အာဆင်နယ်အသင်းဟာ နာပိုလီတိုက်စစ်မှူး ဒရီးစ်မာတန်းစ် ကို ခေါ်ယူရန် ရည်ရွယ်ထားတယ်လို့ သတင်းထွက်ပေါ်လာပါတယ်။ စကိုင်းစပေါ့သတင်းဌာနရဲ့ ဖော်ပြချက်အရ အာဆင်နယ်အသင်းဟာ အသက် ၃၃ နှစ်အရွယ်တိုက်စစ်မှုးကို ရာသီအကုန်မှာ အင်္ဂလန်ကို ခေါ်ယူချင်နေတာ ဖြစ်ပါတယ်။
မာတန်းစ်ဟာ ပြီးခဲ့တဲ့ရာသီကလည်း ချဲလ်ဆီးအသင်းကို ပြောင်းရွှေ့ရန် သတင်းတွေ ထွက်ပေါ်ခဲ့ပြီးမှာ နာပိုလီအသင်းနဲ့ စာချုပ်သက်တမ်းတိုးခဲ့သူပါ။ သို့သော်လည်း သူ့ရဲ့ လက်ရှိစာချုပ်သက်တမ်းက ၂၀၂၂ ခုနှစ်မှာ ကုန်ဆုံးမှာဖြစ်ပြီး မာတန်းစ်ကလည်း အာဆင်နယ်အသင်းရဲ့ စိတ်ဝင်စားမှုတွေကြောင့် စိန်ခေါ်မှုအသစ်ကို ရှာဖွေလိုနေတာ ဖြစ်ပါတယ်။ ဘယ်လ်ဂျီယံလက်ရွေးစင်ကစားသမားဟာ ဒီရာသီ စီးရီးအေ (၁၃) ပွဲကစားထားပြီး (၄) ဂိုးသွင်း (၆) ဂိုးဖန်တီးပေးထားပါတယ်။
နာပိုလီတိုက်စစ်မှူး မာတန်းစ်ကို ခေါ်ယူရန် ရည်ရွယ်ထားတဲ့ အာဆင်နယ်အသင်း