ကွင်းလယ်လူ ဂျော်ဂျင်ဟိုကို စာချုပ်သစ်ကမ်းလှမ်းတော့မယ့် ချဲလ်ဆီးအသင်း

ချဲလ်ဆီးအသင်းဟာ ကွင်းလယ်ကစားသမား ဂျော်ဂျင်ဟိုကို စာချုပ်သစ်ကမ်းလှမ်းရန် အဆင်သင့်ဖြစ်နေပြီလို့ သိရပါတယ်။ သတင်းများအရ ချဲလ်ဆီးနည်းပြသစ် တူချယ်လ်ဟာ ကွင်းလယ်လူရဲ့ ပရိသတ်တစ်ယောက်ဖြစ်ပြီး သူ့ကို အသင်းမှာ ဆက်ရှိစေချင်နေတာဖြစ်ပါတယ်။ ဂျော်ဂျင်ဟိုဟာ ချဲလ်ဆီးအသင်းမှာ ၂၀၂၃ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေပမယ့် စာချုပ်သစ်ကမ်းလှမ်းချက်က ၂၀၂၅ ခုနှစ်အထိကို ကမ်းလှမ်းထားတာပါ။

အီတလီလက်ရွေးစင်ကစားသမားကို ပြီးခဲ့တဲ့ နွေရာသီက စီးရီးအေ က ပြန်လည်ခေါ်ယူရန် ကမ်းလှမ်းခဲ့ဖူးတာတွေ ရှိခဲ့ပါတယ်။ သို့သော်လည်း တူချယ်လ်ကတော့ ဂျော်ဂျင်ဟိုနဲ့ သီးသန့်ဆွေးနွေးရန် ရည်ရွယ်ထားပြီး အသင်းမှာ စာချုပ်သစ် ချုပ်မယ်လို့ ယုံကြည်နေတာ ဖြစ်ပါတယ်။


