ဒေးဗစ်မိုယက်စ်လက်ထက်နောက်ပိုင်း အဆိုးအရွားဆုံး အိမ်ကွင်းစံချိန်ကို ရရှိသွားခဲ့ ယူနိုက်တက်အသင်း

ယူနိုက်တက်အသင်းဟာ ဒေးဗစ်မိုယက်စ်ကိုင်တွယ်ပြီးနောက်ပိုင်း အဆိုးအရွားဆုံး ပရီးမီးယားလိဂ်အိမ်ကွင်းစံချိန်ကို ရရှိသွားပြီဖြစ်ပါတယ်။ ဗုဒ္ဓဟူးနေ့က အမှတ်ပေးဇယားအောက်ဆုံး အသင်းဖြစ်တဲ့ ရှက်ဖီးယူနိုက်တက်ကို အိမ်ကွင်းမှာ (၂-၁) ရှုံးခဲ့ရတဲ့ ယူနိုက်တက်အသင်းဟာ အမှတ်ပေးဇယားထိပ်ကို တက်လှမ်းနိုင်မယ့် အခွင့်အရေးကိုပါ လက်လွှတ်ခဲ့ရပါတယ်။

ဒီရှုံးပွဲဟာ ယူနိုက်တက်အသင်း ဒီရာသီ အိုးထရက်ဖိုဒ့် အိမ်ကွင်း (၁၀) ပွဲအတွင်း (၄) ပွဲမြောက် ရှုံးပွဲပဲ ဖြစ်ပါတယ်။ ၂၀၁၃-၁၄ ဘောလုံးရာသီတုန်းက ဒေးဗစ်မိုယက်စ်ဟာ တစ်ရာသီစလုံးမှ အိမ်ကွင်း (၄) ပွဲ ပဲ ရှုံးခဲ့တာပါ။ ယူနိုက်တက်ဟာ အဲ့ဒီရာသီတုန်းက ဒေးဗစ်မိုယက်စ်လက်အောက်မှာ စုစုပေါင်း ရှုံးပွဲ (၆) ပွဲဖြစ်ပြီး တစ်ပွဲကတော့ ယာယီနည်းပြ ရိုင်ယန်ဂစ် လက်ထက်မှာပဲ ဖြစ်ပါတယ်။

ဆိုးလ်ရှားရဲ့အသင်း ဒီရာသီအိမ်ကွင်းရှုံးပွဲတွေကတော့ မနေ့က ရှက်ဖီးယူနိုက်တက်၊ ခရစ္စတယ်ပဲလေ့စ် ၊ စပါး နဲ့ အာဆင်နယ်အသင်းတို့ပဲ ဖြစ်ပါတယ်။ အိမ်ကွင်းစွမ်းဆောင်ရည်အတွက် အဆင့်သတ်မှတ်ချက်မှာ ယူနိုက်တက်အသင်းဟာ အဆင့် (၁၀) နေရာမှာ ရပ်တည်နေပေမယ့် အဝေးကွင်းမှာတော့ ယူနိုက်တက်ဟာ အခြားအသင်းတွေအားလုံးထက် အမှတ်အများဆုံး ရယူထားနိုင်ပါတယ်။

ေဒးဗစ္မိုယက္စ္လက္ထက္ေနာက္ပိုင္း အဆိုးအရြားဆံုး အိမ္ကြင္းစံခ်ိန္ကို ရရွိသြားခဲ့ ယူႏိုက္တက္အသင္း

ယူႏိုက္တက္အသင္းဟာ ေဒးဗစ္မိုယက္စ္ကိုင္တြယ္ၿပီးေနာက္ပိုင္း အဆိုးအရြားဆံုး ပရီးမီးယားလိဂ္အိမ္ကြင္းစံခ်ိန္ကို ရရွိသြားၿပီျဖစ္ပါတယ္။ ဗုဒၶဟူးေန႔က အမွတ္ေပးဇယားေအာက္ဆံုး အသင္းျဖစ္တဲ့ ရွက္ဖီးယူႏိုက္တက္ကို အိမ္ကြင္းမွာ (၂-၁) ရႈံးခဲ့ရတဲ့ ယူႏိုက္တက္အသင္းဟာ အမွတ္ေပးဇယားထိပ္ကို တက္လွမ္းႏိုင္မယ့္ အခြင့္အေရးကိုပါ လက္လႊတ္ခဲ့ရပါတယ္။

ဒီရႈံးပြဲဟာ ယူႏိုက္တက္အသင္း ဒီရာသီ အိုးထရက္ဖိုဒ့္ အိမ္ကြင္း (၁၀) ပြဲအတြင္း (၄) ပြဲေျမာက္ ရႈံးပြဲပဲ ျဖစ္ပါတယ္။ ၂၀၁၃-၁၄ ေဘာလံုးရာသီတုနး္က ေဒးဗစ္မိုယက္စ္ဟာ တစ္ရာသီစလံုးမွ အိမ္ကြင္း (၄) ပြဲ ပဲ ရႈံးခဲ့တာပါ။ ယူႏိုက္တက္ဟာ အဲ့ဒီရာသီတုန္းက ေဒးဗစ္မိုယက္စ္လက္ေအာက္မွာ စုစုေပါင္း ရႈံးပြဲ (၆) ပြဲျဖစ္ၿပီး တစ္ပြဲကေတာ့ ယာယီနည္းျပ ႐ိုင္ယန္ဂစ္ လက္ထက္မွာပဲ ျဖစ္ပါတယ္။

ဆိုးလ္ရွားရဲ႕အသင္း ဒီရာသီအိမ္ကြင္းရႈံးပြဲေတြကေတာ့ မေန႔က ရွက္ဖီးယူႏိုက္တက္၊ ခရစၥတယ္ပဲေလ့စ္ ၊ စပါး နဲ႔ အာဆင္နယ္အသင္းတို႔ပဲ ျဖစ္ပါတယ္။ အိမ္ကြင္းစြမ္းေဆာင္ရည္အတြက္ အဆင့္သတ္မွတ္ခ်က္မွာ ယူႏိုက္တက္အသင္းဟာ အဆင့္ (၁၀) ေနရာမွာ ရပ္တည္ေနေပမယ့္ အေ၀းကြင္းမွာေတာ့ ယူႏိုက္တက္ဟာ အျခားအသင္းေတြအားလံုးထက္ အမွတ္အမ်ားဆံုး ရယူထားႏိုင္ပါတယ္။