ယူနိုက်တက်က ဖာနန်ဒက်စ်ကို မှီခိုနေရတဲ့အသင်းမဟုတ်ဘူးလို့ ပြောခဲ့တဲ့ နည်းပြ ဆိုးလ်ရှား


ပြီးခဲ့တဲ့ဇန်နဝါရီအပြောင်းအရွှေ့မှာ အသင်းကို ရောက်ရှိလာပြီးနောက် ကွင်းလယ်မှာ နေရာတစ်နေရာကို အပိုင်ရယူထား နိုင်ခဲ့တဲ့ ဖာနန်ဒက်စ်ဟာ ခြေစွမ်းကောင်းသူတစ်ဦးဖြစ်ပေမယ့် ယူနိုက်တက်က ဖာနန်ဒက်စ်ကို မှီခိုနေရတဲ့အသင်းတစ် သင်း မဟုတ်ဘူးလို့ နည်းပြဆိုးလ်ရှားက ပြောခဲ့ပါတယ်။ ဖာနန်ဒက်စ် ရောက်လာပြီးနောက်မှာ ယူနိုက်တက်အသင်းရဲ့ ကစားပုံက ကောင်းလာခဲ့ပြီး ချန်ပီယံဆုကို စိန်ခေါ်နိုင်တဲ့အသင်း ဖြစ်လာခဲ့ပါတယ်။


အာဆင်နယ်နဲ့ကစားမယ့်ပွဲ မတိုင်ခင်ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ ဆိုးလ်ရှားက “ ဖာနန်ဒက်စ်အတွက် အသင်းကောင်းတစ်သင်း လိုအပ်ခဲ့သလို ၊ ယူနိုက်တက်အတွက်လည်း ကွင်းလယ် ကစားသမား ကောင်းတစ်ဦးလိုအပ်ခဲ့ပါ တယ်။ ဒီလိုအခြေအနေမျိုးမှာ အသင်းကို ဖာနန်ဒက်စ်ရောက်လာခဲ့တာကြောင့် အကောင်းဆုံးဖြစ်ခဲ့တယ်ဆိုပေမယ့် သူကို ယူနိုက်တက်က မှီခိုနေရတယ်ဆိုတာတော့ မဟုတ်ပါဘူး” လို့ ပြောခဲ့ပါတယ်။


ဆက်လက်ပြီး ဆိုးလ်ရှားက “ အသင်းရဲ့အပြောင်းအလဲမှာ ဖာနန်ဒက်စ်က အဓိကနေရာက ပါခဲ့တယ်ဆိုပေမယ့် အသင်း ကောင်းတစ်သင်းမှာ နောက်ထပ်ကစားသမားကောင်းတစ်ယောက်ကို ထပ်ပေါင်းလိုက်တာပါပဲ။ သူကြောင့် ကစားဖော်တွေ အနေနဲ့ သက်သောင့်သက်သာ ကစားလာနိုင်ပါတယ်။ သူက အသင်းရဲ့ဖိအားတွေကို လျော့ကျစေခဲ့တယ်ဆိုပေမယ့် သူမပါခဲ့ရင်လည်း အသင်းအနေနဲ့ အကောင်းဆုံးကစားနိုင်ပါတယ်” လို့ ပြောသွားခဲ့ပါတယ်။

zawgyi version

ယူႏိုက္တက္က ဖာနန္ဒက္စ္ကို မွီခိုေနရတဲ့အသင္းမဟုတ္ဘူးလို႔ ေျပာခဲ့တဲ့ နည္းျပ ဆိုးလ္ရွား
ၿပီးခဲ့တဲ့ဇန္နဝါရီအေျပာင္းအေရႊ႕မွာ အသင္းကို ေရာက္ရွိလာၿပီးေနာက္ ကြင္းလယ္မွာ ေနရာတစ္ေနရာကို အပိုင္ရယူထား ႏိုင္ခဲ့တဲ့ ဖာနန္ဒက္စ္ဟာ ေျခစြမ္းေကာင္းသူတစ္ဦးျဖစ္ေပမယ့္ ယူႏိုက္တက္က ဖာနန္ဒက္စ္ကို မွီခိုေနရတဲ့အသင္းတစ္ သင္း မဟုတ္ဘူးလို႔ နည္းျပဆိုးလ္ရွားက ေျပာခဲ့ပါတယ္။ ဖာနန္ဒက္စ္ ေရာက္လာၿပီးေနာက္မွာ ယူႏိုက္တက္အသင္းရဲ႕ ကစားပံုက ေကာင္းလာခဲ့ၿပီး ခ်န္ပီယံဆုကို စိန္ေခၚႏိုင္တဲ့အသင္း ျဖစ္လာခဲ့ပါတယ္။
အာဆင္နယ္နဲ႔ကစားမယ့္ပြဲ မတိုင္ခင္ျပဳလုပ္တဲ့ သတင္းစာရွင္းလင္းပြဲမွာေတာ့ ဆိုးလ္ရွားက “ ဖာနန္ဒက္စ္အတြက္ အသင္းေကာင္းတစ္သင္း လိုအပ္ခဲ့သလို ၊ ယူႏိုက္တက္အတြက္လည္း ကြင္းလယ္ကစားသမားေကာင္းတစ္ဦးလိုအပ္ခဲ့ပါ တယ္။ ဒီလိုအေျခအေနမ်ိဳးမွာ အသင္းကို ဖာနန္ဒက္စ္ေရာက္လာခဲ့တာေၾကာင့္ အေကာင္းဆံုးျဖစ္ခဲ့တယ္ဆိုေပမယ့္ သူကို ယူႏိုက္တက္က မွီခိုေနရတယ္ဆိုတာေတာ့ မဟုတ္ပါဘူး” လို႔ ေျပာခဲ့ပါတယ္။
ဆက္လက္ၿပီး ဆိုးလ္ရွားက “ အသင္းရဲ႕အေျပာင္းအလဲမွာ ဖာနန္ဒက္စ္က အဓိကေနရာက ပါခဲ့တယ္ဆိုေပမယ့္ အသင္း ေကာင္းတစ္သင္းမွာ ေနာက္ထပ္ကစားသမားေကာင္းတစ္ေယာက္ကို ထပ္ေပါင္းလိုက္တာပါပဲ။ သူေၾကာင့္ ကစားေဖာ္ေတြ အေနနဲ႔ သက္ေသာင့္သက္သာ ကစားလာႏိုင္ပါတယ္။ သူက အသင္းရဲ႕ဖိအားေတြကို ေလ်ာ့က်ေစခဲ့တယ္ဆိုေပမယ့္ သူမပါခဲ့ရင္လည္း အသင္းအေနနဲ႔ အေကာင္းဆံုးကစားႏိုင္ပါတယ္” လို႔ ေျပာသြားခဲ့ပါတယ္။