ဝမ်ဘစ်ဆာကာရဲ့ အရန်လူအတွက် ထရစ်ပီယာနဲ့ အာရွန်စ် တို့ကို ခေါ်ယူဖို့ စောင့်ကြည့်နေတဲ့ ယူနိုက်တက်
ယူနိုက်တက်အသင်းဟာ ညာနောက်ခံလူ ဝမ်ဘစ်ဆာကာရဲ့ အရန်လူအဖြစ် အက်သလက်တီကို ထရစ်ပီယာနဲ့ နော်ဝစ်ချ် က မက်အာရွန်စ် တို့ကို စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ ယူနိုက်တက်အသင်းကနေ အေစီမီလန်ကို အဌားနဲ့ ပြောင်း ရွှေ့ကစားနေတဲ့ ဒါလော့စ်အနေနဲ့ ရာသီအကုန်မှာ အပြီးသတ်ပြောင်းရွှေ့ဖို့ ရှိနေတာကြောင့် ဆိုးလ်ရှားအနေနဲ့ ညာနောက် ခံလူ တစ်ဦးကို ရှာဖွေနေတာဖြစ်တယ်လို့ forbes သတင်းစာက ဖော်ပြခဲ့တာပဲ ဖြစ်ပါတယ်။
အသက် ၃၀ အရွယ်ရှိပြီဖြစ်တဲ့ ထရစ်ပီယာဟာ အက်သလက်တီကိုအသင်းမှာ ရုန်းကန်နေရတဲ့အနေအထားတွေကြောင့် အသင်းပြောင်းရွှေ့ဖို့အတွက် သတင်းတွေထွက်နေသူဖြစ်ပါတယ်။ လက်ရှိမှာ ထရစ်ပီယာဟာ လောင်းကစားစည်းမျဉ်း ချိုးဖောက်မှုကြောင့် ဖီဖာက ဘောလုံးနဲ့ပတ်သက်ခွင့် ရက်သတ္တပတ် ၁၀ ပတ်အထိ ပိတ်ပင်ခံထားရတယ်လို့ သိရပါတယ်။ နော်ဝစ်ချ်အသင်း နောက်ခံလူဖြစ်တဲ့ မက်အာရွန်စ်ကိုတော့ ယူနိုက်တက်အနေနဲ့ ပြီးခဲ့တဲ့နွေရာသီကတည်းက ခေါ်ယူဖို့ စောင့်ကြည့်နေခဲ့တာပဲ ဖြစ်ပါတယ်။
ယူနိုက်တက်အနေနဲ့ အသက် ၂၃ နှစ်သာရှိသေးတဲ့ ဝမ်ဘစ်ဆာကာရဲ့ အရန်အဖြစ်ထားဖို့အတွက် အသက် ၃၀ အရွယ် ရှိနေပြီး မြို့ခံပြိုင်ဘက် မန်စီးတီးအကယ်ဒမီကပေါ်ထွက်လာတဲ့ ထရစ်ပီယာထက်စာရင် အသက် ၂၁ နှစ်သာရှိသေးတဲ့ နော်ဝစ်ချ်နောက်ခံလူ မက်အာရွန်စ်ကို ခေါ်ယူဖို့ ပိုစိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ မက်အာရွန်စ်ဟာ နော်ဝစ်ချ်အ သင်းရဲ့ အဓိက,ကစားသမားတစ်ဦးဖြစ်ပြီး ပွဲပေါင်း ၁၁၀ ကျော်ကစားပေးထားသူလည်း ဖြစ်ပါတယ်။
zawgyi version
ယူနိုက်တက်အနေနဲ့ အသက် ၂၃ နှစ်သာရှိသေးတဲ့ ဝမ်ဘစ်ဆာကာရဲ့ အရန်အဖြစ်ထားဖို့အတွက် အသက် ၃၀ အရွယ် ရှိနေပြီး မြို့ခံပြိုင်ဘက် မန်စီးတီးအကယ်ဒမီကပေါ်ထွက်လာတဲ့ ထရစ်ပီယာထက်စာရင် အသက် ၂၁ နှစ်သာရှိသေးတဲ့ နော်ဝစ်ခ်ျနောက်ခံလူ မက်အာရွန်စ်ကို ခေါ်ယူဖို့ ပိုစိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ မက်အာရွန်စ်ဟာ နော်ဝစ်ခ်ျအ သင်းရဲ့ အဓိက,ကစားသမားတစ်ဦးဖြစ်ပြီး ပွဲပေါင်း ၁၁၀ ကျော်ကစားပေးထားသူလည်း ဖြစ်ပါတယ်။