအေနမ်ိဳး မွာ အသင္းအေနနဲ႔ ေနာက္တန္းကစားသမား ေခၚယူသင့္ပါတယ္။ အၿပီးသတ္ေခၚယူဖို႔ အဆင္မေျပဘူးဆိုရင္ေတာင္ အဌားနဲ႔ ျဖစ္ျဖစ္၊ အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ရမယ့္ ေနာက္တန္းကစားသမားမ်ိဳးကို ေခၚယူသင့္ပါတယ္” လို႔ ေျပာခဲ့ပါတယ္။