ချဲလ်ဆီးအသင်းကနေ ထုတ်ခံရမှာ မကြောက်ဘူးလို့ ဆိုလိုက်တဲ့ နည်းပြသစ်တူချယ်

ချဲလ်ဆီးနည်းပြသစ် သောမတ်စ်တူချယ်က မျှော်လင့်ထားသလို့ မဖြစ်လာတဲ့အခါ အသင်းကနေ အထုတ်ခံရမှာကို မစိုးရိမ်ဘူးလို့ ပြောသွားခဲ့ပါတယ်။ ဂျာမန်လူမျိုးနည်းပြဟာ အသင်းဂန္တဝင် လမ်းပတ်ကိုင်တွယ်ခဲ့တဲ့ ချဲလ်ဆီးအသင်းကို အစားထိုးဝင်ရောက်ကိုင်တွယ်ရတာဖြစ်ပြီး သူ့အလုပ်က ခက်ခဲမယ်ဆိုတာကို နားလည်တယ်လို့ ပြောခဲ့တာဖြစ်ပါတယ်။

နွေရာသီအပြောင်းအရွှေ့တုန်းက အသင်းကို ကစားသမားမြောက်များစွာ ခေါ်ယူခဲ့သော်လည်း ချဲလ်ဆီးအသင်းဟာ ဒီရာသီမှာ မျှော်လင့်ထားသလောက် မဖြစ်လာသေးပါဘူး။ တူချယ်ကတော့ နောက် ၆ လကနေ ၁၈ လ မှာ အသင်းတွက် အရေးပါတဲ့ ဆုဖလားတွေကို ရယူပေးနိုင်မယ်လို့ မျှော်လင့်နေပြီး မရဖြစ်ပါကလည်း သူ့ထုတ်ခံရနိုင်တယ်လို့ ပြောခဲ့ပါတယ်။

အသင်းကနေ အထုတ်ခံရမှာကို ကြောက်မိသလားလို့ မေးမြန်းခဲ့ရာ တူချယ်က “ ဟုတ်လည်း ဟုတ်တယ်၊ မဟုတ်လည်း မဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်တော့် ဒီလို အဆင့်မျိုးကို ကောင်းကောင်းကိုင်တွယ်နိုင်ပါတယ်။ ချဲလ်ဆီးအသင်းလို အသင်းကို ရောက်လာပြီဆိုရင် ဆုဖလားတွေအတွက်ဆိုတာ နားလည်ထားပါတယ်။ ပြိုင်ပွဲတိုင်းအတွက် ပြိုင်ဆိုင်ရမယ်ဆိုတာကိုလည်း နားလည်ထားပါတယ်။

ခင်ဗျားမေးသလိုမျိုးတော့ မကြောက်ပါဘူး။ ကျွန်တော့်မှာ ရည်မှန်းချက် ကြီးကြီးမားမား ရှိပါတယ်။ အသင်းရဲ့ ဖွဲ့ စည်းပုံကြောင့် စိတ်လှုပ်ရှားခဲ့ပါတယ်။ ပထမဆုံးနေ့ကတော့ အံ့အားစရာကောင်းပါတယ်။ လူတိုင်းက ရလဒ်တွေကို မျှော်လင့်နေမယ်ဆိုတာ ကျွန်တော်သိပါတယ်။ ဒါပေမယ့် ကျွန်တော်ကတော့ ကျွန်တော့်နည်း ကျွန်တော့်ဟန် နဲ့ လုပ်သွားမှာပါ” လို့ ပြောသွားခဲ့တာ ဖြစ်ပါတယ်။

ခ်ဲလ္ဆီးအသင္းကေန ထုတ္ခံရမွာ မေၾကာက္ဘူးလို႔ ဆိုလိုက္တဲ့ နည္းျပသစ္တူခ်ယ္

ခ်ဲလ္ဆီးနည္းျပသစ္ ေသာမတ္စ္တူခ်ယ္က ေမွ်ာ္လင့္ထားသလို႔ မျဖစ္လာတဲ့အခါ အသင္းကေန အထုတ္ခံရမွာကို မစိုးရိမ္ဘူးလို႔ ေျပာသြားခဲ့ပါတယ္။ ဂ်ာမန္လူမ်ိဳးနည္းျပဟာ အသင္းဂႏၲ၀င္ လမ္းပတ္ကိုင္တြယ္ခဲ့တဲ့ ခ်ဲလ္ဆီးအသင္းကို အစားထိုး၀င္ေရာက္ကိုင္တြယ္ရတာျဖစ္ၿပီး သူ႔အလုပ္က ခက္ခဲမယ္ဆိုတာကို နားလည္တယ္လို႔ ေျပာခဲ့တာျဖစ္ပါတယ္။

ေႏြရာသီအေျပာင္းအေရႊ႕တုန္းက အသင္းကို ကစားသမားေျမာက္မ်ားစြာ ေခၚယူခဲ့ေသာ္လည္း ခ်ဲလ္ဆီးအသင္းဟာ ဒီရာသီမွာ ေမွ်ာ္လင့္ထားသေလာက္ မျဖစ္လာေသးပါဘူး။ တူခ်ယ္ကေတာ့ ေနာက္ ၆ လကေန ၁၈ လ မွာ အသင္းတြက္ အေရးပါတဲ့ ဆုဖလားေတြကို ရယူေပးႏိုင္မယ္လို႔ ေမွ်ာ္လင့္ေနၿပီး မရျဖစ္ပါကလည္း သူ႔ထုတ္ခံရႏိုင္တယ္လို႔ ေျပာခဲ့ပါတယ္။

အသင္းကေန အထုတ္ခံရမွာကို ေၾကာက္မိသလားလို႔ ေမးျမန္းခဲ့ရာ တူခ်ယ္က “ ဟုတ္လည္း ဟုတ္တယ္၊ မဟုတ္လည္း မဟုတ္ပါဘူး။ ဒါေပမယ့္ ကၽြန္ေတာ့္ ဒီလို အဆင့္မ်ိဳးကို ေကာင္းေကာင္းကိုင္တြယ္ႏိုင္ပါတယ္။ ခ်ဲလ္ဆီးအသင္းလို အသင္းကို ေရာက္လာၿပီဆိုရင္ ဆုဖလားေတြအတြက္ဆိုတာ နားလည္ထားပါတယ္။ ၿပိဳင္ပြဲတိုင္းအတြက္ ၿပိဳင္ဆိုင္ရမယ္ဆိုတာကိုလည္း နားလည္ထားပါတယ္။

ခင္ဗ်ားေမးသလိုမ်ိဳးေတာ့ မေၾကာက္ပါဘူး။ ကၽြန္ေတာ့္မွာ ရည္မွန္းခ်က္ ႀကီးႀကီးမားမား ရွိပါတယ္။ အသင္းရဲ႕ ဖြဲ႔ စည္းပံုေၾကာင့္ စိတ္လႈပ္ရွားခဲ့ပါတယ္။ ပထမဆံုးေန႔ကေတာ့ အံ့အားစရာေကာင္းပါတယ္။ လူတိုင္းက ရလဒ္ေတြကို ေမွ်ာ္လင့္ေနမယ္ဆိုတာ ကၽြန္ေတာ္သိပါတယ္။ ဒါေပမယ့္ ကၽြန္ေတာ္ကေတာ့ ကၽြန္ေတာ့္နည္း ကၽြန္ေတာ့္ဟန္ နဲ႔ လုပ္သြားမွာပါ” လို႔ ေျပာသြားခ့ဲတာ ျဖစ္ပါတယ္။