လီဗာပူးက ဘယ်လိုအသင်းလဲဆိုတာကို ပြသနိုင်ခဲ့တယ်ဆိုပြီး စပါးကိုအနိုင်ရတဲ့ပွဲအပြီးမှာ ပြောခဲ့တဲ့ ကလော့ပ်


ပြီးခဲ့တဲ့နေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ စပါးအသင်းနဲ့ပွဲစဉ်မှာ အနိုင်ရပြီးနောက်မှာတော့ လီဗာပူးအသင်းနည်းပြကလော့ပ်က အသင်းရဲ့စွမ်းဆောင်ရည်ကို ချီးကျူးသွားခဲ့ပြီး လီဗာပူးက ဘယ်လိုအသင်းလဲဆိုတာကို ပြသနိုင်ခဲ့ကြောင်း ပြောခဲ့ပါတယ်။ ခံစစ်ကစားသမားတွေ ဒဏ်ရာရရှိမှု၊ တိုက်စစ်မှူးတွေ ဂိုးပေါက်ပျောက်ဆုံးနေမှုကြောင့် ဝေဖန်ခံနေရတဲ့ လီဗာပူးဟာ စပါး အသင်းနဲ့ကစားခဲ့တဲ့ပွဲမှာတော့ အဝေးကွင်းမှာ ကစားရတာဖြစ်ပေမယ့် သုံးဂိုးတစ်ဂိုးနဲ့ အနိုင်ရရှိခဲ့တာပဲ ဖြစ်ပါတယ်။


စပါးကိုအနိုင်ရတဲ့ပွဲဟာ လီဗာပူးအတွက် ပရီးမီးယားလိဂ်နောက်ဆုံး ၅ ပွဲမှာ ပထမဆုံးနိုင်ပွဲဖြစ်ခဲ့ပြီး ၄ ပွဲဆက်ဂိုးပေါက် ပျောက်ဆုံးနေမှုကိုလည်း ရပ်တန့်နိုင်ခဲ့တာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ လီဗာပူးဟာ အမှတ်ပေးဇယား အဆင့်- ၄ နေရာမှာရပ်တည်နေပြီး ဇယားထိပ်က မန်စီးတီးထက် တစ်ပွဲပိုကစားထားကာ ၄ မှတ်အထိကွာဟနေတာပဲ ဖြစ်ပါတယ်။ ပွဲ အပြီးမှာတော့ ကလော့ပ်က အသင်းသားတွေအနေနဲ့ ၂၀၂၁ ခုနှစ်အတွင်း ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ ဂိုးပေါက်တွေ့ခဲ့တာကြောင့် ပျော်ရွှင်မိတယ်လို့ ပြောသွားခဲ့ပါတယ်။


ပွဲအပြီး BT Sport ရဲ့ မေးမြန်းမှုမှာတော့ ကလော့ပ်က “ အသင်းသားတွေဟာ မှန်ကန်တဲ့အချိန်မှာ အံအားသင့်စရာဂိုး တွေကို သွင်းယူနိုင်ခဲ့တာပါ။ ဒီနေ့ကစားခဲ့တဲ့ အသင်းရဲ့စွမ်းဆောင်ရည်ကို ကျေနပ်ပါတယ်။ အထူးသဖြင့် ဒုတိယပိုင်းက စားခဲ့တဲ့ ခြေစွမ်းကိုပေါ့။ခံစစ်က အရမ်းကောင်းခဲ့သလို တန်ပြန်တိုက်စစ်ကိုလည်း အကောင်းဆုံးလုပ်နိုင်ခဲ့ပါတယ်။ ဒီအ တိုင်းသာ ဆက်ကစားသွားမယ်ဆိုရင် အမှတ်ပေးဇယားထိပ်ကို ပြန်ပြီးရောက်ရှိမှာပါ “ ဆိုပြီး ပြောသွားခဲ့တာဖြစ်ပါတယ်။

zawgyi version

လီဗာပူးက ဘယ္လိုအသင္းလဲဆိုတာကို ျပသႏိုင္ခဲ့တယ္ဆိုၿပီး စပါးကိုအႏိုင္ရတဲ့ပြဲအၿပီးမွာ ေျပာခဲ့တဲ့ ကေလာ့ပ္
ၿပီးခဲ့တဲ့ေန႔က ယွဥ္ၿပိဳင္ကစားခဲ့တဲ့ စပါးအသင္းနဲ႔ပြဲစဥ္မွာ အႏိုင္ရၿပီးေနာက္မွာေတာ့ လီဗာပူးအသင္းနည္းျပကေလာ့ပ္က အသင္းရဲ႕စြမ္းေဆာင္ရည္ကို ခ်ီးက်ဴးသြားခဲ့ၿပီး လီဗာပူးက ဘယ္လိုအသင္းလဲဆိုတာကို ျပသႏိုင္ခဲ့ေၾကာင္း ေျပာခဲ့ပါတယ္။ ခံစစ္ကစားသမားေတြ ဒဏ္ရာရရွိမႈ၊ တိုက္စစ္မွဴးေတြ ဂိုးေပါက္ေပ်ာက္ဆံုးေနမႈေၾကာင့္ ေဝဖန္ခံေနရတဲ့ လီဗာပူးဟာ စပါး အသင္းနဲ႔ကစားခဲ့တဲ့ပြဲမွာေတာ့ အေဝးကြင္းမွာ ကစားရတာျဖစ္ေပမယ့္ သံုးဂိုးတစ္ဂိုးနဲ႔ အႏိုင္ရရွိခဲ့တာပဲ ျဖစ္ပါတယ္။
စပါးကိုအႏိုင္ရတဲ့ပြဲဟာ လီဗာပူးအတြက္ ပရီးမီးယားလိဂ္ေနာက္ဆံုး ၅ ပြဲမွာ ပထမဆံုးႏိုင္ပြဲျဖစ္ခဲ့ၿပီး ၄ ပြဲဆက္ဂိုးေပါက္ ေပ်ာက္ဆံုးေနမႈကိုလည္း ရပ္တန္႔ႏိုင္ခဲ့တာ ျဖစ္ပါတယ္။ လက္ရွိအခ်ိန္မွာေတာ့ လီဗာပူးဟာ အမွတ္ေပးဇယား အဆင့္- ၄ ေနရာမွာရပ္တည္ေနၿပီး ဇယားထိပ္က မန္စီးတီးထက္ တစ္ပြဲပိုကစားထားကာ ၄ မွတ္အထိကြာဟေနတာပဲ ျဖစ္ပါတယ္။ ပြဲ အၿပီးမွာေတာ့ ကေလာ့ပ္က အသင္းသားေတြအေနနဲ႔ ၂၀၂၁ ခုႏွစ္အတြင္း ကစားခဲ့တဲ့ ပရီးမီးယားလိဂ္ပြဲစဥ္ေတြမွာ ဂိုးေပါက္ေတြ႕ခဲ့တာေၾကာင့္ ေပ်ာ္ရႊင္မိတယ္လို႔ ေျပာသြားခဲ့ပါတယ္။
ပြဲအၿပီး BT Sport ရဲ႕ ေမးျမန္းမႈမွာေတာ့ ကေလာ့ပ္က “ အသင္းသားေတြဟာ မွန္ကန္တဲ့အခ်ိန္မွာ အံအားသင့္စရာဂိုး ေတြကို သြင္းယူႏိုင္ခဲ့တာပါ။ ဒီေန႔ကစားခဲ့တဲ့ အသင္းရဲ႕စြမ္းေဆာင္ရည္ကို ေက်နပ္ပါတယ္။ အထူးသျဖင့္ ဒုတိယပိုင္းက စားခဲ့တဲ့ ေျခစြမ္းကိုေပါ့။ခံစစ္က အရမ္းေကာင္းခဲ့သလို တန္ျပန္တိုက္စစ္ကိုလည္း အေကာင္းဆံုးလုပ္ႏိုင္ခဲ့ပါတယ္။ ဒီအ တိုင္းသာ ဆက္ကစားသြားမယ္ဆိုရင္ အမွတ္ေပးဇယားထိပ္ကို ျပန္ၿပီးေရာက္ရွိမွာပါ “ ဆိုၿပီး ေျပာသြားခဲ့တာျဖစ္ပါတယ္။