ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ဖို့က လက်တွေ့ကျကျလုပ်ဆောင်ရမယ်လို့ ဝုဗ်နဲ့ ဂိုးမရှိသရေကျအပြီးပြောခဲ့တဲ့ နည်းပြ တူချယ်


ချဲလ်ဆီးအသင်းနည်းပြဖြစ်လာပြီးနောက် ပထမဆုံးကိုင်တွယ်ခဲ့တဲ့ ဝုလ်ဗာဟမ်တန်နဲ့ပွဲစဉ်မှာ ဂိုးမရှိသရေကျခဲ့ပြီးနောက် နည်းပြတူချယ်က အသင်းအနေနဲ့ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ဖို့ဆိုရင် လက်တွေ့ကျကျလုပ်ဆောင်နိုင်ဖို့ လိုကြောင်းဝန်ခံ ပြောဆိုသွားခဲ့ပါတယ်။ ချဲလ်ဆီးဟာ ဝုလ်ဗာဟမ်တန်နဲ့ပွဲစဉ်မှာ ဘောလုံးပိုင်ဆိုင်မှု ၇၉ ရာခိုင်နှုန်းအထိရရှိခဲ့ပေမယ့် လိုအပ်နေတဲ့ အနိုင်ဂိုးရအောင် သွင်းယူနိုင်ခြင်းမရှိတာကြောင့် ဂိုးမရှိသရေကျခဲ့တာပဲ ဖြစ်ပါတယ်။


လက်ရှိမှာ အမှတ်ပေးဇယား အဆင့်-၈ နေရာမှာရှိနေပြီး ထိပ်ဆုံးကဦးဆောင်နေတဲ့ မန်စီးတီးနဲ့ ၁၁ မှတ် ၊ ချန်ပီယံလိဂ်ဝင် ခွင့်နေရာနဲ့ ၅ မှတ်ကွာဟနေတယ်ဆိုပေမယ့် ရာသီအကုန်မှာ ချန်ပီယံဖြစ်ဖို့ဆိုရင် လက်ကျန်ပွဲစဉ်တွေမှာ ချဲလ်ဆီးအသင်း အနေနဲ့ လက်တွေ့ကျကျလုပ်ဆောင်သွားနိုင်ဖို့ လိုအပ်တယ်ဆိုပြီးတော့လည်း တူချယ်က ဝန်ခံသွားခဲ့တာပဲဖြစ်ပါတယ်။ ချဲလ်ဆီးဟာ လာမယ့်ပရီးမီးယားလိဂ်ပွဲစဉ်မှာတော့ ဘန်လေအသင်းကို အိမ်ကွင်းမှာ လက်ခံကစားရမှာပဲ ဖြစ်ပါတယ်။


ပွဲအပြီးပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာတော့ တူချယ်က “ ဒီနေ့ပွဲကစားပြီးချိန်မှာ အသင်းရဲ့စွမ်းဆောင်ရည်ကို တွေ့ခဲ့ရ တာက အံအားသင့်စေခဲ့ပါတယ်။ အကောင်းဆုံးလုပ်ဆောင်နိုင်ခဲ့ပြီး အခွင့်အရေးတွေရခဲ့ပေမယ့် အနိုင်ရရှိခဲ့ခြင်းမရှိတာ တစ်ခုပဲ ရှိပါတယ်။ လာမယ့်ပွဲစဉ်တိုင်းအတွက် အကောင်းဆုံးဖြစ်အောင် ပြင်ဆင်သွားမှာပါ။ ချန်ပီယံဖြစ်ဖို့ဆိုရင် တစ်ပွဲချင်း စီကို အာရုံစိုက်ပြီး လက်တွေ့ကျကျလုပ်ဆောင်သွားနိုင်ဖို့ လိုအပ်ပါတယ်” ဆိုပြီး ပြောသွားခဲ့ပါတယ်။

zawgyi version

ပရီးမီးယားလိဂ္ခ်န္ပီယံျဖစ္ဖို႔က လက္ေတြ႕က်က်လုပ္ေဆာင္ရမယ္လို႔ ဝုဗ္နဲ႔ ဂိုးမရွိသေရက်အၿပီးေျပာခဲ့တဲ့ နည္းျပ တူခ်ယ္
ခ်ဲလ္ဆီးအသင္းနည္းျပျဖစ္လာၿပီးေနာက္ ပထမဆံုးကိုင္တြယ္ခဲ့တဲ့ ဝုလ္ဗာဟမ္တန္နဲ႔ပြဲစဥ္မွာ ဂိုးမရွိသေရက်ခဲ့ၿပီးေနာက္ နည္းျပတူခ်ယ္က အသင္းအေနနဲ႔ ပရီးမီးယားလိဂ္ခ်န္ပီယံျဖစ္ဖို႔ဆိုရင္ လက္ေတြ႕က်က်လုပ္ေဆာင္ႏိုင္ဖို႔ လိုေၾကာင္းဝန္ခံ ေျပာဆိုသြားခဲ့ပါတယ္။ ခ်ဲလ္ဆီးဟာ ဝုလ္ဗာဟမ္တန္နဲ႔ပြဲစဥ္မွာ ေဘာလံုးပိုင္ဆိုင္မႈ ၇၉ ရာခိုင္ႏႈန္းအထိရရွိခဲ့ေပမယ့္ လိုအပ္ေနတဲ့ အႏိုင္ဂိုးရေအာင္ သြင္းယူႏိုင္ျခင္းမရွိတာေၾကာင့္ ဂိုးမရွိသေရက်ခဲ့တာပဲ ျဖစ္ပါတယ္။
လက္ရွိမွာ အမွတ္ေပးဇယား အဆင့္-၈ ေနရာမွာရွိေနၿပီး ထိပ္ဆံုးကဦးေဆာင္ေနတဲ့ မန္စီးတီးနဲ႔ ၁၁ မွတ္ ၊ ခ်န္ပီယံလိဂ္ဝင္ ခြင့္ေနရာနဲ႔ ၅ မွတ္ကြာဟေနတယ္ဆိုေပမယ့္ ရာသီအကုန္မွာ ခ်န္ပီယံျဖစ္ဖို႔ဆိုရင္ လက္က်န္ပြဲစဥ္ေတြမွာ ခ်ဲလ္ဆီးအသင္း အေနနဲ႔ လက္ေတြ႕က်က်လုပ္ေဆာင္သြားႏိုင္ဖို႔ လိုအပ္တယ္ဆိုၿပီးေတာ့လည္း တူခ်ယ္က ဝန္ခံသြားခဲ့တာပဲျဖစ္ပါတယ္။ ခ်ဲလ္ဆီးဟာ လာမယ့္ပရီးမီးယားလိဂ္ပြဲစဥ္မွာေတာ့ ဘန္ေလအသင္းကို အိမ္ကြင္းမွာ လက္ခံကစားရမွာပဲ ျဖစ္ပါတယ္။
ပြဲအၿပီးျပဳလုပ္တဲ့သတင္းစာရွင္းလင္းပြဲမွာေတာ့ တူခ်ယ္က “ ဒီေန႔ပြဲကစားၿပီးခ်ိန္မွာ အသင္းရဲ႕စြမ္းေဆာင္ရည္ကို ေတြ႕ခဲ့ရ တာက အံအားသင့္ေစခဲ့ပါတယ္။ အေကာင္းဆံုးလုပ္ေဆာင္ႏိုင္ခဲ့ၿပီး အခြင့္အေရးေတြရခဲ့ေပမယ့္ အႏိုင္ရရွိခဲ့ျခင္းမရွိတာ တစ္ခုပဲ ရွိပါတယ္။ လာမယ့္ပြဲစဥ္တိုင္းအတြက္ အေကာင္းဆံုးျဖစ္ေအာင္ ျပင္ဆင္သြားမွာပါ။ ခ်န္ပီယံျဖစ္ဖို႔ဆိုရင္ တစ္ပြဲခ်င္း စီကို အာရံုစိုက္ၿပီး လက္ေတြ႕က်က်လုပ္ေဆာင္သြားႏိုင္ဖို႔ လိုအပ္ပါတယ္” ဆိုၿပီး ေျပာသြားခဲ့ပါတယ္။