ဗန်ဒိုက်ချ် နဲ့ နှိုင်းယှဉ်ခံရတာတွေအပေါ် စိတ်မဝင်စားဘူးလို့ ဆိုလိုက်တဲ့ လက်စတာနောက်ခံလူ ဖိုဖန်နာ

လက်စတာအသင်းရဲ့ နောက်ခံလူ ဝက်စ်လေဖိုဖန်နာက ဗန်ဒိုက်ချ် နဲ့ နှိုင်းယှဉ်ခြင်းခံနေရတာတွေအပေါ် စိတ်မဝင်စားဘူးလို့ ပြောသွားခဲ့ပါတယ်။ အသက် ၂၀ အရွယ်ပြင်သစ်ကစားသမားဟာ လက်ရှိကမ္ဘာ့အကောင်းဆုံး နောက်ခံလူ တစ်ယောက်ဖြစ်တဲ့ ဗန်ဒိုက်ချ် နဲ့ နှိုင်းယှဉ်ခံနေရတာ ဖြစ်ပါတယ်။ ဖိုဖန်နာက သူ့ကို အခုလို ချီးကျူးတာတွေကို ဝမ်းသာပေမယ့် အဲ့ဒါတွေကြောင့် စိတ်အနှောက်အယှက်မဖြစ်ချင်ဘူးလို့ ပြောသွားခဲ့ပါတယ်။

“ဒီလိုအရာမျိုးကို ကြားရတာ မယုံနိုင်စရာကောင်းလောက်အောင်ကို ကောင်းပါတယ်။ ဒါပေမယ့် သေချာတာ တစ်ခုကတော့ ကျွန်တော်က နောက်ထပ် ဗန်ဒိုက်ချ် တစ်ယောက်မဟုတ်ပါဘူး။ ကျွန်တော်ဟာ ကျွန်တော်ပါပဲ။ ကျွန်တော့်ကစားသမားဘဝကို ကျွန်တော်ပဲ ဦးဆောင်မှာဖြစ်ပြီး ကျွန်တော့်အတွက် အကောင်းဆုံးဆိုတာတွေကိုပဲ လုပ်သွားမှာပါ။

သေချာတာကတော့ ဒီလိုအရမ်းကောင်းတဲ့ ဗန်ဒိုက်ခ်ျလို လူမျိုး နဲ့ နှိုင်းယှဉ်တာတွေကို လူတွေပြောနေတာ ကြားရတဲ့အခါ ကျွန်တော် တစ်ကယ်ကို ဝမ်းသာပါတယ်။ ဒီလို နှိုင်းယှဉ်တာတွေကို ကျွန်တော် အာရုံစိုက်ဖို့ ကြိုးစားမှာ မဟုတ်ပါဘူး။ ကျွန်တော့်ဟာ ကျွန်တော့်ရဲ့ စွမ်းဆောင်ရည်အပေါ်ကိုပဲ အာရုံစိုက်သွားမှာပါ” လို့ ဖိုဖန်နာက မနေ့ညက အဲဗာတန်နဲ့ (၁-၁) သရေကျခဲ့တဲ့ ပွဲမတိုင်ခင်တုန်းက ပြောသွားခဲ့တာ ဖြစ်ပါတယ်။

ဗန္ဒိုက္ခ်္ နဲ႔ ႏိႈင္းယွဥ္ခံရတာေတြအေပၚ စိတ္မ၀င္စားဘူးလို႔ ဆိုလိုက္တဲ့ လက္စတာေနာက္ခံလူ ဖိုဖန္နာ

လက္စတာအသင္းရဲ႕ ေနာက္ခံလူ ၀က္စ္ေလဖိုဖန္နာက ဗန္ဒိုက္ခ်္ နဲ႔ ႏိႈင္းယွဥ္ျခင္းခံေနရတာေတြအေပၚ စိတ္မ၀င္စားဘူးလို႔ ေျပာသြားခဲ့ပါတယ္။ အသက္ ၂၀ အရြယ္ျပင္သစ္ကစားသမားဟာ လက္ရွိကမာၻ႕အေကာင္းဆံုး ေနာက္ခံလူ တစ္ေယာက္ျဖစ္တဲ့ ဗန္ဒိုက္ခ်္ နဲ႔ ႏိႈင္းယွဥ္ခံေနရတာ ျဖစ္ပါတယ္။ ဖိုဖန္နာက သူ႔ကို အခုလို ခ်ီးက်ဴးတာေတြကို ၀မ္းသာေပမယ့္ အဲ့ဒါေတြေၾကာင့္ စိတ္အေႏွာက္အယွက္မျဖစ္ခ်င္ဘူးလို႔ ေျပာသြားခဲ့ပါတယ္။

“ဒီလိုအရာမ်ိဳးကို ၾကားရတာ မယံုႏိုင္စရာေကာင္းေလာက္ေအာင္ကို ေကာင္းပါတယ္။ ဒါေပမယ့္ ေသခ်ာတာ တစ္ခုကေတာ့ ကၽြန္ေတာ္က ေနာက္ထပ္ ဗန္ဒိုက္ခ်္ တစ္ေယာက္မဟုတ္ပါဘူး။ ကၽြန္ေတာ္ဟာ ကၽြန္ေတာ္ပါပဲ။ ကၽြန္ေတာ့္ကစားသမားဘ၀ကို ကၽြန္ေတာ္ပဲ ဦးေဆာင္မွာျဖစ္ၿပီး ကၽြန္ေတာ့္အတြက္ အေကာင္းဆံုးဆိုတာေတြကိုပဲ လုပ္သြားမွာပါ။

ေသခ်ာတာကေတာ့ ဒီလိုအရမ္းေကာင္းတဲ့ ဗန္ဒိုက္ခ္်လို လူမ်ိဳး နဲ႔ ႏိႈင္းယွဥ္တာေတြကို လူေတြေျပာေနတာ ၾကားရတဲ့အခါ ကၽြန္ေတာ္ တစ္ကယ္ကို ၀မ္းသာပါတယ္။ ဒီလို ႏိႈင္းယွဥ္တာေတြကို ကၽြန္ေတာ္ အာရံုစိုက္ဖို႔ ႀကိဳးစားမွာ မဟုတ္ပါဘူး။ ကၽြန္ေတာ့္ဟာ ကၽြန္ေတာ့္ရဲ႕ စြမ္းေဆာင္ရည္အေပၚကိုပဲ အာရံုစိုက္သြားမွာပါ” လို႔ ဖိုဖန္နာက မေန႔ညက အဲဗာတန္နဲ႔  (၁-၁) သေရက်ခဲ့တဲ့ ပြဲမတိုင္ခင္တုနး္က ေျပာသြားခဲ့တာ ျဖစ္ပါတယ္။