၀က်စ်ဟမ်းအသင်းကို အငှားနဲ့ ပြောင်းရွှေ့သွားတဲ့ လင်ဂတ်ရဲ့ အနာဂတ်က ယူနိုက်တက်မှာ ရှိနေသေးတယ်လို့ ဆိုလိုက်တဲ့ နည်းပြ ဆိုးလ်ရှား

ယူနိုက်တက်နည်းပြ ဆိုးလ်ရှားက လင်ဂတ်ရဲ့ အိုးထရက်ဖိုဒ့်က အနာဂတ်ဟာ အသင်းမှာ ဆက်ရှိနေသေးတယ်လို့ ဝန်ခံပြောသွားခဲ့ပါတယ်။ လင်ဂတ်ဟာ ဝက်စ်ဟမ်းအသင်းဆီ ရာသီကုန်အထိအငှားနဲ့ ပြောင်းရွှေ့သွားသူ ဖြစ်ပါတယ်။ ဆိုးလ်ရှားက “ ကျွန်တော်တို့ အနေနဲ့ လင်ဂတ် ဝက်စ်ဟမ်းအသင်းမှာ သူ့ကိုယ်သူ ပြန်လည်ရှာဖွေတွေ့ရှိတာကို လိုချင်ပြီး အသင်းဆီ ပြန်လာစေချင်ပါတယ်။

သူဟာ ကံမကောင်းခဲ့တာတွေ များခဲ့ပါတယ်။ ကိုဗစ်ကြောင့် အဝေးမှာ နေခဲ့ရပါတယ်။ အခြားအချိန်တွေမှာလည်း ဒဏ်ရာကြောင့် နားနေခဲ့ရပါတယ်။ သူက ကျွန်တော်တို့ရဲ့ ကစားသမားပါ။ သူ့ကို ပျော်စေချင်လို့ အဲ့ဒီကို လွှတ်လိုက်တာပါ” လို့ ဒီနေ့မှာ ပြောသွားခဲ့ပါတယ်။ အသက် ၂၈ နှစ်အရွယ် လင်ဂတ်ဟာ ဒီရာသီမှာ ယူနိုက်တက်အတွက် (၃) ပွဲပဲ ကစားခဲ့ရပြီး ပရီးမီးယားလိဂ်မှာတော့ တစ်ပွဲမှ ပါဝင်ကစားခွင့်မရခဲ့သူ ဖြစ်ပါတယ်။

ဒ့ါအပြင် ယူနိုက်တက်နည်းပြဟာ အာဂျင်တီးနား နောက်ခံလူ ရိုဟိုဟာ အမိမြေ ဘိုကာဂျူနီယာအသင်းဆီကို တနလာၤနေ့ အပြောင်းအရွှေ့ နောက်ဆုံးမတိုင်မီ ပြောင်းရွှေ့မယ်လို့ အတည်ပြုသွားခဲ့ပါတယ်။ “ရိုဟိုကတော့ အာဂျင်တီးနားကို ပြတ်သွားမှာပါ။ စာရွက်စာတမ်းကိစ္စ လုပ်ဖို့ နည်းနည်း ကျန်နေသေးလို့ပါ” လို့ ဆိုးလ်ရှားက ထုတ်ဖော်ပြောသွားခဲ့ပါတယ်။

၀က္စ္ဟမ္းအသင္းကို အငွားနဲ႔ ေျပာင္းေ႐ႊ႕သြားတဲ့ လင္ဂတ္ရဲ႕ အနာဂတ္က ယူႏိုက္တက္မွာ ရွိေနေသးတယ္လို႔ ဆိုလိုက္တဲ့ နည္းျပ ဆိုးလ္ရွား

ယူႏိုက္တက္နည္းျပ ဆိုးလ္ရွားက လင္ဂတ္ရဲ႕ အိုးထရက္ဖိုဒ့္က အနာဂတ္ဟာ အသင္းမွာ ဆက္ရွိေနေသးတယ္လို႔ ဝန္ခံေျပာသြားခဲ့ပါတယ္။ လင္ဂတ္ဟာ ဝက္စ္ဟမ္းအသင္းဆီ ရာသီကုန္အထိအငွားနဲ႔ ေျပာင္းေ႐ႊ႕သြားသူ ျဖစ္ပါတယ္။ ဆိုးလ္ရွားက “ ကြၽန္ေတာ္တို႔ အေနနဲ႔ လင္ဂတ္ ဝက္စ္ဟမ္းအသင္းမွာ သူ႔ကိုယ္သူ ျပန္လည္ရွာေဖြေတြ႕ရွိတာကို လိုခ်င္ၿပီး အသင္းဆီ ျပန္လာေစခ်င္ပါတယ္။

သူဟာ ကံမေကာင္းခဲ့တာေတြ မ်ားခဲ့ပါတယ္။ ကိုဗစ္ေၾကာင့္ အေဝးမွာ ေနခဲ့ရပါတယ္။ အျခားအခ်ိန္ေတြမွာလည္း ဒဏ္ရာေၾကာင့္ နားေနခဲ့ရပါတယ္။ သူက ကြၽန္ေတာ္တို႔ရဲ႕ ကစားသမားပါ။ သူ႔ကို ေပ်ာ္ေစခ်င္လို႔ အဲ့ဒီကို လႊတ္လိုက္တာပါ” လို႔ ဒီေန႔မွာ ေျပာသြားခဲ့ပါတယ္။ အသက္ ၂၈ ႏွစ္အ႐ြယ္ လင္ဂတ္ဟာ ဒီရာသီမွာ ယူႏိုက္တက္အတြက္ (၃) ပြဲပဲ ကစားခဲ့ရၿပီး ပရီးမီးယားလိဂ္မွာေတာ့ တစ္ပြဲမွ ပါဝင္ကစားခြင့္မရခဲ့သူ ျဖစ္ပါတယ္။

ဒ့ါအျပင္ ယူႏိုက္တက္နည္းျပဟာ အာဂ်င္တီးနား ေနာက္ခံလူ ႐ိုဟိုဟာ အမိေျမ ဘိုကာဂ်ဴနီယာအသင္းဆီကို တနလာေနၤ့ အေျပာင္းအေ႐ႊ႕ ေနာက္ဆုံးမတိုင္မီ ေျပာင္းေ႐ႊ႕မယ္လို႔ အတည္ျပဳသြားခဲ့ပါတယ္။ “႐ိုဟိုကေတာ့ အာဂ်င္တီးနားကို ျပတ္သြားမွာပါ။ စာ႐ြက္စာတမ္းကိစၥ လုပ္ဖို႔ နည္းနည္း က်န္ေနေသးလို႔ပါ” လို႔ ဆိုးလ္ရွားက ထုတ္ေဖာ္ေျပာသြားခဲ့ပါတယ္။