အသင်းမှာ ပွဲကစားခွင့်ရရန် ရုန်းကန်နေရတဲ့ ကွင်းလယ်လူ မိုက်ကယ်ဆီရီကို ဘော်ဒိုးအသင်းထံ ရာသီကုန်အထိ အငှားချလိုက်တဲ့ ဖူလ်ဟမ်အသင်း

ဖူလ်ဟမ်ကွင်းလယ်လူ မိုက်ကယ်ဆီရီဟာ နောက်တစ်ကြိမ် အငှားထွက်ကစားရပြီဖြစ်ပြီး ဒီတစ်ကြိမ်ကတော့ ဘော်ဒိုးအသင်းထံ ရာသီကုန်အထိ ဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်တုန်းက နိုက်စ်အသင်းဆီကနေ ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၂၅ သန်းနဲ့ ခေါ်ယူခဲ့တဲ့ ကစားသမားကို အသင်းက မျှော်လင့်ချက် ကြီးကြီးမားမား ထားခဲ့တာပါ။

အိုင်ဗရီကိုစ့်လက်ရွေးစင်ကစားသမားဟာ ဒီရာသီမှာ ဖူလ်ဟမ်အသင်းအတွက် ကာရာဘောင်ဖလား တစ်ပွဲပဲ ကစားထားရပြီး အသင်းက တန်းဆင်းဇုန်ကို ရောက်နေသော်လည်း ပရီးမီးယားလိဂ်မှာ ကစားခွင့် လုံးဝမရထားပါဘူး။ ဖူလ်ဟမ်အသင်းဟာ သူ့ကို ချဲလ်ဆီး၊ လီဗာပူးလ် နဲ့ စပါးအသင်းတို့နဲ့ အပြိုင် ပြီးခဲ့တဲ့ (၃) နှစ်က လက်မှတ်ထိုးခေါ်ယူခဲ့တာ ဖြစ်ပါတယ်။ သို့သော်လည်း ကွင်းလယ်ဖန်တီးရှင်ဟာ အဲ့ဒီရာသီက (၃၄) ပွဲအထိကစားခဲ့ပေမယ့် (၁) ဂိုးသွင်း (၁) ဂိုးသာ ဖန်တီးပေးပြီး ဖူလ်ဟမ်အသင်းလည်း ရာသီအကုန် တန်းဆင်းခဲ့ရပါတယ်။

အဲ့ဒီနောက် ဆီရီဟာ ဂါလာတာစာရေးအသင်းထံမှာ ပြီးခဲ့တဲ့ရာသီက အငှားသွားရောက်ကစားခဲ့ပါတယ်။ တူရကီကလပ်အသင်းက သူ့ကို အသင်းမှာ ဆက်ထားရန် စိတ်ဝင်စားခဲ့ပေမယ့် ဆီရီက ပြန်သွားခဲ့ပြီး အသင်း ဘော်ဒိုးအသင်းဆီကို အငှားသွားရောက်ကစားတော့မှာဖြစ်ပါတယ်။ အသက် ၂၉ နှစ်အရါယ်ကစားသမားဟာ ဖူလ်ဟမ်အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးရန် (၁) နှစ်ပဲ ကျန်ပါတော့တယ်။

အသင္းမွာ ပြဲကစားခြင့္ရရန္ ႐ုန္းကန္ေနရတဲ့ ကြင္းလယ္လူ မိုက္ကယ္ဆီရီကို ေဘာ္ဒိုးအသင္းထံ ရာသီကုန္အထိ အငွားခ်လိုက္တဲ့ ဖူလ္ဟမ္အသင္း

ဖူလ္ဟမ္ကြင္းလယ္လူ မိုက္ကယ္ဆီရီဟာ ေနာက္တစ္ႀကိမ္ အငွားထြက္ကစားရၿပီျဖစ္ၿပီး ဒီတစ္ႀကိမ္ကေတာ့ ေဘာ္ဒိုးအသင္းထံ ရာသီကုန္အထိ ျဖစ္ပါတယ္။ ၂၀၁၈ ခုႏွစ္တုန္းက ႏိုက္စ္အသင္းဆီကေန ကလပ္စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကး ေပါင္ ၂၅ သန္းနဲ႔ ေခၚယူခဲ့တဲ့ ကစားသမားကို အသင္းက ေမွ်ာ္လင့္ခ်က္ ႀကီးႀကီးမားမား ထားခဲ့တာပါ။

အိုင္ဗရီကိုစ့္လက္ေရြးစင္ကစားသမားဟာ ဒီရာသီမွာ ဖူလ္ဟမ္အသင္းအတြက္ ကာရာေဘာင္ဖလား တစ္ပြဲပဲ ကစားထားရၿပီး အသင္းက တန္းဆင္းဇုန္ကို ေရာက္ေနေသာ္လည္း ပရီးမီးယားလိဂ္မွာ ကစားခြင့္ လံုး၀မရထားပါဘူး။ ဖူလ္ဟမ္အသင္းဟာ သူ႔ကို ခ်ဲလ္ဆီး၊ လီဗာပူးလ္ နဲ႔ စပါးအသင္းတို႔နဲ႔ အၿပိဳင္ ၿပီးခဲ့တဲ့ (၃) ႏွစ္က လက္မွတ္ထိုးေခၚယူခဲ့တာ ျဖစ္ပါတယ္။ သို႔ေသာ္လည္း ကြင္းလယ္ဖန္တီးရွင္ဟာ အဲ့ဒီရာသီက (၃၄) ပြဲအထိကစားခဲ့ေပမယ့္ (၁) ဂိုးသြင္း (၁) ဂိုးသာ ဖန္တီးေပးၿပီး ဖူလ္ဟမ္အသင္းလည္း ရာသီအကုန္ တန္းဆင္းခဲ့ရပါတယ္။

အဲ့ဒီေနာက္ ဆီရီဟာ ဂါလာတာစာေရးအသင္းထံမွာ ၿပီးခဲ့တဲ့ရာသီက အငွားသြားေရာက္ကစားခဲ့ပါတယ္။ တူရကီကလပ္အသင္းက သူ႔ကို အသင္းမွာ ဆက္ထားရန္ စိတ္၀င္စားခဲ့ေပမယ့္ ဆီရီက ျပန္သြားခဲ့ၿပီး အသင္း ေဘာ္ဒိုးအသင္းဆီကို အငွားသြားေရာက္ကစားေတာ့မွာျဖစ္ပါတယ္။ အသက္ ၂၉ ႏွစ္အရါယ္ကစားသမားဟာ ဖူလ္ဟမ္အသင္းနဲ႔ စာခ်ဳပ္သက္တမ္းကုန္ဆံုးရန္ (၁) ႏွစ္ပဲ က်န္ပါေတာ့တယ္။