အိုဒီဂတ်က အာဆင်နယ်အသင်းပျောက်ဆုံးနေတဲ့ အရည်အသွေးတွေကို ယူဆောင်လာတဲ့ သူလို့ ဆိုလိုက်တဲ့ နည်းပြအာတီတာ

အာတီတာက ရီးရဲလ်မက်ဒရစ်အသင်းကနေ အငှားနဲ့ ခေါ်ယူလိုက်တဲ့ အိုဒီဂတ်ဟာ အသင်းမှာပျောက်ဆုံးနေတဲ့ အရည်အသွေးတွေကို ယူဆောင်လာမယ့်သူလို့ ပြောသွားခဲ့ပါတယ်။ ဗုဒ္ဓဟူးနေ့က ရီးရဲလ်မက်ဒရစ်အသင်းကနေ အငှားနဲ့ ခေါ်ယူထားတဲ့ အိုဒီဂတ်ဟာ စနေနေ့ အမ်းမရိတ်ကွင်းမှာကစားမယ့် ယူနိုက်တက်နဲ့ ပွဲမှာ ပွဲထွက်ကစားလာဖွယ်ရှိနေတာ ဖြစ်ပါတယ်။

အသက် ၂၂ နှစ်အရွယ်ကစားသမားဟာ ဒီရာသီမှာ ရီးရဲလ်မက်ဒရစ်အသင်းမှာ ရုန်းကန်ခဲ့ရပြီး (၉) ပွဲပဲ ကစားထားရပါတယ်။ အာတီတာဟာ သူ့ကို ခေါ်ယူပြီး အသင်းမှာ ပွဲကစားချိန်ပေးမှာပဲ ဖြစ်ပါတယ်။ သို့သော်လည်း အာတီတာက အိုဒီဂတ်ရဲ့ အရည်အသွေးတွေက အသင်းကနေ ထွက်ခွာသွားတဲ့ အိုဇေးလ်နေရာမှာ အစားထိုးနိုင်မယ်လို့ ယုံကြည်နေပါတယ်။ အိုဇေးလ်ဟာ ဒီတစ်ပတ်မှာ ဖီနာဘာချီအသင်းဆီကို ပြောင်းရွှေ့သွားသူ ဖြစ်ပါတယ်။

အာတီတာက “သူ့ကို ကျွန်တော်တို့ အချိန်ပေးပြီး စောင့်ကြည့်ခဲ့တာပါ။ သူဟာ အသင်းမှာ လိုအပ်တဲ့ အရည်အသွေးတွေကို ယူလာမယ့်သူလို့ ယုံကြည်ပါတယ်။ အခု သူ့ကို အချိန်နည်းနည်းချင်းပေးသွားမှာပါ။ သူဟာ ရီးရဲလ်မက်ဒရစ်အသင်းမှာ အချိန်တော်တော်ကြာကြာ ကစားခွင့် ပျောက်နေခဲ့ပါတယ်။

ဒါပေမယ့် သူရဲ့ လေ့ကျင့်ရေးတွေက ကျွန်တော်တို့ကို စိတ်လှုပ်ရှားစေပါတယ်။ အသင်းအတွက်တော့ နောက်ထပ် အရည်အသွေးမြင့်ကစားသမား တစ်ယောက်ကို ရလိုက်တာပါပဲ” လို့ အာတီတာက ပြောသွားခဲ့ပါတယ်။

အိုဒီဂတ္က အာဆင္နယ္အသင္းေပ်ာက္ဆံုးေနတဲ့ အရည္အေသြးေတြကို ယူေဆာင္လာတဲ့ သူလို႔ ဆိုလိုက္တဲ့ နည္းျပအာတီတာ

အာတီတာက ရီးရဲလ္မက္ဒရစ္အသင္းကေန အငွားန႔ဲ ေခၚယူလိုက္တဲ့ အိုဒီဂတ္ဟာ အသင္းမွာေပ်ာက္ဆံုးေနတဲ့ အရည္အေသြးေတြကို ယူေဆာင္လာမယ့္သူလို႔ ေျပာသြားခဲ့ပါတယ္။ ဗုဒၶဟူးေန႔က ရီးရဲလ္မက္ဒရစ္အသင္းကေန အငွားနဲ႔ ေခၚယူထားတဲ့ အိုဒီဂတ္ဟာ စေနေန႔ အမ္းမရိတ္ကြင္းမွာကစားမယ့္ ယူႏိုက္တက္နဲ႔ ပြဲမွာ ပြဲထြက္ကစားလာဖြယ္ရွိေနတာ ျဖစ္ပါတယ္။

အသက္ ၂၂ ႏွစ္အရြယ္ကစားသမားဟာ ဒီရာသီမွာ ရီးရဲလ္မက္ဒရစ္အသင္းမွာ ႐ုန္းကန္ခဲ့ရၿပီး (၉) ပြဲပဲ ကစားထားရပါတယ္။ အာတီတာဟာ သူ႔ကို ေခၚယူၿပီး အသင္းမွာ ပြဲကစားခ်ိန္ေပးမွာပဲ ျဖစ္ပါတယ္။ သို႔ေသာ္လည္း အာတီတာက အိုဒီဂတ္ရဲ႕ အရည္အေသြးေတြက အသင္းကေန ထြက္ခြာသြားတဲ့ အိုေဇးလ္ေနရာမွာ အစားထိုးႏိုင္မယ္လို႔ ယံုၾကည္ေနပါတယ္။ အိုေဇးလ္ဟာ ဒီတစ္ပတ္မွာ ဖီနာဘာခ်ီအသင္းဆီကို ေျပာင္းေရႊ႕သြားသူ ျဖစ္ပါတယ္။

အာတီတာက “သူ႔ကို ကၽြန္ေတာ္တို႔ အခ်ိန္ေပးၿပီး ေစာင့္ၾကည့္ခဲ့တာပါ။ သူဟာ အသင္းမွာ လိုအပ္တဲ့ အရည္အေသြးေတြကို ယူလာမယ့္သူလို႔ ယံုၾကည္ပါတယ္။ အခု သူ႔ကို အခ်ိန္နည္းနည္းခ်င္းေပးသြားမွာပါ။ သူဟာ ရီးရဲလ္မက္ဒရစ္အသင္းမွာ အခ်ိန္ေတာ္ေတာ္ၾကာၾကာ ကစားခြင့္ ေပ်ာက္ေနခဲ့ပါတယ္။

ဒါေပမယ့္ သူရဲ႕ ေလ့က်င့္ေရးေတြက ကၽြန္ေတာ္တို႔ကို စိတ္လႈပ္ရွားေစပါတယ္။ အသင္းအတြက္ေတာ့ ေနာက္ထပ္ အရည္အေသြးျမင့္ကစားသမား တစ္ေယာက္ကို ရလိုက္တာပါပဲ” လို႔ အာတီတာက ေျပာသြားခဲ့ပါတယ္။