ဆိုးရွားတဲ့ ခံစစ်ကြောင်းကြောင့် ယူနိုက်တက်အနေနဲ့ ရှုံးပွဲတွေ့ခဲ့တာာ ဆိုပြီးပြစ်တင်ဝေဖန်ခဲ့တဲ့ ရီယိုဖာဒီနန်


ယူနိုက်တက်အသင်းရဲ့ ခံစစ်ကစားသမားဟောင်းတစ်ဦးဖြစ်တဲ့ ရီယိုဖာဒီနန်က ရှက်ဖီးယူနိုက်တက်ကို ရှုံးခဲ့တဲ့ပွဲအပြီးမှာ တော့ ဆိုးရွားတဲ့ ခံစစ်ကြောင်းကြောင့် ရှုံးခဲ့ရတာဖြစ်တယ်ဆိုပြီး ပြောသွားခဲ့ပါတယ်။ အစောပိုင်းနေ့မှာ ကစားခဲ့တဲ့ မန်စီး တီးက အနိုင်ရခဲ့တာကြောင့် ရှက်ဖီးယူနိုက်တက်ကို အနိုင်ရမှ အမှတ်ပေးဇယားကို ဦးဆောင်နိုင်မယ့် ယူနိုက်တက်ဟာ ရှုံး ပွဲတွေ့ခဲ့တာကြောင့် အမှတ်ပေးဇယားထိပ်ဆုံးနေရာကို ဦးဆောင်ခွင့်လက်လွှတ်ခဲ့ရတာပဲ ဖြစ်ပါတယ်။


BT Sport ရုပ်သံလိုင်းမှာ ဘောလုံးပွဲသုံးသပ်သူ တစ်ဦးအဖြစ်ဆောင်ရွက်နေတဲ့ ဖာဒီနန်က “ အခြားသူတွေက တိုက်စစ်မှာ ခြေစွမ်းမပြနိုင်တဲ့ မာရှယ်လ်ကို ပြစ်တင်ဝေဖန်နေတယ်ဆိုပေမယ့် တကယ်တမ်းက ခံစစ်သမားတွေပါ။ ဒီဂီယာကလည်း ဂိုး စည်းပေါ်မှာသာ ရှိနေပြီး နောက်တန်းလူတွေကလည်း လမ်းလျှောက်နေပါတယ်။ ကွင်းထဲမှာ ဘောလုံးကစားနေပြီး လမ်း လျှောက်နေတဲ့သူကို ကျွန်တော်အမုန်းဆုံးပါပဲ။ သူတို့ ဘာကြောင့် ဒီလိုကစားတယ်ဆိုတာကို နားမလည်နိုင်အောင်ပါပဲ” လို့ ပြောသွားခဲ့ပါတယ်။


ယူနိုက်တက်ဟာ ဒီရာသီပရီးမီးယားလိဂ်မှာ ရှုံးပွဲ ၄ ပွဲအထိ ရှိခဲ့တာဖြစ်ပြီး ဒီရှုံးပွဲအားလုံးဟာ အိမ်ကွင်းမှာပဲ ရှုံးခဲ့တာဖြစ်တာ ကြောင့် ဝေဖန်မှုတွေ ခံနေရတာလည်းဖြစ်ပါတယ်။ ရှက်ဖီးယူနိုက်တက်နဲ့ ပွဲစဉ်မှာ အိမ်ကွင်းမှာ ကစားရတာဖြစ်ပေမယ့် ယူနိုက်တက်အသင်းသားတွေအနေနဲ့ နိုင်လိုစိတ်ကင်းမဲ့နေတယ်လို့ ဖော်ပြခံခဲ့ရပြီး လိုအပ်တဲ့အားစိုက်ထုတ်မှုတွေ မလုပ် ဆောင်ခဲ့ဘူးလို့လည်း သတင်းတွေက ရေးသားဖော်ပြခဲ့ကြပါတယ်။

zawgyi version

ဆိုးရြားတဲ့ ခံစစ္ေၾကာင္းေၾကာင့္ ယူႏိုက္တက္အေနနဲ႔ ရႈံးပြဲေတြ႕ခဲ့တာာ ဆိုၿပီးျပစ္တင္ေဝဖန္ခဲ့တဲ့ ရီယိုဖာဒီနန္
ယူႏိုက္တက္အသင္းရဲ႕ ခံစစ္ကစားသမားေဟာင္းတစ္ဦးျဖစ္တဲ့ ရီယိုဖာဒီနန္က ရွက္ဖီးယူႏိုက္တက္ကို ရႈံးခဲ့တဲ့ပြဲအၿပီးမွာ ေတာ့ ဆိုးရြားတဲ့ ခံစစ္ေၾကာင္းေၾကာင့္ ရႈံးခဲ့ရတာျဖစ္တယ္ဆိုၿပီး ေျပာသြားခဲ့ပါတယ္။ အေစာပိုင္းေန႔မွာ ကစားခဲ့တဲ့ မန္စီး တီးက အႏိုင္ရခဲ့တာေၾကာင့္ ရွက္ဖီးယူႏိုက္တက္ကို အႏိုင္ရမွ အမွတ္ေပးဇယားကို ဦးေဆာင္ႏိုင္မယ့္ ယူႏိုက္တက္ဟာ ရႈံး ပြဲေတြ႕ခဲ့တာေၾကာင့္ အမွတ္ေပးဇယားထိပ္ဆံုးေနရာကို ဦးေဆာင္ခြင့္လက္လႊတ္ခဲ့ရတာပဲ ျဖစ္ပါတယ္။
BT Sport ႐ုပ္သံလိုင္းမွာ ေဘာလံုးပြဲသံုးသပ္သူ တစ္ဦးအျဖစ္ေဆာင္ရြက္ေနတဲ့ ဖာဒီနန္က “ အျခားသူေတြက တိုက္စစ္မွာ ေျခစြမ္းမျပႏိုင္တဲ့ မာရွယ္လ္ကို ျပစ္တင္ေဝဖန္ေနတယ္ဆိုေပမယ့္ တကယ္တမ္းက ခံစစ္သမားေတြပါ။ ဒီဂီယာကလည္း ဂိုး စည္းေပၚမွာသာ ရွိေနၿပီး ေနာက္တန္းလူေတြကလည္း လမ္းေလွ်ာက္ေနပါတယ္။ ကြင္းထဲမွာ ေဘာလံုးကစားေနၿပီး လမ္း ေလွ်ာက္ေနတဲ့သူကို ကၽြန္ေတာ္အမုန္းဆံုးပါပဲ။ သူတို႔ ဘာေၾကာင့္ ဒီလိုကစားတယ္ဆိုတာကို နားမလည္ႏိုင္ေအာင္ပါပဲ” လို႔ ေျပာသြားခဲ့ပါတယ္။
ယူႏိုက္တက္ဟာ ဒီရာသီပရီးမီးယားလိဂ္မွာ ရႈံးပြဲ ၄ ပြဲအထိ ရွိခဲ့တာျဖစ္ၿပီး ဒီရႈံးပြဲအားလံုးဟာ အိမ္ကြင္းမွာပဲ ရႈံးခဲ့တာျဖစ္တာ ေၾကာင့္ ေဝဖန္မႈေတြ ခံေနရတာလည္းျဖစ္ပါတယ္။ ရွက္ဖီးယူႏိုက္တက္နဲ႔ ပြဲစဥ္မွာ အိမ္ကြင္းမွာ ကစားရတာျဖစ္ေပမယ့္ ယူႏိုက္တက္အသင္းသားေတြအေနနဲ႔ ႏိုင္လိုစိတ္ကင္းမဲ့ေနတယ္လို႔ ေဖာ္ျပခံခဲ့ရၿပီး လိုအပ္တဲ့အားစိုက္ထုတ္မႈေတြ မလုပ္ ေဆာင္ခဲ့ဘူးလို႔လည္း သတင္းေတြက ေရးသားေဖာ္ျပခဲ့ၾကပါတယ္။