နော်ဝေမက်ဆီကို အာဆင်နယ်အသင်းအနေနဲ့ ရလိုက်တာဆိုပြီး ထုတ်ဖော်ပြောဆိုလိုက်တဲ့ ဟာလန်း


ဒေါ့မန်တိုက်စစ်မှူး ဟာလန်းက ရီးရဲလ်အသင်းရဲ့ ကွင်းလယ်လူ အိုဒီဂတ်ကို အာဆင်နယ်အသင်းအနေနဲ့ အဌားခေါ်ယူနိုင် ခဲ့တာဟာ နော်ဝေရဲ့မက်ဆီကို ရရှိခဲ့ခြင်းလို့ ပြောဆိုသွားခဲ့ပါတယ်။ ဟာလန်းက နော်ဝေနိုင်ငံလက်ရွေးစင်အသင်းဖော်ဖြစ် တဲ့ အိုဒီဂတ်အနေနဲ့ ကမ္ဘာ့အကောင်းဆုံးဘောလုံးသမား တစ်ဦးဖြစ်တဲ့ မက်ဆီလိုမျိုး ခြေစွမ်းရှိတဲ့သူဖြစ်တယ်လို့လည်း ဟာလန်းက ပြောဆိုခဲ့တာပဲ ဖြစ်ပါတယ်။


အာဆင်နယ်အသင်းကို ရောက်ရှိလာပြီးနောက် အိုဒီဂတ်က ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့က ပြုလုပ်တဲ့အသင်းရဲ့လေ့ကျင့်ခန်းအစီ အစဉ်မှာတော့ အသင်းနဲ့အတူ ပူးပေါင်းလေ့ကျင့်ခဲ့တယ်လို့ သိရပါတယ်။ သတင်းတွေရဲ့ဖော်ပြချက်အရတော့ အိုဒီဂတ်အ နေနဲ့ အာဆင်နယ်အသင်းရဲ့ကွင်းလယ်မှာ နေရာရဖို့အတွက် ခြေစွမ်းပြနေတဲ့ လူငယ်ကစားသမား စမစ်ရိုဝီနဲ့ အဓိကယှဉ် ပြိုင်ရဖို့ ရှိနေတယ်လို့လည်း သိရပါတယ်။


အာဆင်နယ်မီဒီယာအသင်းနဲ့ အင်တာဗျူးမှာတော့ အိုဒီဂတ်က “ ကျွန်တော်နာမည်က မာတင်အိုဒီဂတ်လို့ခေါ်ပါတယ်။ အခြားသူ တစ်ယောက်ရဲ့နေရာမှာ အစားထိုးဖို့ထက် ကျွန်တော်အရည်အချင်းတွေကို ပြသနိုင်ဖို့ပဲ လုပ်ဆောင်သွားမှာပါ” လို့ ပြောခဲ့ပြီး အာဆင်နယ်နည်းပြ အာတီတာကလည်း အိုဒီဂတ်ကို ခေါ်ယူနိုင်ခဲ့တဲ့အတွက် အသင်းရဲ့ကွင်းလယ်က ပိုပြီး ကောင်းလာမှာ ဖြစ်ကြောင်း ပြောသွားခဲ့ပါတယ်။

zawgyi version

ေနာ္ေဝမက္ဆီကို အာဆင္နယ္အသင္းအေနနဲ႔ ရလိုက္တာဆိုၿပီး ထုတ္ေဖာ္ေျပာဆိုလိုက္တဲ့ ဟာလန္း
ေဒါ့မန္တိုက္စစ္မွဴး ဟာလန္းက ရီးရဲလ္အသင္းရဲ႕ ကြင္းလယ္လူ အိုဒီဂတ္ကို အာဆင္နယ္အသင္းအေနနဲ႔ အဌားေခၚယူႏိုင္ ခဲ့တာဟာ ေနာ္ေဝရဲ႕မက္ဆီကို ရရွိခဲ့ျခင္းလို႔ ေျပာဆိုသြားခဲ့ပါတယ္။ ဟာလန္းက ေနာ္ေဝႏိုင္ငံလက္ေရြးစင္အသင္းေဖာ္ျဖစ္ တဲ့ အိုဒီဂတ္အေနနဲ႔ ကမ႓ာ့အေကာင္းဆံုးေဘာလံုးသမား တစ္ဦးျဖစ္တဲ့ မက္ဆီလိုမ်ိဳး ေျခစြမ္းရွိတဲ့သူျဖစ္တယ္လို႔လည္း ဟာလန္းက ေျပာဆိုခဲ့တာပဲ ျဖစ္ပါတယ္။
အာဆင္နယ္အသင္းကို ေရာက္ရွိလာၿပီးေနာက္ အိုဒီဂတ္က ၿပီးခဲ့တဲ့ဗုဒၶဟူးေန႔က ျပဳလုပ္တဲ့အသင္းရဲ႕ေလ့က်င့္ခန္းအစီ အစဥ္မွာေတာ့ အသင္းနဲ႔အတူ ပူးေပါင္းေလ့က်င့္ခဲ့တယ္လို႔ သိရပါတယ္။ သတင္းေတြရဲ႕ေဖာ္ျပခ်က္အရေတာ့ အိုဒီဂတ္အ ေနနဲ႔ အာဆင္နယ္အသင္းရဲ႕ကြင္းလယ္မွာ ေနရာရဖို႔အတြက္ ေျခစြမ္းျပေနတဲ့ လူငယ္ကစားသမား စမစ္႐ိုဝီနဲ႔ အဓိကယွဥ္ ၿပိဳင္ရဖို႔ ရွိေနတယ္လို႔လည္း သိရပါတယ္။
အာဆင္နယ္မီဒီယာအသင္းနဲ႔ အင္တာဗ်ဴးမွာေတာ့ အိုဒီဂတ္က “ ကၽြန္ေတာ္နာမည္က မာတင္အိုဒီဂတ္လို႔ေခၚပါတယ္။ အျခားသူ တစ္ေယာက္ရဲ႕ေနရာမွာ အစားထိုးဖို႔ထက္ ကၽြန္ေတာ္အရည္အခ်င္းေတြကို ျပသႏိုင္ဖို႔ပဲ လုပ္ေဆာင္သြားမွာပါ” လို႔ ေျပာခဲ့ၿပီး အာဆင္နယ္နည္းျပ အာတီတာကလည္း အိုဒီဂတ္ကို ေခၚယူႏိုင္ခဲ့တဲ့အတြက္ အသင္းရဲ႕ကြင္းလယ္က ပိုၿပီး ေကာင္းလာမွာ ျဖစ္ေၾကာင္း ေျပာသြားခဲ့ပါတယ္။