ငယ်ငယ်က စပါးအသင်းပရိသတ်ဖြစ်ခဲ့ဖူးတယ်လို့ ဝန်ခံလိုက်တဲ့ ချဲလ်ဆီးနည်းပြသစ် တူချယ်လ်

ချဲလ်ဆီးနည်းပြသစ်တူချယ်လ်က စပါးအသင်းကို အားပေးခဲ့ဖူးတယ်ဆိုတဲ့ သတင်းတွေကို ငြင်းဆန်သွားမှာ မဟုတ်ဘူးလို့ ပြောသွားခဲ့ပါတယ်။ ဂျာမန်လူမျိုးနည်းပြကြီးဟာ ၂၀၁၆ ခုနှစ်တုန်းက ဒေါ့မွန်အသင်းကို နည်းပြအဖြစ် တာဝန်ယူခဲ့စဉ် စပါးအသင်းကို ငယ်ငယ်တုန်းက အားပေးခဲ့ဖူးတယ်လို့ ပြောခဲ့တာဖြစ်ပါတယ်။

အခုအခါ သူဟာ ချဲလ်ဆီးနည်းပြဖြစ်လာပြီး လက်ရှိအသင်းနဲ့ပဲ အရေးပါတဲ့ ဆုဖလားတွေကို သိမ်းပိုက်နိုင်ရန် မျှော်လင့်နေတယ်လို့ ပြောသွားခဲ့ပါတယ်။ “ကျွန်တော်ရိုးရိုးသားသားပဲ ပြောချင်ပါတယ်။ ကျွန်တော်တို့ ဒေါ့မွန်အသင်းယူရိုပါလိဂ်မှာ စပါးအသင်းနဲ့ ကစားခဲ့ပါတယ်။ ကျွန်တော် ငယ်ငယ်တုန်းက ဂျာမနီမှ ဘောလုံးပွဲတွေကို တိုက်ရိုက် မကြည့်ရပါဘူး။ ကျွန်တော်ကြည့်ရတာဆိုလို့ တစ်ပတ်မှာ (၂) မိနစ်လောက်ပါပဲ။

ရုတ်တရက် ဆိုသလို ကျွန်တော်တို့ ကြည့်နေတဲ့ အားကစားရုပ်သံမှာ စပါးအသင်းပွဲ ပြနေပါတယ်။ ကျွန်တော်ကြားလိုက်တဲ့ နာမည်ကလည်း တော့တင်ဟမ်ဟော့စပါးဖြစ်ပါတယ်။ ကျွန်တော်တို့ အဲ့ဒီအကြောင်းကို ပြောဖြစ်ခဲ့ပါတယ်။ ကျွန်တော်ငယ်တုန်းကပါ။ ဒါက ကျွန်တော့်ရဲ့ ပထမဆုံးသော အတွေ့အကြုံလည်းဖြစ်ပါတယ်။

အဲ့ဒီတုန်းက အဲ့ဒီအသင်းက လန်ဒန်ကလားဆိုတာလည်း ကျွန်တော်မသိခဲ့ပါဘူး။ အခု ကျွန်တော် နည်းပြနေတာက အဲ့ဒီတုန်းက အသင်းနဲ့ ကြီးမားတဲ့ ပြိုင်ဘက်အသင်း ဖြစ်ပါတယ်။ သေချာတာက ကျွန်တော်ဟာ ချဲလ်ဆီးအသင်းမှာ ကိုယ်စားပြုပြီး နောက်တစ်ပတ်ကစားမယ့် ပွဲမှာ သူတို့ကို အနိုင်ယူနိုင်ပါတယ်” လို့ တူချယ်လ်က သတင်းစာရှင်းလင်းပွဲမှာ ပြောသွားခဲ့တာ ဖြစ်ပါတယ်။

ငယ္ငယ္က စပါးအသင္းပရိသတ္ျဖစ္ခဲ့ဖူးတယ္လို႔ ၀န္ခံလိုက္တဲ့ ခ်ဲလ္ဆီးနည္းျပသစ္ တူခ်ယ္လ္

ခ်ဲလ္ဆီးနည္းျပသစ္တူခ်ယ္လ္က စပါးအသင္းကို အားေပးခဲ့ဖူးတယ္ဆိုတဲ့ သတင္းေတြကို ျငင္းဆန္သြားမွာ မဟုတ္ဘူးလို႔ ေျပာသြားခဲ့ပါတယ္။ ဂ်ာမန္လူမ်ိဳးနည္းျပႀကီးဟာ ၂၀၁၆ ခုႏွစ္တုနး္က ေဒါ့မြန္အသင္းကို နည္းျပအျဖစ္ တာ၀န္ယူခဲ့စဥ္ စပါးအသင္းကို ငယ္ငယ္တုနး္က အားေပးခဲ့ဖူးတယ္လို႔ ေျပာခဲ့တာျဖစ္ပါတယ္။

အခုအခါ သူဟာ ခ်ဲလ္ဆီးနည္းျပျဖစ္လာၿပီး လက္ရွိအသင္းနဲ႔ပဲ အေရးပါတဲ့ ဆုဖလားေတြကို သိမ္းပိုက္ႏိုင္ရန္ ေမွ်ာ္လင့္ေနတယ္လို႔ ေျပာသြားခဲ့ပါတယ္။ “ကၽြန္ေတာ္႐ိုး႐ိုးသားသားပဲ ေျပာခ်င္ပါတယ္။ ကၽြန္ေတာ္တို႔ ေဒါ့မြန္အသင္းယူ႐ိုပါလိဂ္မွာ စပါးအသင္းနဲ႔ ကစားခဲ့ပါတယ္။ ကၽြန္ေတာ္ ငယ္ငယ္တုန္းက ဂ်ာမနီမွ ေဘာလံုးပြဲေတြကို တိုက္႐ိုက္ မၾကည့္ရပါဘူး။ ကၽြန္ေတာ္ၾကည့္ရတာဆိုလို႔ တစ္ပတ္မွာ (၂) မိနစ္ေလာက္ပါပဲ။

႐ုတ္တရက္ ဆိုသလို ကၽြန္ေတာ္တို႔ ၾကည့္ေနတဲ့ အားကစား႐ုပ္သံမွာ စပါးအသင္းပြဲ ျပေနပါတယ္။ ကၽြန္ေတာ္ၾကားလိုက္တဲ့ နာမည္ကလည္း ေတာ့တင္ဟမ္ေဟာ့စပါးျဖစ္ပါတယ္။ ကၽြန္ေတာ္တို႔ အဲ့ဒီအေၾကာင္းကို ေျပာျဖစ္ခဲ့ပါတယ္။ ကၽြန္ေတာ္ငယ္တုနး္ကပါ။ ဒါက ကၽြန္ေတာ့္ရဲ႕ ပထမဆံုးေသာ အေတြ႕အၾကံဳလည္းျဖစ္ပါတယ္။

အဲ့ဒီတုနး္က အဲ့ဒီအသင္းက လန္ဒန္ကလားဆိုတာလည္း ကၽြန္ေတာ္မသိခဲ့ပါဘူး။ အခု ကၽြန္ေတာ္ နညး္ျပေနတာက အဲ့ဒီတုနး္က အသင္းနဲ႔ ႀကီးမားတဲ့ ၿပိဳင္ဘက္အသင္း ျဖစ္ပါတယ္။ ေသခ်ာတာက ကၽြန္ေတာ္ဟာ ခ်ဲလ္ဆီးအသင္းမွာ ကိုယ္စားျပဳၿပီး ေနာက္တစ္ပတ္ကစားမယ့္ ပြဲမွာ သူတို႔ကို အႏိုင္ယူႏိုင္ပါတယ္” လို႔ တူခ်ယ္လ္က သတင္းစာရွင္းလင္းပြဲမွာ ေျပာသြားခဲ့တာ ျဖစ္ပါတယ္။