စတုတ်စီးတီး နောက်ခံလူ နသန်ကောလင်း ကို ပေါင် ၁၅ သန်းနဲ့ ခေါ်ယူရန် ရည်ရွယ်ထားတဲ့ အာဆင်နယ်အသင်း

အာဆင်နယ်အသင်းဟာ စတုတ်စီးတီး ကြယ်ပွင့် နသန်ကောလင်းကို ပေါင် ၁၅ သန်းနဲ့ ခေါ်ယူရန် ရည်ရွယ်ထားတယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ ဗဟိုနောက်ခံလူဟာ ညာနောက်ခံလူ နေရာမှာပါ ကစားနိုင်စွမ်းရှိပြီး အသင်းအတွက် ပုံမှန်ကစားခွင့် ရရှိလာသူဖြစ်ပါတယ်။ သူဟာ ဒီရာသီမှာ ချန်ပီယံရှစ်၌ မိနစ် (၉၀) ပြည့် (၁၃) ပွဲကစားထားသူဖြစ်ပါတယ်။

ကောလင်းကို အာဆင်နယ်အသင်းအပြင် အခြားသော ပရီးမီးယားလိဂ်အသင်းတွေက စိတ်ဝင်စားနေတယ်လို့ သိရပြီး စတုတ်စီးတီးဘက်ကတော့ သူ့ကို ဈေးပေါပေါနဲ့ လက်လွှတ်သွားမှာ မဟုတ်တော့ပါဘူး။ သတင်းများအရ မာတင်အိုနေးလ်ရဲ့ အသင်းဟာ အသက် ၁၉ နှစ်အရွယ်ကစားသမားကို ပေါင် ၁၅ သန်းအောက် နည်းတဲ့ ဘယ်ကမ်းလှမ်းချက်ကိုမဆို ငြင်းပယ်ရန် ရည်ရွယ်ထားပြီး အဲ့ထက် ပိုတဲ့ ပြောင်းရွှေ့ကြေးနဲ့ ကမ်းလှမ်းမှသာ စဉ်းစားသွားမယ်လို့ သိရပါတယ်။

ဘန်လေအသင်းကလည်း အိုင်ယာလန် ယူ၂၁ နှစ်အောက်ကစားသမားကို ပေါင် ၅ သန်းနဲ့ ကမ်းလှမ်းခဲ့သေးပေမယ့် စတုတ်ဘက်က ချက်ချင်းပဲ ပယ်ချလိုက်တာတာဖြစ်ပါတယ်။ ကောလင်းဟာ ချန်ပီယံရှစ်ကလပ်အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးရန် (၃) နှစ်ခွဲလောက် ကျန်ရှိနေသေးတယ်လို့ သိရပါတယ်။

စတုတ္စီးတီး ေနာက္ခံလူ နသန္ေကာလင္း ကို ေပါင္ ၁၅ သန္းနဲ႔ ေခၚယူရန္ ရည္ရြယ္ထားတဲ့ အာဆင္နယ္အသင္း

အာဆင္နယ္အသင္းဟာ စတုတ္စီးတီး ၾကယ္ပြင့္ နသန္ေကာလင္းကို ေပါင္ ၁၅ သန္းနဲ႔ ေခၚယူရန္ ရည္ရြယ္ထားတယ္လို႔ သတင္းေတြ ထြက္ေပၚလာပါတယ္။ ဗဟိုေနာက္ခံလူဟာ ညာေနာက္ခံလူ ေနရာမွာပါ ကစားႏိုင္စြမ္းရွိၿပီး အသင္းအတြက္ ပံုမွန္ကစားခြင့္ ရရွိလာသူျဖစ္ပါတယ္။ သူဟာ ဒီရာသီမွာ ခ်န္ပီယံရွစ္၌ မိနစ္ (၉၀) ျပည့္ (၁၃) ပြဲကစားထားသူျဖစ္ပါတယ္။

ေကာလင္းကို အာဆင္နယ္အသင္းအျပင္ အျခားေသာ ပရီးမီးယားလိဂ္အသင္းေတြက စိတ္၀င္စားေနတယ္လို႔ သိရၿပီး စတုတ္စီးတီးဘက္ကေတာ့ သူ႔ကို ေစ်းေပါေပါနဲ႔ လက္လႊတ္သြားမွာ မဟုတ္ေတာ့ပါဘူး။ သတင္းမ်ားအရ မာတင္အိုေနးလ္ရဲ႕ အသင္းဟာ အသက္ ၁၉ ႏွစ္အရြယ္ကစားသမားကို ေပါင္ ၁၅ သန္းေအာက္ နည္းတဲ့ ဘယ္ကမ္းလွမ္းခ်က္ကိုမဆို ျငင္းပယ္ရန္ ရည္ရြယ္ထားၿပီး အဲ့ထက္ ပိုတဲ့ ေျပာင္းေရႊ႕ေၾကးနဲ႔ ကမ္းလွမ္းမွသာ စဥ္းစားသြားမယ္လို႔ သိရပါတယ္။

ဘန္ေလအသင္းကလည္း အိုင္ယာလန္ ယူ၂၁ ႏွစ္ေအာက္ကစားသမားကို ေပါင္ ၅ သန္းနဲ႔ ကမ္းလွမ္းခဲ့ေသးေပမယ့္ စတုတ္ဘက္က ခ်က္ခ်င္းပဲ ပယ္ခ်လိုက္တာတာျဖစ္ပါတယ္။ ေကာလင္းဟာ ခ်န္ပီယံရွစ္ကလပ္အသင္းနဲ႔ စာခ်ဳပ္သက္တမ္းကုန္ဆံုးရန္ (၃) ႏွစ္ခြဲေလာက္ က်န္ရွိေနေသးတယ္လို႔ သိရပါတယ္။