လီဗာပူးနဲ့ ပွဲတုန်းက ခြေချင်းဝတ်နှစ်ဖက်စလုံး ဒဏ်ရာရခဲ့တာကြောင့် အနားယူရဖို့ရှိနေတဲ့ ဟယ်ရီကိန်း


ပြီးခဲ့တဲ့နေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ လီဗာပူးအသင်းနဲ့ပွဲစဉ်မှာ စပါးအသင်းအနေနဲ့ ရှုံးခဲ့ပြီး အသင်းခေါင်းဆောင် ဟယ်ရီကိန်း လည်း ဒဏ်ရာရခဲ့တာကြောင့် ရှုံးချက်နာခဲ့တယ်လို့ ဆိုရမှာပဲ ဖြစ်ပါတယ်။ ဟယ်ရီကိန်းဟာ လီဗာပူးနဲ့ပွဲတုန်းက ခြေချင်း ဝတ်နှစ်ဖက်စလုံး ဒဏ်ရာရခဲ့တာကြောင့် ရက်သတ္တပတ်အနည်းငယ်လောက် အနားယူရဖို့ ရှိနေတယ်လို့လည်း သတင်း တွေက ရေးသားဖော်ပြခဲ့ကြပါတယ်။


အသက် ၂၇ နှစ်ရှိပြီဖြစ်တဲ့ ဟယ်ရီကိန်းဟာ လီဗာပူးနဲ့ပွဲတုန်းက ဟန်ဒါဆန်နဲ့ ထိခိုက်မိပြီး ဘယ်ဘက်ခြေချင်းဝတ်မှာ ဒဏ် ရာရခဲ့သလို အယ်ကန်တာရာနဲ့ ထိခိုက်မိပြီး ညာဘက်ခြေချင်းဝတ်မှာ ဒဏ်ရာရခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။ ဟယ်ရီကိန်းဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်း ခြေချင်းဝတ်ဒဏ်ရာမကြာခဏ ရရှိနေတာကြောင့် အသင်းရဲ့ပွဲစဉ်တစ်ချို့ကို လွဲ ချော်ခဲ့ရပြီး ပုံမှန်ခြေစွမ်းပြနိုင်ဖို့အတွက်လည်း ရုန်းကန်နေရသူဖြစ်ပါတယ်။


ဟယ်ရီကိန်း ဒဏ်ရာရရှိမှုနဲ့ ပတ်သက်ပြီးတော့ စပါးနည်းပြ မော်ရင်ဟိုက “ ဒဏ်ရာတွေက ထပ်တူမဟုတ်ဘူးဆိုပေယ့် ခြေ ထောက်နှစ်ဖက်စလုံးမှာ ဟယ်ရီကိန်းအနေနဲ့ ဒဏ်ရာရခဲ့ပြီး ဒုတိယတစ်ခုက ပိုဆိုးပါတယ်။ သူသာ ဒဏ်ရာမရခဲ့ဘူးဆိုရင် အသင်းအတွက် သူကပွဲချိန်ပြည့်ကစားနိုင်တဲ့သူမျိုးပါ။ လီဗာပူးကို ရှုံးခဲ့ရတာကတော့ အသင်းအနေနဲ့ အမှားတွေကျူးလွန်ခဲ့ တာကြောင့်ပါပဲ” ဆိုပြီး ပြောသွားခဲ့တာပဲ ဖြစ်ပါတယ်။

zawgyi version
