ချဲလ်ဆီးအသင်းခေါင်းဆောင် အက်ဇ်ပီလီကွီတာကို နာမည် မှားခေါ်ခဲ့တဲ့ နည်းပြသစ် တူချယ်

ချဲလ်ဆီးနည်းပြသစ်တူချယ်လ်ဟာ လွန်ခဲ့တဲ့ (၁) နှစ်က ဒေါ့မွန်အသင်းမှာ တာဝန်ယူခဲ့စဉ်က ပူလီဆစ်နဲ့ အတူတူ လက်တွဲခဲ့ဖူးသူဖြစ်ပါတယ်။ အခုအခါ အမေရိက ကစားသမားဟာ နည်းပြသစ် အနေနဲ့ နာမည်တွေ အတိုကောက် ခေါ်ရာမှာ ရောထွေးနေတာကို ကူညီပေးသွားခဲ့ပါတယ်။ ဗုဒ္ဓဟူးနေ့က ကစားခဲ့တဲ့ ဝုလ်ဗ်အသင်းနဲ့ ဂိုးမရှိသရေကျခဲ့တဲ့ပွဲမှာ တူချယ်လ်ဟာ အသင်းခေါင်းဆောင် အက်ဇ်ပီလီကွီတာကို ခေါ်ယူပြီး ညွှန်ကြားချက်အချို့ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

သို့သော်လည်း ဂျာမန်လူမျိုးနည်းပြဟာ နောက်ခံလူရဲ့ နာမည်အတိုကောက် ‘Azpi’ အစား ‘Azpli,Azpli’ ဆိုပြီး ဆက်တိုက်အော်ခေါ်နေခဲ့ပါတယ်။ ကံကောင်းစွာနဲ့ နောက်ပိုင်းမှာ လူစားဝင်ကစားခဲ့တဲ့ ပူလီဆစ်က တူချယ်လ်မှားခေါ်နေတာကို မြင်ပြီး အက်ဇ်ပီလီကွီတာရဲ့ နာမည်အတိုကောက်က ‘Azpli’ မဟုတ်ဘူး ‘Azpi’ လို့ ရှင်းပြပေးတာကို တီဗွီကင်မရာတွေမှာ မြင်တွေ့ခဲ့ရပါတယ်။

တူချယ်လ်ဟာ ချဲလ်ဆီးအသင်းကို ရောက်တာ (၂၄) နာရီမပြည့်သေးလို့ ဒါကို ပရိသတ်တွေက နားလည်ပေးသွားခဲ့တာဖြစ်ပါတယ်။ ဂိုးမရှိသရေကျခဲ့တဲ့ပွဲမှာ ပူလီဆစ်ဟာ လူစားဝင်ကစားပေးခဲ့ပေမယ့် ချဲလ်ဆီးအသင်းအတွက် ထူးထူးခြားခြား မလုပ်ပြပေးနိုင်ခဲ့ပါဘူး။ ချဲလ်ဆီးအသင်းကတော့ အဆင့် (၄) နေရာနဲ့ (၅) မှတ်ကွာသွားပြီး အဆင့် (၈) နေရာမှာ ရပ်တည်နေပါတယ်။

ခ်ဲလ္ဆီးအသင္းေခါင္းေဆာင္ အက္ဇ္ပီလီကြီတာကို နာမည္ မွားေခၚခဲ့တဲ့ နည္းျပသစ္ တူခ်ယ္

ခ်ဲလ္ဆီးနည္းျပသစ္တူခ်ယ္လ္ဟာ လြန္ခဲ့တဲ့ (၁) ႏွစ္က ေဒါ့မြန္အသင္းမွာ တာ၀န္ယူခဲ့စဥ္က ပူလီဆစ္နဲ႔ အတူတူ လက္တြဲခဲ့ဖူးသူျဖစ္ပါတယ္။ အခုအခါ အေမရိက ကစားသမားဟာ နည္းျပသစ္ အေနနဲ႔ နာမည္ေတြ အတိုေကာက္ ေခၚရာမွာ ေရာေထြးေနတာကို ကူညီေပးသြားခဲ့ပါတယ္။ ဗုဒၶဟူးေန႔က ကစားခဲ့တဲ့ ဝုလ္ဗ္အသင္းနဲ႔ ဂိုးမရွိသေရက်ခဲ့တဲ့ပြဲမွာ တူခ်ယ္လ္ဟာ အသင္းေခါင္းေဆာင္ အက္ဇ္ပီလီကြီတာကို ေခၚယူၿပီး ၫႊန္ၾကားခ်က္အခ်ိဳ႕ ျပဳလုပ္ခဲ့တာျဖစ္ပါတယ္။

သို႔ေသာ္လည္း ဂ်ာမန္လူမ်ိဳးနည္းျပဟာ ေနာက္ခံလူရဲ႕ နာမည္အတိုေကာက္ ‘Azpi’ အစား ‘Azpli,Azpli’ ဆိုၿပီး ဆက္တိုက္ေအာ္ေခၚေနခဲ့ပါတယ္။ ကံေကာင္းစြာနဲ႔ ေနာက္ပိုင္းမွာ လူစား၀င္ကစားခဲ့တဲ့ ပူလီဆစ္က တူခ်ယ္လ္မွားေခၚေနတာကို ျမင္ၿပီး အက္ဇ္ပီလီကြီတာရဲ႕ နာမည္အတိုေကာက္က ‘Azpli’ မဟုတ္ဘူး ‘Azpi’ လို႔ ရွင္းျပေပးတာကို တီဗြီကင္မရာေတြမွာ ျမင္ေတြ႕ခဲ့ရပါတယ္။

တူခ်ယ္လ္ဟာ ခ်ဲလ္ဆီးအသင္းကို ေရာက္တာ (၂၄) နာရီမျပည့္ေသးလို႔ ဒါကို ပရိသတ္ေတြက နားလည္ေပးသြားခဲ့တာျဖစ္ပါတယ္။ ဂိုးမရွိသေရက်ခဲ့တဲ့ပြဲမွာ ပူလီဆစ္ဟာ လူစား၀င္ကစားေပးခဲ့ေပမယ့္ ခ်ဲလ္ဆီးအသင္းအတြက္ ထူးထူးျခားျခား မလုပ္ျပေပးႏိုင္ခဲ့ပါဘူး။ ခ်ဲလ္ဆီးအသင္းကေတာ့ အဆင့္ (၄) ေနရာနဲ႔ (၅) မွတ္ကြာသြားၿပီး အဆင့္ (၈) ေနရာမွာ ရပ္တည္ေနပါတယ္။