လမ်းပတ်အပြီး ပရီးမီးယားလိဂ်မှာ ထုတ်ပယ်ခံရမယ့် နည်းပြအဖြစ် နယူးကာဆယ်နည်းပြ စတိဗ်ဘရုစ် ရေပန်းအစားဆုံး ဖြစ်နေ


ခေတ်သစ်ဘောလုံးလောကမှာ အသင်းတစ်သင်းရလဒ်ကောင်းမယ်ဆိုရင် နည်းပြတစ်ယောက်အနေနဲ့ အရေးကြီးတဲ့ နေရာကနေ ပါဝင်ခြင်းမရှိပေမယ့် အသင်းတစ်သင်းရလဒ်မကောင်းဘူးဆိုရင်တော့ နည်းပြတစ်ယောက်အနေနဲ့ သူရဲ့တာ ဝန်ကနေ ထုတ်ပယ်ခံရတာမျိုးတွေရှိလာပါတယ်။ လက်ရှိအချိန်မှာ ရလဒ်မကောင်းမှုတွေကြောင့် လမ်းပတ်အနေနဲ့ ချဲလ် ဆီးနည်းပြ ရာထူးကနေ ထုတ်ပယ်ခံလိုက်ရပြီပဲ ဖြစ်ပါတယ်။


ရာသီဝက်ရောက်လာပြီးဖြစ်လာတာကြောင့် ပြိုင်ဆိုင်မှုပြင်းထန်လာချိန်မှာ ရလဒ်မကောင်းရင် ထုတ်ပယ်ခံရမယ့် နည်းပြ တွေထဲမှာ လမ်းပတ်အပြီး ရေပန်းအစားဆုံးနည်းပြကတော့ နယူးကာဆယ်နည်းပြ စတိဗ်ဘရုစ်ပဲ ဖြစ်ပါတယ်။ နယူးကာ ဆယ်အနေနဲ့ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ်နောက်ဆုံး ၅ ပွဲဆက် ရှုံးထားပြီး အမှတ်ပေးဇယား အဆင့်-၁၆ နေရာ ကို ရောက်ရှိနေတာကြောင့် စတိဗ်ဘရုစ်အနေနဲ့ ထုတ်ပယ်ခံရဖို့ ရေပန်းစားနေတာပဲ ဖြစ်ပါတယ်။


ရေပန်းစားမှုတွေမှာတော့ နယူးကာဆယ်နည်းပြ စတိဗ်ဘရုစ်က ၈လေး ၁၅လေး ၊ ရှက်ဖီးယူနိုက်တက်နည်းပြ ခရစ်ဝိုင်ဒါ က ၅လေး၁လေး၊ ခရစ္စတယ်ပဲလေ့စ်နည်းပြ ရွိုင်းဟော့ဆန်က ၆ လေး၁လေး ၊ဘရိုက်တန်နည်းပြ ဂရေဟမ်ပေါ်တာက ၁၀လေး၁လေးနဲ့ ဝက်စ်ဘရွန်းစ်အသင်းနည်းပြ ဆမ်အလာဒွိုက်စ်က ၁၆ လေး၁လေး ဆိုပြီး အသီးသီးရပ်တည်နေတာပဲ ဖြစ်ပါတယ်။ ထုတ်ပယ်ခံရဖို့ ရေပန်းအစားဆုံးဖြစ်နေပေမယ့် စတိဗ်ဘရုစ်ကတော့ ပြီးခဲ့တဲ့ပွဲစဉ်တွေမှာ အသင်းအနေနဲ့ ကစားပုံကောင်းခဲ့ပေမယ့် ကံမကောင်းခဲ့ကြောင်း ပြောဆိုသွားခဲ့ပါတယ်။

zawgyi version

လမ္းပတ္အၿပီး ပရီးမီးယားလိဂ္မွာ ထုတ္ပယ္ခံရမယ့္ နည္းျပအျဖစ္ နယူးကာဆယ္နည္းျပ စတိဗ္ဘ႐ုစ္ ေရပန္းအစားဆံုး ျဖစ္ေန
ေခတ္သစ္ေဘာလံုးေလာကမွာ အသင္းတစ္သင္းရလဒ္ေကာင္းမယ္ဆိုရင္ နည္းျပတစ္ေယာက္အေနနဲ႔ အေရးႀကီးတဲ့ ေနရာကေန ပါဝင္ျခင္းမရွိေပမယ့္ အသင္းတစ္သင္းရလဒ္မေကာင္းဘူးဆိုရင္ေတာ့ နည္းျပတစ္ေယာက္အေနနဲ႔ သူရဲ႕တာ ဝန္ကေန ထုတ္ပယ္ခံရတာမ်ိဳးေတြရွိလာပါတယ္။ လက္ရွိအခ်ိန္မွာ ရလဒ္မေကာင္းမႈေတြေၾကာင့္ လမ္းပတ္အေနနဲ႔ ခ်ဲလ္ ဆီးနည္းျပ ရာထူးကေန ထုတ္ပယ္ခံလိုက္ရၿပီပဲ ျဖစ္ပါတယ္။
ရာသီဝက္ေရာက္လာၿပီးျဖစ္လာတာေၾကာင့္ ၿပိဳင္ဆိုင္မႈျပင္းထန္လာခ်ိန္မွာ ရလဒ္မေကာင္းရင္ ထုတ္ပယ္ခံရမယ့္ နည္းျပ ေတြထဲမွာ လမ္းပတ္အၿပီး ေရပန္းအစားဆံုးနည္းျပကေတာ့ နယူးကာဆယ္နည္းျပ စတိဗ္ဘ႐ုစ္ပဲ ျဖစ္ပါတယ္။ နယူးကာ ဆယ္အေနနဲ႔ ေနာက္ဆံုးကစားခဲ့တဲ့ ပရီးမီးယားလိဂ္ေနာက္ဆံုး ၅ ပြဲဆက္ ရႈံးထားၿပီး အမွတ္ေပးဇယား အဆင့္-၁၆ ေနရာ ကို ေရာက္ရွိေနတာေၾကာင့္ စတိဗ္ဘ႐ုစ္အေနနဲ႔ ထုတ္ပယ္ခံရဖို႔ ေရပန္းစားေနတာပဲ ျဖစ္ပါတယ္။
ေရပန္းစားမႈေတြမွာေတာ့ နယူးကာဆယ္နည္းျပ စတိဗ္ဘ႐ုစ္က ၈ေလး ၁၅ေလး ၊ ရွက္ဖီးယူႏိုက္တက္နည္းျပ ခရစ္ဝိုင္ဒါ က ၅ေလး၁ေလး၊ ခရစၥတယ္ပဲေလ့စ္နည္းျပ ရြိဳင္းေဟာ့ဆန္က ၆ ေလး၁ေလး ၊ဘ႐ိုက္တန္နည္းျပ ဂေရဟမ္ေပၚတာက ၁၀ေလး၁ေလးနဲ႔ ဝက္စ္ဘရြန္းစ္အသင္းနည္းျပ ဆမ္အလာဒြိဳက္စ္က ၁၆ ေလး၁ေလး ဆိုၿပီး အသီးသီးရပ္တည္ေနတာပဲ ျဖစ္ပါတယ္။ ထုတ္ပယ္ခံရဖို႔ ေရပန္းအစားဆံုးျဖစ္ေနေပမယ့္ စတိဗ္ဘ႐ုစ္ကေတာ့ ၿပီးခဲ့တဲ့ပြဲစဥ္ေတြမွာ အသင္းအေနနဲ႔ ကစားပံုေကာင္းခဲ့ေပမယ့္ ကံမေကာင္းခဲ့ေၾကာင္း ေျပာဆိုသြားခဲ့ပါတယ္။