ပြောင်းလဲဖို့ လိုအပ်ပြီဆိုပြီး ဆိုရှယ်မီဒီယာကနေ လူမျိုးရေးခွဲခြားခံရတာကို ထုတ်ဖော်ပြောခဲ့တဲ့ ရီမီဂျိမ်း


ချဲလ်ဆီးနောက်ခံလူဖြစ်တဲ့ ရီမီဂျိမ်းစ်က သူအနေနဲ့အင်စတာဂရမ်အကောင့်ကနေ လူမျိုးရေးခွဲခြားခံရတာမျိုးတွေ ကြုံတွေ့ ရတယ်ဆိုပြီး ထုတ်ဖော်ပြောကြားသွားခဲ့ပါတယ်။ အသက် ၂၁ နှစ်သာရှိသေးတဲ့ အင်္ဂလန်နောက်ခံလူ ရီမီဂျိမ်းအနေနဲ့ သူရဲ့ အင်စတာဂရမ်အကောင့် ပြောင်းလဲမှုပြုလုပ်ဖို့ လိုအပ်ပြီ ဆိုပြီးရေးကာ လူမျိုးရေးခွဲခြားမှုအတွက် ပို့စ်တင်ခဲ့တယ်လို့ သိရပြီး ချဲလ်ဆီးအသင်းကလည်း ဒီလိုဖြစ်ရပ်အတွက် ပြစ်တင်ရှုံချတယ်လို့ ထုတ်ပြန်မှု ပြုလုပ်ခဲ့ပါတယ်။


ချဲလ်ဆီးအသင်းတာဝန်ရှိသူတွေက “ သောကြာနေ့ ညနေပိုင်းတုန်းက ရီမီဂျိမ်း ဆီက လူမျိုးရေးခွဲခြားခံရတယ်ဆိုတာနဲ့ ပတ်သက်တဲ့ ပြောကြားမှုတွေကို လက်ခံရရှိခဲ့ပါတယ်။ ရီမီဂျိမ်း အပါအဝင်အသင်းမှာရှိနေတဲ့ ဘယ်ကစားသမားကိုမှ လူမျိုး ရေးခွဲခြားတာတွေကို လက်ခံမှာမဟုတ်ပါဘူး။ ကွင်းအတွင်းမှာ ဒီလိုဖြစ်ရပ်တွေ မရှိတော့ဘူးလို့ ပြောရပေမယ့် ဆိုရှယ်မီဒီ ယာတွေမှာ အခုလိုလူမျိုးရေးတွေ ခွဲခြားလာပြန်ပါပြီ။ ဒီလိုကိစ္စရပ်တွေအတွက် ပြင်းထန်စွာရှုတ်ချပါတယ်။” လို့ ပြောခဲ့ပါ တယ်။


ယူနိုက်တက်အသင်းတာဝန်ရှိသူတွေကလည်း ဒီကိစ္စရပ်နဲ့ပတ်သက်ပြီး ရှုတ်ချခဲ့သလို အသင်းမှာရှိတဲ့ကစားသမားတစ် ယောက်ယောက်ကို အခုလိုလူမျိုးရေးခွဲခြားတာမျိုးတွေ ပြုလုပ်လာမယ်ဆိုရင် သက်ဆိုင်ရာနဲ့ပူးပေါင်းပြီး အရေးယူမှုတွေ ပြုလုပ်သွားမယ်လို့ ပြောကြားသွားခဲ့ပါတယ်။ ဘောလုံးလောကမှာ လူမျိုးရေးခွဲခြားမှုတွေကို အပြင်းအထန် ကန့်ကွက်နေ ပြီး အရေးယူမှုတွေလည်း ပြုလုပ်လျက်ရှိပါတယ်။

zawgyi version

ေျပာင္းလဲဖို႔ လိုအပ္ၿပီဆိုၿပီး ဆိုရွယ္မီဒီယာကေန လူမ်ိဳးေရးခြဲျခားခံရတာကို ထုတ္ေဖာ္ေျပာခဲ့တဲ့ ရီမီဂ်ိမ္း
ခ်ဲလ္ဆီးေနာက္ခံလူျဖစ္တဲ့ ရီမီဂ်ိမ္းစ္က သူအေနနဲ႔အင္စတာဂရမ္အေကာင့္ကေန လူမ်ိဳးေရးခြဲျခားခံရတာမ်ိဳးေတြ ၾကံဳေတြ႕ ရတယ္ဆိုၿပီး ထုတ္ေဖာ္ေျပာၾကားသြားခဲ့ပါတယ္။ အသက္ ၂၁ ႏွစ္သာရွိေသးတဲ့ အဂၤလန္ေနာက္ခံလူ ရီမီဂ်ိမ္းအေနနဲ႔ သူရဲ႕ အင္စတာဂရမ္အေကာင့္ ေျပာင္းလဲမႈျပဳလုပ္ဖို႔ လိုအပ္ၿပီ ဆိုၿပီးေရးကာ လူမ်ိဳးေရးခြဲျခားမႈအတြက္ ပို႔စ္တင္ခဲ့တယ္လို႔ သိရၿပီး ခ်ဲလ္ဆီးအသင္းကလည္း ဒီလိုျဖစ္ရပ္အတြက္ ျပစ္တင္ရႈံခ်တယ္လို႔ ထုတ္ျပန္မႈ ျပဳလုပ္ခဲ့ပါတယ္။
ခ်ဲလ္ဆီးအသင္းတာဝန္ရွိသူေတြက “ ေသာၾကာေန႔ ညေနပိုင္းတုန္းက ရီမီဂ်ိမ္း ဆီက လူမ်ိဳးေရးခြဲျခားခံရတယ္ဆိုတာနဲ႔ ပတ္သက္တဲ့ ေျပာၾကားမႈေတြကို လက္ခံရရွိခဲ့ပါတယ္။ ရီမီဂ်ိမ္း အပါအဝင္အသင္းမွာရွိေနတဲ့ ဘယ္ကစားသမားကိုမွ လူမ်ိဳး ေရးခြဲျခားတာေတြကို လက္ခံမွာမဟုတ္ပါဘူး။ ကြင္းအတြင္းမွာ ဒီလိုျဖစ္ရပ္ေတြ မရွိေတာ့ဘူးလို႔ ေျပာရေပမယ့္ ဆိုရွယ္မီဒီ ယာေတြမွာ အခုလိုလူမ်ိဳးေရးေတြ ခြဲျခားလာျပန္ပါၿပီ။ ဒီလိုကိစၥရပ္ေတြအတြက္ ျပင္းထန္စြာရႈတ္ခ်ပါတယ္။” လို႔ ေျပာခဲ့ပါ တယ္။
ယူႏိုက္တက္အသင္းတာဝန္ရွိသူေတြကလည္း ဒီကိစၥရပ္နဲ႔ပတ္သက္ၿပီး ရႈတ္ခ်ခဲ့သလို အသင္းမွာရွိတဲ့ကစားသမားတစ္ ေယာက္ေယာက္ကို အခုလိုလူမ်ိဳးေရးခြဲျခားတာမ်ိဳးေတြ ျပဳလုပ္လာမယ္ဆိုရင္ သက္ဆိုင္ရာနဲ႔ပူးေပါင္းၿပီး အေရးယူမႈေတြ ျပဳလုပ္သြားမယ္လို႔ ေျပာၾကားသြားခဲ့ပါတယ္။ ေဘာလံုးေလာကမွာ လူမ်ိဳးေရးခြဲျခားမႈေတြကို အျပင္းအထန္ ကန္႔ကြက္ေန ၿပီး အေရးယူမႈေတြလည္း ျပဳလုပ္လ်က္ရွိပါတယ္။