ဦးခေါင်းခွံရိုးကျိုး ဒဏ်ရာကို ခွဲစိတ်မှုအပြီး နှစ်လအကြာမှာပဲ ဘောလုံးပြန်ကစားဖို့ လေ့ကျင့်နေတဲ့ ဂျီမီနက်ဇ်


ဝုလ်ဗာဟမ်တန်တိုက်စစ်မှူး ဂျီမီနက်ဇ်ဟာ ကြောက်လန့်စရာကောင်းတဲ့ ဦးခေါင်းခွံရိုးကျိုး ဒဏ်ရာကို ခွဲစိတ်မှုအပြီး နှစ်လ အကြာမှာပဲ ဘောလုံးကစားဖို့အတွက် ကိုယ်ကာယလေ့ကျင့်မှုတွေကို ပြန်လည်ပြုလုပ်နေပြီလို့ သိရပါတယ်။ ဂျီမီနက်ဇ်ဟာ အာဆင်နယ်အသင်းနဲ့ ကစားခဲ့တဲ့ပွဲစဉ်တုန်းက အဆိုပါဒဏ်ရာကို ရရှိခဲ့တာဖြစ်ပြီး ကာလရှည်အနားယူရဖို့ ရှိတယ်ဆိုပြီး သတင်းတွေ ထွက်ဖော်ခဲ့သူလည်း ဖြစ်ပါတယ်။


မက္ကဆီကိုတိုက်စစ်မှူး ဂျီမီနက်ဇ်အနေနဲ့ ဒဏ်ရာအခြေအနေကနေ အကောင်းဆုံးကျော်ဖြတ်နိုင်ခဲ့တာဖြစ်ပြီး ဝုလ်ဗာဟမ် တန်အသင်းကလည်း သူတို့ရဲ့ တိုက်စစ်မှူးအနေနဲ့ ဘောလုံးကစားဖို့ လေ့ကျင့်နေတယ်ဆိုတာတွေကို အသင်းရဲ့ဝက်ဘ် ဆိုဒ်ကနေတဆင့် ဖော်ပြခဲ့ပါတယ်။ ဂျီမီနက်ဇ်ဟာ အသင်းသားတွေနဲ့အတူ လေ့ကျင့်မှုမပြုလုပ်သေးဘဲ ဘောလုံးပြန်ကစား နိုင်ဖို့အတွက် တစ်ဦးတည်းကိုယ်ကာယလေ့ကျင့်မှုတွေ ပြုလုပ်နေတာပဲ ဖြစ်ပါတယ်။


ဂျီမီနက်ဇ်ရဲ့ ဒဏ်ရာအခြေအနေသက်သာလာမှုနဲ့ ပတ်သက်ပြီး ဝုလ်ဗာဟမ်တန်နည်းပြ နူနိုဆန်းတို့စ်က “အားလုံးအတွက် အကောင်းဆုံးဖြစ်ခဲ့တဲ့ သတင်းလို့ဆိုရမှာဖြစ်ပါတယ်။ သူအတွက် တစ်နေ့ထက်တစ်နေ့ ပိုကောင်းလာအောင်လုပ်ဆောင် နိုင်ဖို့လည်း ကျွန်တော်တို့ ကူညီပေးရပါမယ်။ သူရဲ့တိုးတက်မှုတွေက ကျွန်တော်နဲ့ ဆေးဝန်ထမ်းတွေကို မအံသြစေပါဘူး။ သူက စိတ်ဓာတ်ကြံခိုင်ပြီး အကောင်းဆုံးလုပ်ဆောင်နိုင်တဲ့သူတစ်ယောက်ပါ” လို့ ပြောသွားခဲ့ပါတယ်။

zawgyi version

ဦးေခါင္းခြံ႐ိုးက်ိဳး ဒဏ္ရာကို ခြဲစိတ္မႈအၿပီး ႏွစ္လအၾကာမွာပဲ ေဘာလံုးျပန္ကစားဖို႔ ေလ့က်င့္ေနတဲ့ ဂ်ီမီနက္ဇ္
ဝုလ္ဗာဟမ္တန္တိုက္စစ္မွဴး ဂ်ီမီနက္ဇ္ဟာ ေၾကာက္လန္႔စရာေကာင္းတဲ့ ဦးေခါင္းခြံ႐ိုးက်ိဳး ဒဏ္ရာကို ခြဲစိတ္မႈအၿပီး ႏွစ္လ အၾကာမွာပဲ ေဘာလံုးကစားဖို႔အတြက္ ကိုယ္ကာယေလ့က်င့္မႈေတြကို ျပန္လည္ျပဳလုပ္ေနၿပီလို႔ သိရပါတယ္။ ဂ်ီမီနက္ဇ္ဟာ အာဆင္နယ္အသင္းနဲ႔ ကစားခဲ့တဲ့ပြဲစဥ္တုန္းက အဆိုပါဒဏ္ရာကို ရရွိခဲ့တာျဖစ္ၿပီး ကာလရွည္အနားယူရဖို႔ ရွိတယ္ဆိုၿပီး သတင္းေတြ ထြက္ေဖာ္ခဲ့သူလည္း ျဖစ္ပါတယ္။
မကၠဆီကိုတိုက္စစ္မွဴး ဂ်ီမီနက္ဇ္အေနနဲ႔ ဒဏ္ရာအေျခအေနကေန အေကာင္းဆံုးေက်ာ္ျဖတ္ႏိုင္ခဲ့တာျဖစ္ၿပီး ဝုလ္ဗာဟမ္ တန္အသင္းကလည္း သူတို႔ရဲ႕ တိုက္စစ္မွဴးအေနနဲ႔ ေဘာလံုးကစားဖို႔ ေလ့က်င့္ေနတယ္ဆိုတာေတြကို အသင္းရဲ႕ဝက္ဘ္ ဆိုဒ္ကေနတဆင့္ ေဖာ္ျပခဲ့ပါတယ္။ ဂ်ီမီနက္ဇ္ဟာ အသင္းသားေတြနဲ႔အတူ ေလ့က်င့္မႈမျပဳလုပ္ေသးဘဲ ေဘာလံုးျပန္ကစား ႏိုင္ဖို႔အတြက္ တစ္ဦးတည္းကိုယ္ကာယေလ့က်င့္မႈေတြ ျပဳလုပ္ေနတာပဲ ျဖစ္ပါတယ္။
ဂ်ီမီနက္ဇ္ရဲ႕ ဒဏ္ရာအေျခအေနသက္သာလာမႈနဲ႔ ပတ္သက္ၿပီး ဝုလ္ဗာဟမ္တန္နည္းျပ ႏူႏိုဆန္းတို႔စ္က “အားလံုးအတြက္ အေကာင္းဆံုးျဖစ္ခဲ့တဲ့ သတင္းလို႔ဆိုရမွာျဖစ္ပါတယ္။ သူအတြက္ တစ္ေန႔ထက္တစ္ေန႔ ပိုေကာင္းလာေအာင္လုပ္ေဆာင္ ႏိုင္ဖို႔လည္း ကၽြန္ေတာ္တို႔ ကူညီေပးရပါမယ္။ သူရဲ႕တိုးတက္မႈေတြက ကၽြန္ေတာ္နဲ႔ ေဆးဝန္ထမ္းေတြကို မအံၾသေစပါဘူး။ သူက စိတ္ဓာတ္ၾကံခိုင္ၿပီး အေကာင္းဆံုးလုပ္ေဆာင္ႏိုင္တဲ့သူတစ္ေယာက္ပါ” လို႔ ေျပာသြားခဲ့ပါတယ္။